This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, June 1, 2013

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း


ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၁)
ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကောက်ကြောင်းတွေ နည်းမျိုးစုံဆွဲနေကြတာတွေ ကြားသိမြင်တွေ့ နေရတယ်။ ဗုဒ္ဓဘာသာဆိုတာ သီလ၊ သမာဓိ၊ ပညာလို့ပြောသူကပြော၊ ကျင့်နေရမယ့်ဘာသာလို့ဆိုသူကဆို၊ ဒါနတွေ သီလတွေက အကာတွေ လို့ အော်သူက အော်၊ ရွတ်နေဖတ်နေတာတွေဟာ တန်ဖိုးမရှိသယောင် အရွတ်က အသားလောက်မကောင်းဘူးလို့ ခနဲ့သူကခနဲ့၊ သင်ပြီး မကျင့်ရင် နွားကျောင်းသားနဲ့တူတယ်၊ နွားသာကျောင်းရတယ် သူ့ခမျာနွားနို့မသောက်ရရှာဘူးလို့ ကဲ့ရဲ့သူက ကဲ့ရဲ့၊ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ မေတ္တာပို့ခြင်း စတဲ့သမထလုပ်ငန်းတွေလုပ်တာဟာ နိဗ္ဗာန်မရောက်ဘူးလို့ ပြောသူကပြောနဲ့ ဒို့ဗုဒ္ဓဘာသာ တွေ ဘာလုပ်လို့လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်နေကြတာ တွေ့နေရတယ်။ အချိန်ရှိသမျှ တရားပဲထိုင်နေရ တော့မလို ဖြစ်နေကြလေရဲ့။ မေးခွန်းလေးတစ်ခုတော့ မေးလိုက်ချင်တယ်။ တရားထိုင်လို့ကော နိဗ္ဗာန်ရောက်မှာ သေချာရဲ့လားလို့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ နိဗ္ဗာန်ရောက်မှာ သေချာပြီ၊ စိတ်ချရပြီဆိုရင်တော့ ဘာမှလုပ်မနေနဲ့တော့၊ တရားသာထိုင်နေလိုက်ပါ။ မသေချာသေးဘူးဆိုရင် ဗုဒ္ဓဘာသာကို ဘက်စုံ ရှုထောင့်စုံမှ နားလည်အောင် လုပ်ထားသင့်ပါတယ်။ ဗုဒ္ဓဘာသာသည် လူသားအကျိုးပြု၊ လောကအကျိုးပြုဘာသာတစ်ခုဖြစ်ပါတယ်။ လူသားတို့ရဲ့ အားထားကိုးကွယ် ရာဘာသာလဲ ဖြစ်ပါတယ်။ နေ့စဉ်လူနေမှုဘ၀မှာ ကောင်းကျိုးပြုပေးနိုင်သလို အန္တရာယ်တွေကင်းအောင်လဲ ယုံကြည်မှုကပေးစွမ်းပါတယ်။ မေတ္တာပို့တယ်၊ အမျှဝေတယ်၊ ဘုရားဟောဂါထာတွေ ပရိတ်တွေ ပဌာန်းတွေ ကိုယ်နိုင်သလောက်ရွတ်ဖတ်တယ်ဆိုရင် ကိုယ့်အတွက် လူချစ် နတ်ချစ်လို့ ကိုယ့်အပေါ်မှာ ကျရောက်မယ့် မြင်ရတဲ့အန္တရာယ်တွေရော၊ မမြင်ရတဲ့အန္တရာယ်တွေပါ အကာအကွယ်ရသွားတာဟာ လက်တွေ့ကောင်းကျိုး တွေပါ။ ဘုရားရှိခိုးခြင်း ပုတီးစိပ်ခြင်းကြောင့် နတ်လူအလေးစားခံရ အပူဇော်ခံရတာတွေဟာလဲ ဗုဒ္ဓဘာသာရဲ့ အားသာချက်တစ်ခုပါပဲ။ ဒါနပြုလို့ အောင်မြင်ကျော်ကြား ကြီးပွားချမ်းသာနေကြတာဟာ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ပါပဲ။ ဒီနေရာမှာ ဒါနဆိုတာကိုလဲ နားလည်ထားဖို့လိုသေးတယ်။ ဘုရားလှူမှ ကျောင်းကန်လှူမှ ဘုန်းကြီး လှူမှ ဒါနလို့ ဒို့မြန်မာတွေနားလည်နေကြတာဟာ ပြည့်စုံတဲ့နားလည်မှုမဟုတ်ပါဘူး။ သမ္မာအာဇီဝ ကျကျ ရှာဖွေရရှိထားတဲ့ စီးပွားဥစ္စာနဲ့ မိသားစုကို ကျွေးမွေးထောက်ပံ့တာ၊ ကိုယ့်ဆွေမျိုးတွေကို ပေးကမ်းကူညီတာ၊ ကိုယ့်ရပ်ကိုယ့်ရွာ သာယာရေး ဆောင်ရွက်ပေးတာ၊ တတ်နိုင်ရင် ကိုယ့်တိုင်းကိုယ့်ပြည် စည်ပင်အောင် နိုင်သလောက်ဆောင်ရွက်တာကအစ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးစွန့်တဲ့ပေးကမ်းမှုမျိုး တွေဟာ ဒါနတွေပါပဲ။ ဒီလိုစိတ်ထားတွေ ထားတတ်လာအောင် ကြိုးစားလာရင်းနဲ့ ဒါနအားသန်တဲ့သူဖြစ်လာရင် လောကမှာ ထင်ပေါ်ကျော်ကြား ကြီးပွားအောင်မြင်လာမှာ သေချာပါတယ်။ လုပ်သမျှ အဆင်ပြေချောမောပြီး တိုးတက်လာမှာပါပဲ။ ဒါမျိုးတွေပြောနေရင် ၀ိပဿနာသမားများက ဒါတွေဟာ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ဘူးလို့ ဇွတ်တရွတ်ပြောကောင်းပြောကြလိမ့်မယ်။ နိဗ္ဗာန်မှာတော့ ဂုဏ်တွေ ပကာသနတွေ မရှိပါဘူး။ လောကမှာတော့ ဒါတွေနဲ့လူလုပ်နေကြရတာပါ။ ဂုဏ်ရှိမှ ပကာသနရှိမှ ကြီးပွားမှ ချမ်းသာမှ လူသူအလေးစား ခံကြရတာဟာ လောက ဓမ္မတာပါပဲ။ လောကကြီးကို မစွန့်ခွါနိုင်သေးဘူးဆိုရင် ဒါတွေကိုလဲ ဘေးဖယ်ထားလို့ မရပါဘူး။ ဆင်းဆင်းရဲရဲ မွဲမွဲတေတေနဲ့ နိဗ္ဗာန်ဝင်ရတာနဲ့ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့နိဗ္ဗာန်ဝင်ရတာ ကတော့ အကွာကြီးကွာသွားပါလိမ့်မယ်။ ဘုရားရှင်ရဲ့ အလိုကျဆိုရင် လူသားတွေကို ကြီးပွားစေချင်တယ်၊ ချမ်းသာစေချင်တယ်၊ တိုးတက်စေချင်တယ်၊ ပြီးတော့ နိဗ္ဗာန်လဲ ရစေချင်တယ်။ လောကကြီးပွားရေး၊ သတ္တ၀ါတွေငြိမ်းချမ်းသာယာရေးတွေ ဦးစားပေးပြီး လူသားအကျိုးပြုလုပ်ငန်းတွေ ဘုရားအလောင်းတော် ဘ၀က သက်စွန့်ဆံဖျားကြိုးပမ်းခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ်။ လောကကြီးပွားရေးဘေးဖယ်ကြီး နိဗ္ဗာန်ရရေး လောက်သာ အဓိကထားလုပ်နေကြမယ်ဆိုရင် လောကကြီးအတွင်း လူဖြစ်လာရကျိုး နပ်မှာမဟုတ်ပါဘူး။ ကြီးပွားမှုလဲကင်း နိဗ္ဗာန်လဲ ရောက်အောင်မချဉ်းကပ်နိုင်တော့ နောက်ဘ၀များ ဘယ်ပုံစံနဲ့ ဆက်သွားမလဲ ဆိုတာ နဲနဲလေး တွေးခေါ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၂)
ဗုဒ္ဓဘာသာမှာ ဒါနဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့် ဘောင်ခတ်ကန့်သတ်ထားလေ့ရှိကြ၏။ ဘယ်လိုပုဂ္ဂိုလ် လှူမှမြတ်တယ် စသည်ဖြင့်ပေါ့။ မြတ်မှလှူမယ်ဆိုလျှင် ကိုယ်ကျိုးငဲ့တဲ့အလှူဖြစ်နေတာကို သတိထားသင့်ပါတယ်။ မိမိကောင်းကျိုးထက် လောကကောင်းကျိုး အများကောင်းကျိုး အတွက် ထိရောက်မှုရှိမယ်ဆိုလျှင် လှူသင့်တာပါပဲ။ ဥပမာပြောရရင် ဘုရားတည်၊ ကျောင်းဆောက် အလုပ်တွေတော့ အများကြီးလုပ်ပါတယ်၊ ကိုယ့်အိမ်ဘေးက ဆေးကုစရိတ်မရှိရှာလို့ သေရတော့မယ်ဆိုတဲ့လူနာ၊ ဆေးဖိုးလေး တစ်သောင်း နှစ်သောင်းလောက်ထုတ်ပေး လိုက်ရင် သူအသက်မသေနိုင်ဘူးလို့ သိရတဲ့လူနာကို လက်ပိုက်ကြည့်နေတယ်ဆိုရင် ဒင်းဒိုက်နဲ့ဒင်းကံ သေသာ သေလိုက်တော့ ဆိုတဲ့သဘော သက်ရောက်သွားတယ်။ ကိုယ့်အတွက် တစ်သောင်းနှစ်သောင်းဟာ မပြောပလောက်ပေမယ့် အဲဒီလူနာအတွက်မှာတော့ အသက်ဘေးကလွတ်မြောက် သွားနိုင်တယ်လေ။ ဒါဆိုရင် ကိုယ့်အတွက်တော့ ဘုရားလှူတာလောက် မြတ်ချင်မှမြတ်မှာပေါ့။ သူ့အတွက်ကျတော့ တန်ဖိုးမဖြတ်နိုင်တော့ဘူး။ လူသားတို့ရဲ့ ဘ၀ အခက်အခဲတွေကို ပညာရှိနည်းနဲ့ဖြစ်စေ ငွေကြေးအထောက်အပံ့နဲ့ဖြစ်စေ ကူညီပေးမယ်ဆိုရင် ကောင်းမြတ်တဲ့ ဒါနသဘောတရား အခြေခံတွေပါပဲ။ မာဃလုလင်နဲ့လုလင် သုံးကျိတ်သုံးယောက်တို့ ဇာတ်လမ်းဟာ လောကကောင်းကျိုး ပြုလုပ်ငန်းတွေကို ဗုဒ္ဓဘာသာက မီးမောင်းထိုးပြနေတာပါ။ လမ်းတွေဖောက်တယ်၊ တံတားတွေ ဆောက်တယ်၊ ဥယျာဉ်တွေစိုက်ပျိုးတယ်၊ အရိပ်ရသစ်ပင်တွေစိုက်ပျိုးတယ်၊ ဇရပ်တွေဆောက်တယ်၊ ရေကန်တွေတူးတယ်ဆိုတာ ပရဟိတစိတ်ဓာတ်တွေပေါ့။ ဒီလိုပရဟိတစိတ်ဓာတ်နဲ့ အများကောင်းကျိုး ကိုယ်စားပြုနေကြတဲ့ ဗုဒ္ဓဘာသာတွေဟာ အများကြီးပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ငန်းတွေကိုကျတော့ နိဗ္ဗာရောက်ကြောင်းမဟုတ်ဘူးလို့ ပယ်ချလိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာဟာ လောကကောင်းကျိုးအတွက် ဘာမှအားကိုးလို့ မရတော့တဲ့ဘက်ကို စောင်းသွားတယ်။ ဘုရားအလောင်းတော်ကြီးဟာ ပါရမီတွေ ကမ္ဘာကုဋေချီလို့ ဖြည့်ဆည်းခဲ့တယ်ဆိုတာ လောကကောင်းကျိုးတွေ ကိုယ်စားပြုပြသွားတာပါ။ လောကကြီးအတွက် အသက်ပေးခဲ့တဲ့သာဓကတွေ၊ သတ္တ၀ါတွေကို အသက်ပေး ကာကွယ်ခဲ့တဲ့ သာဓကတွေ ဇာတ်တော်တွေမှာ များစွာရှိပါတယ်။ ဒီလိုအများကောင်းကျိုးတွေ ဆောင်ရွက်ကြရင်းနဲ့ပဲ လောကကြီးလဲတိုးတက်၊ ကိုယ့်ဘ၀လဲ ရင့်ကျက် နောက်ပိုင်းမှာ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန် အချိန်တန်တော့ ရောက်သွားကြတာပါပဲ။ ဗုဒ္ဓဘာသာအပေါ်မှာ နားလည်မှုတွေ မတည့်မတ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ကမ္ဘာမှာ ထိပ်တန်းမရောက်နိုင်ခဲ့ကြတာပဲလို့ သုံးသတ်နေမိပါတယ်။ ခေတ်ပေါ်နည်းပညာတွေ တိုးတက်ပြောင်းလဲနေသော်လည်း အဲဒီလို တိုးတက်အောင် ပြောင်းလဲအောင် စွမ်းဆောင်တဲ့အထဲမှာ ဗုဒ္ဓဘာသာတွေပါဝင်တဲ့ အခန်းကဏ္ဍက တော်တော်နဲနေတာတွေ့ရတယ်။ နောက်ကောက်ကျနေတဲ့ သဘောဆောင်နေတယ်။ ဒါဟာ ဘုရားဟောတရားတော်တွေကြောင့် မဟုတ်ဘဲ ဘုရားဟောတရားတော်တွေကို ခံယူကျင့်သုံးတဲ့နေရာမှာ မတည့်မတ်တာကြောင့်ဖြစ်နေတာပါ။ ခေတ်ပညာတွေ တတ်အောင်သင်၊ တီထွင် ကြံဆ ကြိုးပမ်းကြမယ်ဆိုရင် ဒါဟာ လောကကောင်းကျိုးပြု လုပ်ငန်းတွေအဖြစ် ဦးတည်သွားပြီး ဗုဒ္ဓအလိုကျလဲဖြစ်လာမှာပါ။ ပထမ ကိုယ်ကိုယ်တိုင်တိုးတက်အောင်လုပ်၊ ဒါဆို ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်လဲ တိုးတက်လာမှာပေါ့။ ပြီးရင် ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်တိုင်းပြည် တိုးတက်အောင်လုပ်။ ဒီလိုလုပ်တာဟာ အတ္တကို တဖြည်းဖြည်းချင်း နဲပါးအောင်လုပ်နေတာပါပဲ။ ပထမတော့ အတ္တအခြေခံနဲ့စခဲ့တယ်။ နောက်ပိုင်း အများကောင်းကျိုးဘက်ကို ဦးလှည့်လိုက်တဲ့အခါမှာ အတ္တက အလိုလိုပျောက်သွားတယ်။ ကိုယ်ကျိုးစွန့်လုပ်ငန်းတွေ ဖြစ်လာတော့တာပါပဲ။ ကိုယ့်ဘ၀တစ်သက်တာမှာ လောကကြီးကောင်းစားရေး၊ အများကောင်းစားရေး ဘယ်လောက် စွမ်းဆောင်ပေးနိုင်ခဲ့သလဲဆိုတဲ့ ပေတံနဲ့ ဘ၀ကို စံထားတိုင်းတာလိုက်ပါ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ Dr. V. Parami
Posted by Mya Kyun Thar at 6:57 PM 0 comments
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၃)
ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ သာမာန်နေ့စဉ်ဘ၀တွင် ကျင့်သုံး နေကြသည့် အလေ့အကျင့်များကို ကုသိုလ်တော့ ရသည်၊ နိဗ္ဗာန်မရဟုဆိုကာ ကပျက်ကချော် ပြောဟောသွန်သင် နေကြသော ဓမ္မကထိက များလည်း ယနေ့ခေတ်တွင် တော်တော်ထွန်းကား ရေပန်းစားလျက် လူကြိုက်များ နေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာဆန်းစစ်မယ် ဆိုရင် ကောင်းမြတ်တဲ့ အလေ့အကျင့်တွေဟာလည်း တစ်ဖက်တစ်လမ်းမှ အနှစ်သာရအနေဖြင့် တည်ရှိနေတာကို တွေ့ရပါတယ်။ ဘုရားစာ ရွတ်ဖတ်တာဟာ ကိုယ်နားမလည် ပေမယ့် စေတနာကောင်းကောင်းဖြင့် ရွတ်ဖတ်မယ် ဆိုရင် ကောင်းကျိုး တွေပေးနေတာပါပဲ။ ဘုရားရှင်ကို သိကြားမင်းက ဂါထာနဲ့ရွတ်ဖတ် ပူဇော်တာတွေ၊ အရှင်သောဏမထေရ်ကို ဘုရားရှင်က အရွတ်အဖတ်ကောင်းလို့ ကောင်းချီးပေးခဲ့တာတွေ၊ ဖားနတ်သားဟာ ပဌာန်းသံကို နားမလည်ပါပဲလျက် နားထောင်ကောင်း၍ နားထောင်နေစဉ် နွားကျောင်းသား တုတ်ဖြင့်ထောက်မိ၍ သေသွားတော့ နတ်ပြည်မှာ ဖားနတ်သားဖြစ်သွားတဲ့ သာဓက၊ လင်းနို့သားငါးရာ ရဟန်းတွေရွတ်တဲ့ပဌာန်းတရားကို အမြဲ နားထောင်နေခဲ့ရတဲ့ ကျေးဇူးကြောင့် ဒီဘုရားရှင်လက်ထက် အရှင်သာရိပုတ္တရာထံမှ ပဌာန်းတရားနာကြားရပြီး ရဟန္တာဖြစ်သွားတာတွေ စသည်ဖြင့် သာဓကတွေများစွာ ရှိပါတယ်။ နန္ဒမင်းသားမှ ရဟန်းဖြစ်လာသော အရှင်နန္ဒဟာလည်း နတ်သမီးရချင်လို့ ဘုရားပေးတဲ့ဂါထာ ရွတ်နေရင်းနဲ့ ရဟန္တာဖြစ်သွားခဲ့တာ အထင်အရှားပါပဲ။ ကိုယ်နှစ်သက်တဲ့ပါဠိတော်တွေ ပဌာန်းဖြစ်စေ၊ ဓမ္မစကြာဖြစ်စေ၊ ပရိတ်ဖြစ်စေပေါ့။ ရွတ်ဆိုခြင်းဟာ နားပင်မလည်သော်လည်း အကျိုးမယုတ်ပါဘူး။ ဘုရားရှင်ရဲ့နှုတ်တော်ထွက်စကားတော်တွေ ဖြစ်တာကြောင့် ဘုရားရှင်ရဲ့ အသံတော်တွေ ကိုယ့်သန္တာန်မှာ ကိန်းအောင်းလာတာပေါ့။ ကိုယ့်သန္တာန်ဟာ ဘုရားလည်း ကိန်း၊ တရားလည်းကိန်းတော့ မြင့်မြတ်တဲ့ အသွင်သို့ ကူးပြောင်းလာတာပါ။ ပြောချင်တာက ရွတ်ဖတ်ခြင်း၊ ပူဇော်ခြင်းဖြင့်လည်း ကောင်းကျိုးရတယ်၊ ဆိုးကျိုးမဖြစ်ဘူးဆိုတာပါ။ ပြီးတော့ ရွတ်ဖတ်တာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အစဉ်အလာ တစ်ရပ်လည်း ဖြစ်တယ်ဆိုတာပါပဲ။ ဒါကို နိဗ္ဓာန်ရောက်ကြောင်းမဟုတ်လို့ မလုပ်သင့်ဘူးလို့ ပယ်လိုက်မယ်ဆိုရင် ကောင်းမြတ်တဲ့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာတွေ ကျိုးပဲ့ပျက်စီး သွားတော့မယ်လေ။
ရှိခိုးခြင်း၊ ဦးချခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပေးခြင်းဆိုတာဟာ ဗုဒ္ဓဘာသာရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေပါ။ ဘုရား၊ ပုထိုး၊ စေတီ၊ ဆင်းတု စသည်ကိုတွေ့လျှင် မိမိတို့နားလည်သည့်ဘာသာနဲ့ ရှိခိုးမယ်၊ ဂုဏ်တော်ပါဠိရွတ်ဆို ရှိခိုးမယ်ဆိုရင် ယဉ်ကျေးမှုရှိတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီပေါ့။ ဆွမ်းတော်ကပ်မယ်၊ ရေတော်ကပ်မယ်၊ ဆီမီးနဲ့ပူဇော်မယ်ဆိုရင် ဗုဒ္ဓကို ရိုသေရာရောက်ပါတယ်။ လေးစားရာလည်း ရောက်ပါတယ်။ ကြည်ညိုရာလည်း ရောက်ပါတယ်။ ကိုးကွယ်ရာလည်း ရောက်ပါတယ်။ ရဟန်းတော်တွေတွေ့တော့လည်း လက်အုပ်ချီသင့်တဲ့နေရာမှာ လက်အုပ်ချီ၊ ဦးချသင့်တဲ့နေရာမှာ ဦးချ၊ ပူဇော်သင့်တဲ့နေရာမှာ ပူဇော်၊ သက်ကြီးရွယ်အို၊ ဆရာသမား၊ ဘိုးဘွားမိဘ စသည်တို့အပေါ်မှာလည်း ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပေးခြင်းဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှု အစစ်ဖြစ်ပါတယ်။ ရိုသေခြင်း၊ ကိုင်းညွတ်ခြင်းဖြင့် ဂုဏ်မသိမ်ပါဘူး၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုလိုက်နာသူဖြစ်လို့ ဂုဏ်ပင်တက်ပါတယ်။ လူချစ်လူခင် ပေါလာမယ်၊ ရိုသေလေးစားသူတွေ များလာမယ်။ တကယ်လိုက်နာကြည့်လျှင် တကယ်လက်တွေ့ ရရှိနိုင်တဲ့အကျိုးတရားတွေပါ။ ဒီယဉ်ကျေးမှုတွေကို နိဗ္ဓာန်ရောက်ကြောင်းမဟုတ်လို့သာ ပယ်လိုက်ကြမယ်ဆိုရင် ဗုဒ္ဓဘာသာဟာ ယဉ်ကျေးမှုကင်းမဲ့တဲ့ ဘာသာတစ်ရပ်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ပုတီးစိပ်တာကိုလည်း အပြင်းအထန် ကန့်ကွက်တဲ့ ဓမ္မကထိကလေသံတွေ မိုးလျှံနေအောင် ကြားခဲ့ရပါတယ်။ ထေရ၀ါဒမဟုတ်ဘူး၊ မဟာယာနကလာတာ၊ ဟိန္ဒူဝါဒကလာတာ စသည်ဖြင့်ပေါ့။ ဘယ်ကလာသည်ဖြစ်စေ သူ့ရဲ့ အကျိုးဆက်ကိုကြည့်လိုက်တော့ ဆိုးကျိုးမရှိပါဘူး။ ပုတီးတစ်လုံး ဂုဏ်တော်တစ်ချက်ပွားနေမယ်၊ ပုတီးတစ်လုံး ဂါထာတစ်ပုဒ်ရွတ်နေမယ်၊ ပုတီးတစ်လုံး ပဌာန်းတစ်ချက် စိပ်နေမယ်ဆိုရင် ပုတီးနဲ့မှတ်ပြီး ကုသိုလ်တွေ ပွားနေတာဖြစ်တော့ ကောင်းကျိုးပဲ တွေ့ရပါတယ်။ ဆိုးကျိုး ဆိုးပြစ် ဘာတစ်ခုမှ မတွေ့ရပါဘူး။ ဂုဏ်တော်ပွားတာ ကိုယ်နားမလည်တဲ့ ပါဠိတွေရွတ်နေတာ၊ ပါဠိဆိုတာ ကုလားစကားတွေဆိုပြီး အရိုအသေ တန်အောင် ပေါ့လျော့သွားအောင် ပြောဟောနေကြတာတွေလဲ ကြားရပါရဲ့။ ပါဠိကို ဘုရားဟောတဲ့စကားဖြစ်လို့ ဘုရားစကား၊ ဘုရားစာလို့သာ မှတ်ထားလိုက်မယ်ဆိုရင် ဘုရားကို ပိုမိုကြည်ညိုလာမှာပဲ။ ဘုရားက ကုလားဖြစ်တော့ ကုလားစကားနဲ့ပဲ ဟောမှာပေါ့။ ပုတီးစိပ်တာဟာ မည်သည့်ဝါဒမှ ယူသုံးထားသည်ဖြစ်စေ ဗုဒ္ဓဘာသာတို့ရဲ့ အလေ့အကျင့်ဖြစ်လာခဲ့ပြီမို့ ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးစံတစ်ရပ်အဖြစ်နဲ့သာ လက်ခံလိုက်စမ်းပါ။ ပုတီးစိပ်ခြင်း ဖြင့်လည်း စိတ်ကို ထိန်းနိုင်သလို သမာဓိကိုလည်း အထိုက်အလျောက် ထူထောင်လို့ရပါတယ်။ ဗုဒ္ဓဘာသာချင်းတူပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုချင်း၊ အစဉ်အလာချင်း၊ ဓလေ့ထုံးစံချင်တော့ တူချင်မှတူပါလိမ့်မယ်။ မြန်မာပြည်ရောက်လာတဲ့ ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးတို့နဲ့ သဟဇာတဖြစ်တဲ့ ဗုဒ္ဓဘာသာ ဖြစ်လာတယ်။ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ဓလေ့ထုံးစံနဲ့ ရောနှောပေါင်းစပ် သွားတဲ့အခါကျတော့ ခွဲခြားလို့မရတော့ပါဘူး။ ဒီအတိုင်းပဲ ထိုင်းရောက်တဲ့ဗုဒ္ဓဘာသာက ထိုင်းလူမျိုးတွေနဲ့ သဟဇာတဖြစ်တဲ့ ဗုဒ္ဓဘာသာဖြစ်နေပြီး ထိုင်းယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံတို့နဲ့ ရောနှောပေါင်းစပ် သွားတာပါပဲ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေ အခြေခံပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံတွေကို ရှေးရှေးခေတ်ကာလကပင် လေ့ကျင့်လိုက်စားလာခဲ့ကြတော့ ဒီနေ့ခေတ်မှာ ဆိုရင် ဘာသာယဉ်ကျေးမှုနဲ့ နိုင်ငံယဉ်ကျေးမှု ခွဲခြားလို့တောင် မရတော့လောက်အောင် ပေါင်းစပ်နေတာ တွေ့နိုင်ပါတယ်။ မည်သို့ပင် ရောနှောပေါင်းစပ်လို့နေသော်လည်း တူညီချက်တစ်ခုတော့ ရှိမြဲဖြစ်ပါတယ်။ အဲဒါ ဘာလဲဆိုရင် ဘုရား တရား သံဃာအရိပ်အောက်က ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံဖြစ်နေတာပါပဲ။ ဗုဒ္ဓဘာသာမှာ ယဉ်ကျေးမှုရယ်၊ အစဉ်အလာရယ်၊ ဓလေ့ထုံးစံရယ် ဒီသုံးမျိုးကို ပယ်လိုက်မယ်ဆိုရင် အသွင်အပြင်မဲ့ ဘာသာတစ်ခုဖြစ်သွားပါလိမ့်မယ်။ ခရစ်ယန်မှာလည်း သူ့ဘာသာအလိုက် ယဉ်ကျေးမှု၊ အစဉ်အလာ၊ ဓလေ့ထုံးစံရှိသလို မွတ်ဆလင်မှာလည်း ရှိ၊ ဟိန္ဒူ စတဲ့အခြားဘာသာတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ရှိနေကြတာပဲ။ ဒို့ဗုဒ္ဓဘာသာတွေက အသွင်အပြင်တွေခွါချလိုက်မယ်ဆိုရင် အ၀တ်မဲ့လူသားပမာ ဘာသာရဲ့ အလှတရားတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၄)
ဗုဒ္ဓဘာသာကို ယနေ့ခေတ်မှာ ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး ခွဲခြားဝေဖန် သုံးသပ်နေကြတာတွေ တွေ့ရပါတယ်။ ယနေ့ မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်ပါတယ်။ သို့သော်လည်း အချို့အစဉ်အလာတွေမှာ မဟာယာန လောင်းရိပ်မကင်းတာတွေ၊ ဟိန္ဒူလောင်းရိပ်မကင်းတာတွေလဲ တွေ့ရတာပါပဲ။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒစစ်စစ်ဖြစ်ဖို့ ယောင်ယောင်ဝါးဝါးနဲ့ ကြိုးစားနေကြတာတွေလဲ ကြားသိမြင်တွေ့နေရပါတယ်။ ဥပမာပြောရလျှင် ရှင်ဥပဂုတ် ဆိုတာ မြန်မာပြည်တစ်ဝှမ်း ရေပန်းလဲစား ကိုးကွယ်ယုံကြည်မှုတွေလဲ များနေပါတယ်။ ရှင်ဥပဂုတ် ဖောင်မျှောပွဲ၊ ရှင်ဥပဂုတ် ပူဇော်ပွဲ၊ ရှင်ဥပဂုတ် တင်မြှောက်ပွဲ စသည်ဖြင့် ဒေသအလိုက် ကိုယ့်ပုံစံနဲ့ ကိုယ် ကိုးကွယ်နေကြတာတွေပါပဲ။ ဘုရားစေတီ ရင်ပြင်တွေမှာရော၊ အချို့ရေကန်တွေမှာပါ ရှင်ဥပဂုတ်ပုံကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှင်ဥပဂုတ် သမိုင်းကြောင်းကို ထေရ၀ါဒကျမ်းဂန်တွေမှာ မတွေ့ရပါဘူး။ သို့သော် ရှင်ဥပဂုတ်သည် အိန္ဒိယတွင် သူ့ခေတ် သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့တာတော့ သေချာပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ပါးပါး သို့မဟုတ် တစ်ယောက်ယောက် ကွယ်လွန်သွားတဲ့အခါမှာ နတ်သားဖြစ်သွားတယ် ဘာဖြစ်သွားတယ် စသည်ဖြင့် သူတို့ရဲ့နောက်လိုက်တွေ ပရိသတ်တွေကို ဖြေသိမ့်ဖို့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကနေ ဖန်တီးပေးလေ့ရှိတာဟာ ရှေးက ခေတ်စားခဲ့ပါတယ်။ ရှင်ဥပဂုတ်ကိစ္စမှာလဲ ဒီလို ဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီလို ဖန်တီးလာခဲ့တဲ့ ကိစ္စကို နောက်ပိုင်းခေတ်အထိ ဆက်လက်ယုံကြည် နေကြတဲ့သဘောပါ။ ထိုယုံကြည်မှုက အိန္ဒိယကနေ မြန်မာပြည်အထိ ပြန့်နှံ့လာတဲ့သဘောပါ။ ရှဥပဂုတ်ယုံကြည်မှုဟာ မြန်မာလူမျိုးတို့အကြား ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေပြီဖြစ်လို့ မောင်းထုတ်ဖို့ရန် အလွန်ဝန်လေးတဲ့အလုပ်ပါ။ ဒီတော့ ပြဿနာပေါင်းသောင်းခြောက်ထောင် ဖန်တီးပြီးမောင်းထုတ်ဖို့ ကြိုးစားနေမယ့်အစား ဗုဒ္ဓဘာသာ အစဉ်အလာလို့ မခံယူဘဲ မြန်မာ့ရိုးရာ အစဉ်အလာယုံကြည်မှုလို့ နားလည်လိုက်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ့ရိုးရာအနေနဲ့ အမြစ်တွယ်နေပြီလေ။ ဘာသာယုံကြည်ချက်ကို ထိခိုက်မယ်၊ လောက ပတ်ဝန်းကျင်အတွက် အန္တရာယ်များမယ်ဆိုရင်တော့ တွန်းလှန်ပစ်သင့်ပါတယ်။ သို့သော် ထိုကိစ္စမျိုးဟာ မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုမျိုး မရှိတဲ့အတွက် ပြဿနာရှာပြီး အချိန်ကုန် ခံမနေဖို့ ပြောချင်တာပါ။ ဇမ္ဗုပတိချွတ်ခန်းပုံပြင်ဟာ ထေရ၀ါဒပိဋကတ်တော်မှာ မတွေ့ရပါဘူး။ ဇမ္ဗုပတိမင်းကို ချွတ်ချင်လို့ ဘုရားက အဲဒီ မင်းထက် ပိုပြီးလှအောင် မင်းဝတ်တန်ဆာတွေ ဆင်မြန်းပြတယ်ဆိုတာပါ။ ဒါဟာ မဟာယာနတို့ လက်ခံကျင့်သုံးနေတဲ့ အယူအဆ တစ်ရပ်ပါပဲ။ သို့သော်လည်း မြန်မာပြည်မှာ ထိုကဲ့သို့သော ဘုရားဆင်းတုတော်များ အများအပြားကို ခေတ်အဆက်ဆက်က ထုလုပ်ကိုးကွယ်နေကြတာ ယနေ့အထိပါပဲ။ ဒါကို ထေရ၀ါဒမဟုတ်လို့ ပစ်ပယ်မယ်ဆိုရင် မြန်မာပြည်မှာ ဆင်းတုပေါင်း မရေတွက်နိုင်အောင်ကို ဖျက်သိမ်းပစ်ရပါလိမ့်မယ်။ မြန်မာပြည်တစ်ပြည်လုံးက ကိုးကွယ်နေတဲ့ မန္တလေးမြို့က မဟာမြတ်မုနိ ရုပ်ရှင်တော်သည်ပင်လျှင် ဇမ္ဗုပတိ ပုံပြင်လာအတိုင်းထုလုပ်ထားတဲ့ ရုပ်တုဖြစ်နေတာကို အထင်အရှား သတိထားကြည့်နိုင်ပါတယ်။ ဒီအယူအဆကို မဟာယာနဆိုပြီး တိုက်ထုတ်နေမယ့်အစား မြန်မာ့ ရိုးရာယုံကြည်မှုတစ်ရပ်အနေနဲ့သာ စွဲယူ ကိုးကွယ်လိုက်ပါ။ ဘုရားဆင်းတုကို ဘုရားရဲ့ကိုယ်စား ကိုယ်ပွားဆင်းတုလို့သာ ယုံကြည်ကိုးကွယ်လိုက်ပါ။ အကျိုးမယုတ်ပါဘူး။ ကုသိုလ်ရတဲ့အလုပ်ပါ။ မည်သည့်ဆင်းတုမှ ဘုရားရှင်အစစ်နဲ့ ချွတ်စွပ်တူတာမရှိပါဘူး။ ပုံတော်မှတစ်ဆင့် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မှန်းဆကိုးကွယ်ကြရတဲ့သဘောပါ။ မြန်မာပြည်မှာ အခုနောက်ပိုင်း ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး စကားလုံးကြီးကြီး ကျယ်ကျယ်တွေ တော်တော်တွင်တွင်ကျယ်ကျယ် သုံးလာကြတာ တွေ့ရပါတယ်။ ထေရ၀ါဒနဲ့ မဟာယာနဟာ အယူအဆချင်း လိုက်နာကျင့်သုံးမှုချင်း တစ်ခြားစီဖြစ်နေပေမယ့် ဗုဒ္ဓဘာသာဆိုတဲ့ခေါင်းစီးအောက်မှာ ရှိနေတာချင်းတော့ တူညီပါတယ်။ ဗုဒ္ဓဘာသာချင်း တူညီတော့ တစ်ခုနဲ့တစ်ခု နှီးနွယ်ဆက်စပ်မှုတော့ ရှိနေတာ ငြင်းပယ်လို့မရပါဘူး။ ထို့အတူ ဟိန္ဒူသည်လဲ ဘုရားပွင့်တဲ့ အိန္ဒိယမှာ ဘုရားမပွင့်မီကပင် ခေတ်စားနေတဲ့အယူအဆ ဖြစ်နေတာကြောင့် ဗုဒ္ဓဘာသာထဲတွင် အချို့ကိစ္စတွေမှာ မသိမသာ ရောနှောပါဝင်နေတာ တွေ့ရပါတယ်။ လူသေလျှင် (၇) ရက်စေ့မှ ၀ိညာဉ်ဟာ အိမ်ကထွက်သွားတယ် ဆိုတဲ့အယူအဆ၊ နတ်ကိုးကွယ်ယုံကြည်မှု အယူအဆ၊ ဗေဒင် ယတြာ၊ ဓာတ်ရိုက်ဓာတဆင် အယူအဆ စသည်ဖြင့်။ ဒါတွေဟာ တကယ်တော့ စိတ်ဖြေဆည်ရာ စိတ်သက်သာရာရအောင် လုပ်ကြတဲ့အလုပ်တွေပါ။ ကိုးကွယ်ရာအဖြစ်နဲ့ မခံယူမိဖို့သာ အရေးကြီးပါတယ်။ နတ်ကမှ ကိုးကွယ်ရာအစစ်၊ ဗေဒင်ဆရာ၊ ဘိုးတော်၊ ဘရသေ့တို့ကမှ ဒို့ရဲ့အားကိုးရာ အစစ်လို့ ခံယူမိပြီး ဘုရား တရား သံဃာ ပစ်ပယ်လိုက်မယ်ဆိုရင်တော့ ဘ၀ သံသရာ ထိခိုက်နစ်နာပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အပျင်းပြေ၊ စိတ်ပြေလက်ပျောက် လုပ်တာလောက်တော့ ငရဲရောက်ဖို့ အကြောင်း မရှိပါဘူး။ ဗုဒ္ဓဘာသာအတွင်းသို့ ရောနှောဝင်ရောက်ပြီး အမြစ်တွယ်နေပြီဖြစ်တဲ့ အခြားဘာသာတို့ရဲ့ အယူအဆတွေ၊ ကိုယ့်နိုင်ငံရဲ့ ရိုးရာဖြစ်လာတဲ့ အမူအကျင့်တွေဟာ အပြစ်အနာအဆာ တစ်စုံတရာမရှိဘူးဆိုရင်တော့ အပြင်းအထန် တိုက်ထုတ်နေစရာမလိုလှပါဘူး။ ဗုဒ္ဓ၀ါဒနဲ့ ဖီလာကန့်လန့် ဆန့်ကျင်နေတယ်ဆိုရင်တော့ဖြင့် ရဲရဲရင့်ရင့် တိုက်ထုတ်ပြစ်ရမှာပါပဲ။
Friday, December 17, 2010
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၅)
ဗုဒ္ဓဘာသာမှာ ရိုသေတာ၊ ကိုင်းရှိုင်းတာ၊ ယဉ်ကျေးတာ၊ ဖော်ရွေတာ၊ စိတ်သဘောထား နုညံ့သိမ်မွေ့တာ၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတတ်တာ၊ သနားကြင်နာ တတ်တာ၊ မေတ္တာတရား ကြီးမားတာ၊ စည်းလုံးညီညွတ်တာ စသည်ဖြင့် အခြားဘာသာတွေထက် ပိုပြီးလေးနက်တဲ့ ထူးခြားမှုတွေ များစွာတွေ့မြင် နိုင်ပါတယ်။ ဗုဒ္ဓအလိုကျ လူနေမှုဘ၀ ပုံစံလေးပေါ့။ အမူအရာတွေလဲ ယဉ်ကျေး၊ အပြောအဆိုတွေလဲ သိမ်မွေ့၊ စိတ်သဘောထားတွေလဲ မြင့်မြတ်နေတဲ့ အထက်တန်းကျတဲ့ လူသားဘ၀ကို ဗုဒ္ဓဘာသာက ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ရအောင် ယူတတ်ဖို့တော့ အရေးကြီးတာပေါ့။ ပေးတော့ ပေးနေတာပဲ၊ ရအောင်မယူတတ်ရင်တော့လဲ ဒီအနှစ်သာရတွေ တွေ့မြင်ခံစားရမှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးရဲ့ အခြေခံအနေနဲ့ကတော့ နေ့စဉ် ရတနာသုံးပါး ယုံကြည်၊ ငါးပါးသီလ လုံခြုံနေအောင် စောင့်ထိန်းရတာပါပဲ။ ဒါဟာ အခြေခံ အကျဆုံး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထူး လိုက်နာရမယ့် စည်းမျဉ်းလိုဖြစ်နေပါတယ်။ ဒါကို အနှစ်ချုပ်လိုက်တော့ သဒ္ဓါနဲ့ သီလပါပဲ။ ဘုရားတရား သံဃာ ယုံကြည်တာက သဒ္ဓါ၊ ငါးပါးသီလလုံခြုံတာက သီလပေါ့။ ဟိုဘက် တစ်ဆင့်တက်လို့ သမာဓိနဲ့ ပညာဆိုတာကတော့ ကိုယ့်အဆင့်နဲ့ကိုယ် သင့်တော်သလို ကြိုးစားရယူတတ်မှ ရမှာပါ။ ဘာအရေးအကြီးဆုံးလဲဆိုရင်တော့ အခြေခံဟာ အရေးအကြီးဆုံးပါပဲ။ ဒီအခြေခံလေးတွေ ခိုင်မာနေပြီဆိုရင် ပီပြင်တဲ့ ဗုဒ္ဓဘာသာ ဖြစ်နေပါပြီ။ တကယ့်ကို ဖြစ်နေပါပြီ။ ဒါကို ဒီနေ့ခေတ်မှာ တရားမှမထိုင်ရင် ဗုဒ္ဓဘာသာပင် မဖြစ်တော့သလောက်အထိ ရှုတ်ချ ပြောဆိုနေတာ ဟောပြောနေတာတွေဟာ ကိုယ့်ဘာသာတရားကိုယ် အကောင်းမမြင်တတ်တဲ့သဘော ဆောင်နေပါတယ်။ ဘုရားက လူတိုင်းကို တရားအထိုင်ခိုင်းနေတာမဟုတ်ပါဘူး။ တရားကိုလဲ လူတစ်ယောက်ရဲ့ အသိဉာဏ် အဆင့်အတန်းကို ကြည့်ရှု အကဲခတ်ပြီးမှ ဒါနနဲ့တန်တဲ့သူကို ဒါနလောက်ဟော၊ သီလလောက် အဆင့်ရှိသူကို သီလလောက်ဟော၊ သမထလောက် နိုင်မယ့်သူကို သမထလောက်၊ ၀ိပဿနာ တက်နိုင်မယ့်သူ ကျမှ ၀ိပဿနာ ဟောလေ့ရှိပါတယ်။ သာမန်လူတွေကို သိပ်လေးနက်တဲ့တရားမျိုးတွေ ဟောလေ့မရှိပါဘူး။ ပရိဗိုဇ်တွေနဲ့ တွေ့တဲ့အခါမျိုး၊ ပုဏ္ဏားတွေနဲ့တွေ့တဲ့အခါမျိုးတွေမှာသာ လေးနက်တဲ့သဘော နက်နဲတဲ့သဘော ဆောင်တဲ့ တရားတွေကို ဟောတော်မူလေ့ရှိပါတယ်။ သူတို့ကတော့ ပညာတတ်တဲ့ အသိုင်းအ၀ိုင်းတွေဖြစ်နေလို့ပါပဲ။ ပညာတတ်တဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းတွေကို ဟောတဲ့တရားက တစ်မျိုး၊ သာမန်လူသားတွေကို ဟောတဲ့တရားက တစ်မျိုး၊ ရဟန်းတော်တွေကို ဟောတဲ့တရားက တစ်မျိုး ဒီလို ကွဲပြားမှုတွေ ရှိပါတယ်။ ရဟန်းတော်တွေကိုတော့ ၀ိပဿနာတရားကိုသာ ဦးစားပေးဟောလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေထက် အချိန်ပိုရလို့ပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေကို ဘယ်လိုနေမှ ဗုဒ္ဓဘာသာ အစစ်ဖြစ်တယ်လို့ တစ်ပြေးညီ စံသတ်မှတ်ထားလို့မရပါဘူး။ သူ့အဆင့်နဲ့သူ ရှိနေမှာပါ။ ယနေ့ခေတ်မှာတော့ ရုပ်နာမ်မှ မမြင်၊ ဖြစ်ပျက်မှ မကွဲ၊ သစ္စာမှမသိဘူးဆိုရင် မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာပဲ၊ တကယ့် ဗုဒ္ဓဘာသာ အစစ်မဟုတ်ဘူးလို့ နှိပ်ကွတ် ချိုးနှိမ်အပြောခံနေကြရတာကို ဒို့ဗုဒ္ဓဘာသာတွေ ကိုယ်တိုင်က သဘောကျနေကြလေရဲ့။ ဗုဒ္ဓဘာသာ အစစ်ဟုတ်မဟုတ် ဘာပေတံနဲ့တိုင်းမလဲ၊ စံဘယ်လို သတ်မှတ်မလဲ ဆိုတာလဲ ပြဿနာတစ်ရပ်ပါပဲ။ ဘုရားက သရဏဂုံ သုံးပါးယုံကြည်တာနဲ့ပင် နတ်ပြည်တော့ ရောက်နိုင်တယ်လို့ ဟောတာတွေလဲ ရှိတယ်။ အဒိန္နပုဗ္ဗက သူဌေးကြီးရဲ့သား မဋ္ဌကုဏ္ဍလီသတို့သားဟာ ဘာဒါနမှ ပြုခဲ့ဘူးတာမဟုတ်ဘူး၊ ဘာသီလမှ ဆောက်တည်ခဲ့ဘူးတာ မဟုတ်ဘူး။ သေခါနီးမှာ ဘုရားကို ကြည်ညိုတဲ့စိတ်ကလေး ဖြစ်ယုံနဲ့ နတ်ပြည်ရောက် နတ်သားဖြစ်သွားတယ်လေ။ ရတနာသုံးပါး ယုံကြည်နေရင် ဗုဒ္ဓဘာသာလို့ ပြောလို့ရတာပေါ့။ ဒါ့အပြင် ဒါနပြုနိုင်ရင် ပြုနိုင်သလောက် မြင့်မြတ်၊ ငါးပါးသီလ လုံအောင် စောင့်ထိန်းနိုင်ရင် စောင့်ထိန်းနိုင်သလောက် မြင့်မြတ်၊ ဒါ့အပြင် ရှစ်ပါးသီလ လုံရင် လုံသလောက် မြင့်မြတ်၊ ဒါထက် သမထ ၀ိပဿနာ ပွားများနိုင်ရင် ပွားများနိုင်သလောက် မြင့်မြတ်၊ ဈာန်တရား မဂ်တရား ဖိုလ်တရားတွေ ရရင် ရသလောက် ပိုမြင့်မြတ်လာမယ်။ ဒီလို အဆင့်အနိမ့် အမြင့်နဲ့ ခွဲလို့တော့ ရပါတယ်။ တစ်ချက်လွတ်ကြီး ပြောဆို ပစ်ပယ်ချတာမျိုးကတော့ ဗုဒ္ဓအလိုကျ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာအရေး အကြီးဆုံးလဲဆိုတာ ပြန်စဉ်းစားကြရအောင်။ ဗုဒ္ဓဘာသာမှာ ဘာအရေးအကြီးဆုံးလဲ ဆိုရင် ငါ ဘယ်လောက်အတိုင်းအတာအထိ ဘယ်လောက်မြင့်တဲ့အဆင့်အထိ ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်သုံးနိုင်ပြီလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေး၊ အားမရသေးရင် အားရတဲ့အဆင့်ရောက်အောင် တစ်ဆင့်ချင်း တိုးမြှင့် လိုက်နာ ကျင့်သုံးသွား၊ ဒါဆိုရင် ထိပ်တန်း ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
Saturday, December 18, 2010
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၆)
ဗုဒ္ဓဘာသာမှာ ကိုယ့်အားကိုယ် ကိုးတတ်ဖို့ (self-reliance) ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါကို နားမလည်တဲ့အခါကျတော့ ဒို့ဗုဒ္ဓဘာသာတွေ ဟိုအားကိုးရမှာလိုလို ဒီအားကိုးရမှာလိုလို ဖြစ်ပြီး ဘာသာရေး လမ်းကြောင်းမှ သွေဖီသွားတာတွေ တွေ့တွေ့နေရတယ်။ အဲဒါ ဘာတွေလဲဆိုရင် နတ်ကိုးကွယ်မှု၊ ဘိုးတော်၊ ရသေ့ ကိုးကွယ်မှု၊ ဗေဒင် ဓာတ်ရိုက်ဓာတ်ဆင် အားကိုးမှု၊ မှော်ဆရာကိုးကွယ်မှု၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကိုးကွယ်မှု စသည်ပေါ့။ ကိုယ်တိုင် ကြိုးစားလို့ စီးပွားတိုးတက် အဆင်ပြေလာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လုံ့လ ၀ီရိယနဲ့ ကြိုးစား အားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာတာကို နတ်က မစလို့ ဒီလိုဖြစ်လာတာဆိုပြီး ကိုယ့်အစွမ်းတွေကို နတ်ပေါ်မှာ ပုံအပ်လိုက်တယ်။ ဒီလိုနဲ့ စီးပွားလဲတက်လာရော နတ်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာတွေ တော်တော်များများ တွေ့နေရတယ်။ နတ်ကို အားကိုးနေမိတဲ့အချိန်မှာ အချိန်ကိုက် စောင့်နေကြတဲ့ နတ်ကတော် ဆိုတာတွေကလဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ ချဉ်းကပ်လာကြတာပေါ့။ နတ်ရဲ့စေညွှန်ရာ တင်မကဘဲ နတ်ကတော်ရဲ့ လှည့်ကွက်အတိုင်း လိုက်၍ က နေရပြန်တယ်။ စီးပွားကတော့ တကယ်တမ်းမှာ ကိုယ်တိုင် ကြိုးစားလို့တိုးတက်နေတာ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျေးဇူးမတင်ဘဲ နတ်နဲ့ နတ်ကတော်ကို ကျေးဇူးတင်နေကြရတဲ့ စီးပွားရေးသမားတွေ များစွာ ရှိနေတာတော့ အားမလို အားမရဖြစ်နေမိတယ်။ အချို့ကျတော့လဲ ဘိုးတော်၊ ဘရသေ့ဆိုတာတွေကို အိမ်ပေါ်မှာတင်ထားပြီး ကိုးကွယ်နေကြ ပြန်တယ်။ အချို့က အိမ်ပေါ်မှာ မတင်ပေမယ့် သူတို့ကို ဆရာတင်ပြီး သူတို့ ခိုင်းတဲ့အတိုင်း လုပ်နေကြပြန်တယ်။ ဒီဘိုးတော်က ဒို့နဲ့ ကံစပ်တယ်၊ ဘိုးတော်က ဒို့ကို မစတယ်ဆိုပြီး ယုံမှတ်ကာ ပုံအပ်နေတဲ့ ဗုဒ္ဓဘာသာတွေမှာ ဘာအားနဲနေတာလဲ ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနဲနေတာပါပဲ။ ကိုယ့်ကိုယ်ကို ကိုယ့်အစွမ်းအစကိုယ် မယုံကြည်ရာကနေ ဒီလိုမျိုး ဟိုအထင်ကြီး ဒီအထင်ကြီးနဲ့ ဖြစ်ကုန်ကြတာပါ။ ပြီးတော့ စီးပွားရေးကို လွယ်လွယ်နဲ့ ဖြတ်လမ်းကနေ သူများထက်သာချင်၊ ချမ်းသာချင်ကြတဲ့ သူတွေဟာ ဒီလိုမျိုးတွေကို လုပ်လေ့ရှိကြပြန်တယ်။ အချို့က စီးပွားရေး မလုပ်တာတော့ မဟုတ်ဘူး၊ အခုရေတွင်းတူး အခု ရေကြည်သောက်ချင်ဆိုသလို အခုလုပ် အခု ချမ်းသာချင်နေတော့ အလုပ်ကို တစ်ခဏ လုပ်ကြည့်လိုက်တယ်၊ အဆင်မပြေဘူး ဆိုပြီး ဆက်မလုပ်တော့ဘူး၊ အရင်းမထုတ်ခင် ကတည်းက အမြတ်ကြိုပြီးလိုချင်နေတော့ ဘယ်အဆင်ပြေမှာလဲ။ နောက်တစ်မျိုးက ကြိုးတော့ မကြိုးစားချင်ဘူး။ သူများထက်တော့ ချမ်းသာချင်တယ်ဆိုရင်လဲ ဟိုချဉ်းကပ် ဒီချဉ်းကပ် လွယ်လွယ်နဲ့များ ချမ်းသာလာလေမလား ဆိုပြီး အချောင်ရလိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်နေကြတာတွေလဲ ရှိတာပေါ့။ ဒီလိုစိတ်ဓာတ်တွေကနေ မြန်မာပြည်မှာ နှစ်လုံး၊ သုံးလုံးစတဲ့ လောင်းကစားတွေ တော်တော် ခေတ်စားလာတာပါပဲ။ ဒါတွေ ဘာလို့ ခေတ်စားနေတာလဲ ဆိုရင် အချောင် ရချင်တဲ့ စိတ်ဓာတ်တွေ၊ အလုပ်မလုပ်ဘဲနဲ့ များများရချင် များများသုံးချင်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲလို့ အဖြေထွက်ပါတယ်။ အလုပ်ကိုတော့ စည်းစနစ်နဲ့ မလုပ်ချင်ဘူး၊ ငွေကိုတော့ သူများလိုသုံးချင်တယ် ဆိုတဲ့စိတ်ဓာတ်တွေဟာ ကိုယ့်အားကိုယ် မကိုးချင်တဲ့ လူမျိုးတွေမှာ များများတွေ့ရတယ်။ ဒါတွေနဲ့ တွဲဘက်ပြီး နတ်တွေ ဘိုးတော်တွေ ဘရသေ့ဆိုတာတွေက ခေတ်စားလာကြပြန်တယ်။ သူတို့က ပေးတဲ့ဂဏန်းထိုးလို့ ပေါက်တယ်၊ သူတို့ကိုးကွယ်ရင် သူတို့က တစ်နည်းမဟုတ်တစ်နည်းနဲ့ ဂဏန်းတွေ ချပေးတယ်ဆိုတာမျိုးတွေပေါ့။ သဘောတရားအရ ကြည့်လိုက်မယ်ဆိုရင် သူတို့က လာတဲ့သူတိုင်းကို ဂဏန်းတွေပေးနေတာ၊ လူ ၁၀၀ ပေးလိုက်ရင် တစ်ယောက်တော့ ပေါက်မှာပေါ့။ မပေါက်တဲ့သူက ဘာမှမပြောဘဲ ပေါက်တဲ့သူကသာ ဒီဘိုးတော် ပေးတဲ့ဂဏန်းထိုးလို့ ငါပေါက်တယ်ဆိုတော့ ဘိုးတော်က အလိုလို နာမည်ကြီးသွားတာပေါ့။ ဒီလို ကိုးယိုကားယားဖြစ်နေကြတဲ့ အထူးသဖြင့် ဒို့မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာတွေအားနဲနေ တာလဲဆိုရင် ပညာဓာတ်ခံ အားနဲနေတာပါပဲ။ ဒီဖြစ်ရပ်တွေဟာ ပညာတတ်တွေအတွက် ရယ်စရာလဲဖြစ်၊ အားမလိုအားမရလဲ ဖြစ်နေကြရပါတယ်။ ပညာတတ်နဲလေ ဒီလိုမျိုးတွေ များလေ၊ စီးပွားရေးအဆင်မပြေလေ၊ ပညာမတတ်လေ၊ ပညာ မတတ်လေ ဒီလို မဟုတ်မဟတ်ယုံကြည်မှုတွေ တိုးလာလေ။ နှီးနွယ်နေတာပါပဲ။ ဒီလိုဖြစ်နေတော့ စီးပွားရေးကို စနစ်တကျ လုပ်တတ်တဲ့ အကျင့်မရှိတော့ဘူး။ လေးလေးနက်နက် စဉ်းစားတွေးခေါ်တတ်တဲ့ အကျင့်မရှိတော့ဘူး။ အချောင်ရ အချောင်စား ၀ါဒသာ ကြီးထွားလာတော့တယ်။ အချောင်ရ အချောင်စားဝါဒ လွှမ်းမိုးလာတဲ့ အခါကျတော့ ပညာတတ်မှ ချမ်းသာတယ်၊ အလုပ်ကြိုးစားလုပ်မှ ချမ်းသာတယ်ဆိုတာ ပုံပြင်တွေ ဖြစ်လာတယ်။ ဒီလောက် ပညာတတ်စရာမလိုပါဘူး၊ ဒီလို အလုပ်တွေ လုပ်နေစရာမလိုပါဘူး ဆိုပြီး ဂွင်တဲ့လို့ ချမ်းသာသွားတဲ့သူတွေက လက်မထောင်လာကြပြန်တယ်။ အများက ဒီလမ်းကို လိုက်နေတဲ့အခါကျတော့ ဒီအထဲမှာလဲ အလုပ်မလုပ်ဘဲနဲ့ ကိုယ်ပိုင်စီးပွားရေးရယ်လို့ မယ်မယ်ရရ မရှိဘဲနဲ့ သူ့နည်းနဲ့သူ ချမ်းသာသွား တာတွေက ရှိတာပေါ့။ ဒီလိုသာ ဖြစ်သလို လုပ်နေတဲ့စနစ်တွေနဲ့ ကိုယ့်အားကိုယ် ကိုးမှုကင်းမဲ့ ကြိုးစားအားထုတ်မှု လျော့နဲနေကြ ပေါ့ဆနေကြမယ်ဆိုရင် ကြုံသလိုလုပ် ကြုံသလိုစား (၁၈)ရာစုခေတ် လူသားတွေရဲ့ နေထိုင်စားသောက်မှု ပုံစံမျိုးသာသာပဲ ဖြစ်နေတော့မှာပေါ့။ ဒီလို ကမောက်ကမ အခြေအနေတွေကို လေးလေးနက်နက် တွေးကြည့်မယ်ဆိုရင် တော်တော်ဆိုးဝါးတဲ့ အခြေအနေတွေ အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒို့ဗုဒ္ဓဘာသာဝင်တွေမှာ စီးပွားရေးကို စနစ်တကျ မလုပ်တတ်ဘူး လို့ အထင်ရောက်သွားနိုင်ပါတယ်။ ဒါတွေကို ဘယ်လိုပြုပြင်ကြမလဲ။ လူတိုင်း ကိုယ့်အစွမ်းအစကိုယ် လက်ခံယုံကြည်လာနိုင်ကြမယ်၊ လောင်းကစားကို စီးပွားရေးလို့ ထင်နေတဲ့စိတ်တွေ လျော့ပါးသွားအောင် စွမ်းဆောင်နိုင် ကြမယ်၊ ပညာတတ်တွေ များသထက်များလာအောင် ၀ိုင်းဝန်း ကြိုးပမ်းကြမယ်ဆိုရင် အလိုလို ပြေလည်သွားမှာပါ။ ဗုဒ္ဓဘာသာရှုထောင့်ကနေ ပြောမယ်ဆိုရင် ယုံကြည်မှုရှိရမယ်ဆိုတာပါပဲ။ အဲဒါကို သဒ္ဓါလို့ခေါ်ပါတယ်။ သဒ္ဓါဆိုတာ ဘုရား တရား သံဃာ ယုံကြည်မှုလို့ စာပေမှာ အကန့်အသတ်နဲ့ဖွင့်ပြပေမယ့် တကယ်တမ်း လက်တွေ့ဘ၀မှာ အသုံးချမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ယုံကြည်မှုလဲပါတယ်။ ဒီယုံကြည်မှုနှစ်မျိုး အခြေခံပြီးတော့ အလုပ်တစ်ခုကို တစိုက်မတ်မတ် လုပ်ကြည့်ပါ။ တကယ်အောင်မြင် ကြီးပွားလာပါလိမ့်မယ်။ ယုံကြည်မှုပါလာရင် ဇွဲလုံ့လလဲ ရှိလာမယ်။ တစ်ခါနဲ့ မအောင်မြင်ရင် နှစ်ခါ၊ နှစ်ခါနဲ့ မအောင်မြင်ရင် သုံးခါ၊ ယုံကြည်ချက်အပြည့်နဲ့သာ လက်မလျှော့တမ်း လုပ်ကိုင်ပါ။ အဆင်မပြေဘူးဆိုတာ မရှိပါဘူး။ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဇွဲလုံလကိုတော့ မေ့မထားလိုက်နဲ့။ ယုံကြည်မှုနဲ့ ဇွဲလုံလဟာ အောင်မြင်မှု ကြီးပွားချမ်းသာမှုရဲ့သော့ချက်ပဲ။ မှန်ကန်တည့်မတ်အောင် ချင့်ချိန်တတ်၊ စဉ်းစားတွေးခေါ် တတ်တဲ့ ပညာနဲ့သာပေါင်းစပ်လိုက်ပါ။ ရသေ့ ဘိုးတော် ဗေဒင်တွေ ဆရာတင်နေစရာ မလိုတော့ပါဘူး။
Sunday, December 19, 2010
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၇)
မနေ့က ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်။ ဒီနေ့လဲ အဲဒီအကြောင်းကိုပဲ ထပ်လောင်း ဖြည့်စွက်ဆွေးနွေးသွားပါမယ်။ ဗုဒ္ဓဘာသာရဲ့ နေ့စဉ်ဘ၀ အဓိကကျတဲ့ကျင့်သုံးမှု အပိုင်းမှာ ကိုယ့်ကိုယ်ကို နားလည်မှု (self-understanding) ကိုလဲ အလေးပေးထားတာ တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့အတွက် ကိုယ့်စိတ်ကို နားလည်အောင်လုပ်ရတာပါ။ ကိုယ့်စိတ်တွေက တည်ငြိမ်နေသလား၊ ယောက်ယက်ခတ် နေသလား၊ စူးစိုက်နေလား၊ ပျံ့ကြဲနေလား၊ ကောင်းနေလား၊ ဆိုးနေလား၊ ကြည်လင်နေလား၊ နောက်ကျုနေလား၊ စိတ်တိုတတ်လား၊ စိတ်ရှည်တတ်လား၊ စိတ်ကောင်းထားတတ်လား၊ မထားတတ်လား၊ လောဘ ကိလေသာ အားကြီးနေလား၊ လျော့နဲနေလား၊ အကောင်းမြင် တတ်လား၊ အဆိုးမြင်တတ်လား စသည်ပေါ့။ အတိုဆုံးပြောရရင်တော့ အကုသိုလ်ဖြစ်နေလား၊ ကုသိုလ်ဖြစ်နေလားဆိုတာပါပဲ။ အဆိုးဘက်များနေရင် (negative) သဘောဆောင်နေရင် ဆောင်နေမှန်းသိအောင်လုပ်ပေးရတယ်။ သိတာနဲ့ ဒီစိတ်ဓာတ်တွေ မကောင်းဘူး၊ ငါ ဒီလိုစိတ်ထားမျိုး ထားလို့မတော်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကို သတိနဲ့ ပြန်ထိန်းပေးရတယ်။ ဒီလိုနားလည်လို့ သတိနဲ့ အချိန်မီထိန်းနိုင်မယ်ဆိုရင် အသိတရားလေးတွေ ပေါ်လာတာပါပဲ။ သတိထားလို့ ပေါ်လာတဲ့ အသိတရားကို ဉာဏ်လို့ ဆိုတာပါ။ ဒါကတော့ ဝိပဿနာနဲ့ မဆိုင်သေးပါဘူး။ နေ့စဉ်ဘ၀မှာ ကိုယ့်စိတ်ကိုယ် နားလည်အောင် လေ့ကျင့်တဲ့အပိုင်းလေး တွေ ပြောပြနေတာပါ။ (positive) ဆောင်တဲ့ အကောင်းဘက်မှာရှိနေတဲ့ စိတ်မျိုးတွေ များများဖြစ်အောင် မွေးမြူရပါမယ်။ မရှိသေးရင် ရှိအောင်၊ ရှိနေတယ်ဆိုရင် ဆက်လက် တိုးပွားနေအောင် စိတ်ကို ပြုပြင်ပေးနေမယ်ဆိုရင် ကိုယ့်စိတ်တွေ ဘယ်အတိုင်းအတာအထိ ကောင်းမြတ်နေတယ် ဆိုတာ ကိုယ်တိုင်သိလာ ပါလိမ့်မယ်။ ကိုယ်တိုင်သိလို့ ကိုယ်တိုင်ပဲ စိတ်ကို အကောင်းဘက် များများရောက်အောင်ပို့နိုင်လေ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုမိုအားကောင်းလာလေပဲ ဖြစ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ ကိုယ့်စိတ် ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက် အပြစ်ကင်းတယ်ဆိုတာ သူများပြောနဲ့ မမှန်ပါဘူး၊ ကိုယ်တိုင်သိအောင်ကြိုးစားလို့ ကိုယ်တိုင် သိနားလည်တဲ့အခါကျမှ အမှန်အကန်အတိုင်း ဖြစ်နိုင်ပါတယ်။ ဒီလို မှန်ကန် ကောင်းမြတ်တဲ့ စိတ်လေးတွေ ဖြစ်မဖြစ် ကိုယ့်စိတ်ကို နေ့စဉ် စစ်ဆေးနေပြီး အကောင်းဘက်မှာ အမြဲရှိ နေအောင်သာ သတိလေးနဲ့ ထိန်းထိန်းသိမ်းသိမ်းနေသွားပါ။ ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိသူ တစ်ယောက်အဖြစ် ကိုယ်ကိုယ်တိုင်သိလာပြီး ကိုယ့်စိတ်ကိုယ်နားလည်သူ တစ်ယောက်လဲ ဖြစ်လာပါမယ်။ ကိုယ့်စိတ်ကို ကောင်းမြတ်နေတယ်ဆိုတာ သိရင် ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုတွေ ပိုလာမယ်။ စိတ်စွမ်းအားတွေလဲ ထက်လာမယ်။ နေရထိုင်ရတာလဲ ပိုပြီးကျေနပ်စရာ ကောင်းလာမယ်။ ကြောက်စိတ်တွေလဲ ကင်း စိတ်ဓာတ်ခွန်အားတွေလဲ ကောင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလဲ ချနိုင်လာတာတွေ့ရပါလိမ့်မယ်။ ရင့်ကျက်လာခဲ့ရင် စိတ်တွေဟာ ပိုမိုပြီး အစွမ်းထက်လာပါ လိမ့်မယ်။ လက်တွေ့ လေ့ကျင့်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းဟာ အချိန်ပေးလေ့ကျင့်နေစရာ မလိုပါဘူး။ လုပ်ငန်းလဲ မထိခိုက် အချိန်လဲ မကုန်တဲ့ လေ့ကျင့်ခန်းပါ။ အလုပ်လုပ်ရင်းဖြစ်စေ၊ သွားရင်းဖြစ်စေ၊ ထိုင်ရင်းဖြစ်စေ၊ အိပ်ရင်းဖြစ်စေ၊ ရပ်ရင်းဖြစ်စေ မည်သည့်အချိန်မျိုးမှာမဆို လေ့ကျင့်လို့ရတဲ့ လေ့ကျင့်ခန်းပါ။ ဒါကို စိတ်လေ့ကျင့်ခန်းလို့ ပြောလို့ရပါတယ်။ မကောင်းတဲ့စိတ် မကောင်းတဲ့အကြံအစည် ဆိုတာတွေလဲ ၀င်တော့ဝင်လာတတ်တာပဲ။ ၀င်လာတာကို ၀င်လာမှန်းသိလိုက်၊ မကောင်းတာကို မကောင်းမှန်းသိလိုက်ဖို့က အရေးကြီးတယ်။ မကောင်းမှန်းသိလိုက်တာနဲ့ ရှေ့မဆက်နဲ့တော့။ အဲဒီစိတ်အခြေခံပြီး ဆိုးတဲ့လုပ်ငန်းတွေ အကျိုးဆက်တွေကို ဆက်လက်မဖြစ်စေဖို့ ဆိုလိုတာက မကောင်းတဲ့ စိတ်ကြောင့် မကောင်းတဲ့စကားတွေပြော၊ မကောင်းတဲ့အလုပ်တွေလုပ်၊ မကောင်းတဲ့ အတွေးအခေါ်တွေ တွေးခေါ်ကြတာပါ။ မကောင်းတဲ့စိတ်ပေါ်ခိုက်မှာ ပေါ်တယ်သိလိုက်ရင် သိလိုက်တဲ့အချိန်မှာ ရပ်ပစ်၊ ကောင်းတဲ့စိတ်နဲ့အစားထိုးပေါ့။ ဒါဆိုရင် ကောင်းတဲ့ အပြော၊ အလုပ်၊ အကြံတွေ ဖြစ်ပေါ်လာမယ်လေ။ ဒီလို ကောင်းမြတ်တဲ့ စိတ်ဓာတ်ဖြစ်အောင် အမြဲကြိုးစားနေသူဟာ မကောင်းတဲ့စိတ်တွေ ၀င်လာဦးတော့ ကြာရှည် အဖြစ်မခံဘူး။ သိလိုက်တာနဲ့ အမြန်မောင်းထုတ်လိုက်မယ်။ ဒါဆို စိတ်ကောင်းနဲ့ နေနိုင်တဲ့သူ ဖြစ်လာပြီး ကိုယ့်စိတ်ကိုယ် နားလည်သူလဲ ဖြစ်လာပါတော့တယ်။ ကိုယ့်စိတ်ဟာ အပြစ်ကင်းနေတဲ့စိတ်လို့ ကိုယ်ကိုယ်တိုင်သိနေသူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိလာပါတယ်။ ကောင်းမြတ်တဲ့စိတ် အခြေခံတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့သာ အလုပ်တွေလဲလုပ်ပါ၊ စကားတွေလဲပြောပါ၊ အကြံအစည် အတွေးအခေါ် တွေလဲ တွေးခေါ်ကြံစည်ပါ။ အရင်ကနဲ့ မတူဘဲ ထူးခြားအောင်မြင်လာတာ တွေ့မြင်ရ ပါလိမ့်မယ်။ ဒီလို မှန်မှန်ကန်ကန် နားလည်လာရင် အရမ်းယုံ အကန်းယုံ ဟိုယုံ ဒီယုံ ယုံတာမျိုးတွေ ဖြစ်မလာတော့ပါဘူး။ ကိုယ့်ကိုယ်ကိုလဲ ပိုမိုနားလည်လာမယ်။ နားလည်လာ လေ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်တွေ ပိုမိုလာလေဖြစ်လာပြီး ပီပြင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
Monday, December 20, 2010
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၈)
ဗုဒ္ဓဘာသာတွင် ရောထွေးယုံကြည်လျက် ရှိနေသော ထွက်ရပ်ပေါက် ပြဿနာတစ်ခု မကြာမကြာ ရေပန်းစား လာတာကို တွေ့ရတတ်ပါတယ်။ ဗုဒ္ဓက ထွက်ရပ်ပေါက်ပုဂ္ဂိုလ် အကြောင်း မပြောခဲ့ပါဘူး။ အားလဲ မပေးပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်က အရှင်ထွက် ထွက်တယ်၊ အသေထွက် ထွက်တယ် စသည်ဖြင့် တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လေထဲတွင်ဖြစ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် လံကြုပ် လုပ်ကြံ ပုံပြင်တွေနဲ့ ယုံကြည်နေကြတာတွေ ပေါ်ပေါ်လာတာ မကြာခဏဆိုသလိုပါပဲ။ လူတွေဟာ သေရမှာကြောက်လို့ မသေရာနည်းလမ်းကို ရှာဖွေရာကနေ အသေထွက် အရှင်ထွက် ပြဿနာတွေ ပေါ်လာရတယ်လို့ သုံးသပ်လို့ရပါတယ်။ အသေထွက် ဆိုတာကတော့ သာမန်ဦးနှောက်နဲ့ စဉ်းစားလိုက်ရင်တောင် ရှင်းပါတယ်။ မည်သူမဆို သေမှတော့ အသေထွက်လို့ပြောလို့ရတာပေါ့။ ဒါပေမယ့် လောကမှ အပြီးအပိုင်ထွက်ခွါပြီး နိဗ္ဗာန်ရောက် တာမျိုးတော့ ဘယ်ဖြစ်နိုင်မလဲ။ အသေနဲ့ ဒီဘ၀က ထွက်၊ နောက်ဘ၀ ပြောင်း၊ ဒီလိုယူဆမယ်ဆိုရင်တော့ အသေထွက်မှာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေ ယုံကြည်နေကြတာက သေပြီးတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်အဖြစ်နဲ့ ထွက်သွားတယ်လို့ ယုံကြည်နေကြတာက မှားနေတာပါ။ အရှင်ထွက်ဆိုပြီး ယုံကြည်မှုမျိုးရှိနေပါသေးတယ်။ အသက်ရှင်ပြီးထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ် သွားတယ်ဆိုတဲ့ ယုံကြည်မှုပါပဲ။ ဘုရား ရဟန္တာတို့တောင်မှ အရှင်လတ်လတ် ထွက်ခွင့်မရှိဘဲ ဒို့ သာမန် ဘိုးတော်ယောင်ယောင် ရသေ့ယောင်ယောင် ပုဂ္ဂိုလ်မျိုးတွေ အရှင်ထွက် ထွက်တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ နဲနဲလောက်များ စဉ်းစားဉာဏ်လေး ထည့်ကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒါလေးလောက်ကို မစဉ်းစားချင်ကြဘဲ သူများပြောတိုင်း ယုံကြည်နေကြတော့ အလွဲအမှား ယုံကြည်မှုမျိုးတွေ ဖြစ်ကုန်ကြတာပေါ့။ ဒီယုံကြည်မှုတွေကို ကောက်ကြောင်းလိုက်ကြည့်လိုက်တဲ့အခါမှာ ဗုဒ္ဓစာပေကလာတဲ့ သဥပါဒိသေသနိဗ္ဗာန်နဲ့ အနုပါဒိသေသနိဗ္ဗာန် ဆိုတဲ့ ဝေါဟာရကို လွဲမှားစွာနားလည်ခဲ့ကြရာ ကနေ ပေါ်လာတယ်ဆိုတာ တွေ့ရပါတယ်။ သဥပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာရှိတုန်း ရတဲ့နိဗ္ဗာန်၊ မသေခင် ရဟန္တာဖြစ်သွားလို့ ထိုပုဂ္ဂိုလ်မသေခင်မှာ ခံစားရတဲ့နိဗ္ဗာန်မျိုးကို သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်တာပါပဲ။ တကယ် ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်များကိုတော့ အရှင်ထွက်ထွက်တယ်လို့ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ သူက (၃၁)ဘုံမှာ ဘ၀တွေပြန်ဖြစ်စရာ မလိုတော့တဲ့အတွက် အသက်ရှင်လျက်ရှိစဉ်မှာပင် နိဗ္ဗာန်မြင်နေရလို့ အရှင်ထွက်လို့ ပြောသော်လဲ မမှားပါဘူး။ အခု ဒီနေ့ ယုံကြည်နေကြတဲ့ အရှင်ထွက်က ဒီလိုမဟုတ်ဘဲ အသက်ရှင်လျက်နဲ့ပဲ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်အဖြစ်နဲ့ ထာဝရ ရပ်တည်နေနိုင်တယ် ဆိုတဲ့ယုံကြည်မှုမျိုး ဖြစ်နေတာတွေ့ရတယ်။ သေရမှာ ကြောက်လို့ ကြံဖန်ပြီး ဇွတ်မှိတ်ယုံကြည်နေကြတဲ့သဘောပါ။ တကယ့် နိဗ္ဗာန်ရောက်ကြောင်းမှ မကျင့်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ အရှင်လတ်လတ်မထွက်နိုင်ဘူးဆိုတာ သိမြင်သဘောပေါက် ထားဘို့လိုပါတယ်။ ဒါကြောင့် တကယ် ၀ိပဿနာကျင့်ကြံလို့ မဟုတ်ဘဲ ဘိုးတော်တွေကနေ အရှင်ထွက်လမ်းကို ဖန်တီးထားတာဖြစ်လို့ ဗုဒ္ဓစာပေကလာတဲ့ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာနဲ့ လားလားမှ မသက်ဆိုင်တာကို တွေ့ရပါတယ်။ ဘိုးတော်ဆိုသူတွေက သူတို့ကိုယ်သူတို့ အထက်ပုဂ္ဂိုလ်ဆိုပြီး မဂ်ဖိုလ်ရတဲ့သဘောမျိုး သွယ်ဝိုက်ပြီး ပြောနေကြတာဖြစ်တယ်လို့ နားလည်လိုက်ပါ။ အမှန်အကန်မဟုတ်တဲ့ လံကြုပ်တွေပဲလို့ မှတ်လိုက်ပေါ့။ ထို့အတူပဲ အသေထွက်ဆိုတာကလဲ အနုပါဒိသေသနိဗ္ဗာန်ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားလည်ခံယူမှု လွဲမှားနေတာမျိုးပါ။ အနုပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းအကျန်မရှိ တော့တဲ့အခါ ရရှိတဲ့ နိဗ္ဗာန်၊ ဘုရား ရဟန္တာတို့ ပရိနိဗ္ဗာန်စံပြီးနောက်မှာ ရရှိတဲ့နိဗ္ဗာန်ကို ဆိုလိုတာပါ။ ဘုရား ရဟန္တာတို့ကို အသေထွက် ထွက်တယ်လို့ ပြောရင်တော့ စကားလုံးကတော့ ခပ်နိမ့်နိမ့်ဖြစ်နေပေမယ့် အနုပါဒိသေသနိဗ္ဗာန်ဆိုတဲ့ စကားလုံးနဲ့တော့ ကိုက်ညီနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဘိုးတော်တွေ ရသေ့တွေ ဂိုဏ်းဆန်ဆန်ပုဂ္ဂိုလ်တွေ အသေထွက်ထွက်တယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ သေပြီးတော့ နောက်ဘ၀ အပါယ်ထွက်သွားတယ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ ဒါဟာလဲ သူတို့ကိုယ်သူတို့ အဆင့်မြင့်တဲ့ ကျင့်စဉ်တွေကျင့်နေလို့ သေပြီးနောက် မသေရာရောက်တယ်လို့ ခံယူပြီး ပြောနေကြတဲ့ သဘောပါပဲ။ သေရမှာ ကြောက်လို့ လံကြုပ်လုပ်ထားတယ်လို့သာ မှတ်လိုက်ပေတော့။ ဒီပို့စ်လေးဖတ်ပြီးရင် အသက်(၁၀၀၀)ကျော်ရှည်တဲ့ ဆရာတော်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် စသည်တွေ့လာပါက ဒါဟာ လံကြုပ်ပဲလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အသိဉာဏ်လေးတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလို မှန်ကန်တဲ့ ဆုံးဖြတ်ချက် ကိုယ်တိုင်ချနိုင်မယ် ဆိုရင် လွဲမှားတဲ့ယုံကြည်မှုမျိုးတွေနဲ့ တွေ့ရမယ့် အန္တရာယ်က ကင်းဝေးလို့ မှန်ကန်တဲ့ဘက်က ရပ်တည်နိုင်ပြီး ပီပြင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဘ၀ကို လျှောက်လှမ်းနိုင်တဲ့ ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက်ဖြစ်ပြီပေါ့။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၉)
ဗုဒ္ဓဘာသာမှာ ရောထွေးယုံကြည်လေ့ရှိနေတဲ့ အခြားအရာလေးတွေ ရှိနေသေးတယ်။ အဲဒါတွေက ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ ဆိုတာတွေပါ။ ၀ိဇ္ဇာကို ၀ိဇ္ဇာဓိုရ်လို့လဲ ခေါ်လေ့ရှိကြတယ်။ ၀ိဇ္ဇာဓရ ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထားတာပါပဲ။ ပုဂ္ဂိုလ်တစ်မျိုးလို့ယုံကြည်ကြလေရဲ့။ ဖြစ်နိုင်တာကတော့ သမထကျင့်ပြီး ပေါက်ရောက်နေတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ပါလိမ့်မယ်။ ၀ိပဿနာမကူးနိုင်ဘဲ ရေလိုက်လွဲသွားတဲ့ သူမျိုးတွေပါ။ သမထပေါက်သွားတော့ အစွမ်းအစ တွေရှိလာတယ်။ အဲဒီအစွမ်းအစတွေကို ကောင်းတဲ့နေရာမှာ အသုံးမပြုဘဲ မကောင်းရာမှာ အသုံးချလေ့ရှိတဲ့ စွမ်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်သွားတာပါပဲ။ ကိုးကွယ်ဆည်းကပ်ရမယ့် သူမျိုးထဲမှာ ထည့်သွင်းထားလို့ မရပါဘူး။ ရေလိုက်လွဲသွားတဲ့ အခါကျတော့ သူ့သမထအစွမ်းက မှော်ပညာရပ်ဆန်ဆန် ဖြစ်သွားတော့တယ်။ ဘုရားဟောစာပေတွေမှာလဲ ဒဏ္ဍာရီဆန်ဆန် ၀ိဇ္ဇာဓိုရ်တို့အကြောင်း အနည်းအပါး တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘုရားဟော ကျမ်းဂန်တွေမှာ လာတဲ့ ၀ိဇ္ဇာဓိုရ်ဆိုသူတွေဟာ သူတော်ကောင်းတွေ မဟုတ်ပါဘူး။ သူများသားမယား ခိုးကြောင်ခိုးဝှက် ဖောက်ပြားတဲ့ပုဂ္ဂိုလ်၊ ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်မျိုးတွေသာ တွေ့ရတာပါ။ ဇော်ဂျီဆိုတာကတော့ တရားကျင့်တဲ့ ပုဂ္ဂိုလ်အမျိုးအစားပါ။ ဇော်ဂျီဟာ ဘယ်လို ပြောင်းလဲလာတဲ့ စကားလုံးလဲ ဆိုတာ စကားလုံးပြောင်းလဲဖြစ်စဉ်လေး ပြောပြချင်ပါတယ်။ ပါဠိမှာ ယောဂီ (yogi) လို့ရှိပါတယ်။ ယ (y) နဲ့ ဇ (j) ဟာ အသံတူမျိုးစုတွေမို့ ပြောင်းလဲလို့ရတဲ့ (changeable) စကားလုံးတွေပါ။ Jesus မှ မြန်မာမှာ ယေရှု (yeshu) ဖြစ်လာတယ်။ ဇ (j) မှ ယ (y) ပြောင်းလဲသွားတာပေါ့။ ဒီအတိုင်းပဲ ယ (y) မှလဲ ဇ (j) သို့ပြောင်းလဲလေ့ရှိပါတယ်။ ယ၀ (မုယောစပါး) (yava) ဆိုတဲ့ ပါဠိကို အခုခေတ်မှာ ဂျာဝါး (java) လို့ခေါ်နေတာတွေ့ဘူးမှာပါ။ ဇ (j) မှ ယ (y) သို့ ပြောင်းလဲလာတာမျိုးပါပဲ။ ဒါကြောင့် ဇ (y) နဲ့ ယ (j) ဟာ အသုံတူတယ်လို့ ဘာသာဗေဒမှာ ဆိုပါတယ် (" J " and " y " are the same sound.)။ ဒီအတိုင်းပဲ ယောဂီ (yogi) မှ ဇောဂီ (jogi)၊ ဇောဂီ မှ တစ်ဖြည်းဖြည်း အသံပြောင်းလဲလာပြီး ခေါ်လို့လွယ်တဲ့ ဇော်ဂျီ ဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့် ဇော်ဂျီဆိုတာ ယောဂီ လို့သာ မှတ်လိုက်ပေါ့။ ဒို့မြန်မာလူမျိုးတွေ နားလည်ထားတဲ့ တုတ်ကလေးတစ်ချောင်း ကန့်လန့်ကိုင်ပြီး ကနေတဲ့ လူလိုလို အကောင်လိုလို ပုံလေးမဟုတ်ပါဘူး။ နားလည်မှု လွဲနေတာပါ။ ဒီလို မှားယွင်းစွာနားလည်ရာကနေ ဇော်ဂျီဖိုလ်ဝင်သား စားရင် ဘုရင်ဖြစ်မယ်၊ သိဒ္ဓိပြီးတယ် ဆိုတာတွေ ဒဏ္ဍာရီဆန်ဆန် ဖြစ်လာခဲ့တာပါပဲ။ ဒါကို ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့ ဖိုလ်ဝင်စားတယ်ဆိုတာ ဗုဒ္ဓဘာသာမှာ အဆင့်မြင့်တဲ့ နိဗ္ဗာန်ချမ်းသာကို မသေခင် ခံစားကြည့်နေတာမျိုးပါ။ အဲဒါကို ဖလသမာပတ်ဝင်စားတယ်လို့ခေါ်တယ်။ မြန်မာလို လွယ်လွယ်ပြောတော့ ဖိုလ်ဝင်စားတယ်ပေါ့။ ယောဂီက တရားကျင့်လို့ မဂ်ဖိုလ်ရသွားရင် သူက ဖိုလ်ဝင်စားမယ်။ သူဖိုလ်ဝင်စားနေတုန်း သူ့အသားကို သတ်စားရင် သူ့အကျင့်တွေ ကိုယ့်ထံမှာ ကူးစက်ပြီး သိဒ္ဓိပေါက်အောင်မြင်တယ်လို့ ဆိုတဲ့ ရှေးခေတ်ကတည်းက ယုံကြည်လက်ခံလာခဲ့ကြတဲ့ ယုံကြည်မှုအမှားကြီး တစ်ရပ်ပါပဲ။ ကိုယ်တိုင် အားမထုတ်ချင်ဘဲနဲ့ တစ်ယောက်ယောက် တရားအားထုတ်လို့ သူတရားရနေတုန်း သူ့အသားသတ်စား၊ သူ့ဓာတ်က ကိုယ့်ထံကူး ဆိုတဲ့ လူမိုက်ယုံကြည်မှုကြီးပါ။ တရားကို အချောင်ရချင်တဲ့ အယူအဆတစ်ရပ်ပါပဲ။ တော်တော်ကြောက်ခမန်းလိလိ လွဲမှားတဲ့ ယုံကြည်မှုမျိုးပါ။ ဒို့ဗုဒ္ဓဘာသာတွေက ဒီလိုတော့ ဂဃ နဏ မသိပါဘူး။ ဒါပေမယ့် ဇော်ဂျီဖိုလ်ဝင်သား စားတဲ့ ပုံပြင်တွေတော့ ဒီနေ့အထိပြောနေကြတုန်းပါပဲ။ ဇော်ဂျီဆိုတာ အကောင်မဟုတ်ဘူး၊ ယောဂီပဲလို့ စွဲစွဲမြဲမြဲမှတ်လိုက်ပါ။ တပသီဆိုတာကလဲ မိုးပျံမြေလျှိုးနေတဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ပါဘူး။ ပါဠိမှာ တပဿီ လို့ရှိပါတယ်။ အကျင့်တရား ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်မျိုးပါပဲ။ ရသေ့ယောဂီမျိုးလို့လဲ ပြောလို့ရ ပါတယ်။ ဒီ ၀ိဇ္ဇာဓိုရ်၊ ဇော်ဂျီ၊ တပသီ ဆိုတာတွေဟာ ရတနာသုံးပါးလို ကိုးကွယ်ယုံကြည်အားထားရမယ့် ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ သမထ သို့မဟုတ် ၀ိပဿနာတရားကျင့်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေသာ ဖြစ်တယ်။ အချို့က သမထပေါက်ပေါက်ရောက်ရောက် အားထုတ်ပြီး လောကီဘက်ကိုသာ လိုက်စားသွား ကြတာတွေ ရှိတယ်။ အချို့ကျတော့ ၀ိပဿနာ ဆက်လက်အားထုတ်နေတာတွေ ရှိတယ်။ တရားရတဲ့ပုဂ္ဂိုလ်တွေလဲ ရှိ မရတဲ့ပုဂ္ဂိုလ်တွေလဲရှိပေါ့။ သူ့အကျင့်သူ ကျင့်နေတာပါပဲ။ ကိုယ်နဲ့ ဘာမှမဆိုင်ပါဘူး။ သူ့အသား သတ်စားလို့ သူသာ သေသွားမယ်၊ သူရတဲ့တရား ကိုယ်ရလာမှာမဟုတ်တဲ့အပြင် ကိုယ်ပါ လူသတ်မှု ထပ်ကျူးလွန်နေဦးမယ်။ ရှုထောင့်တစ်မျိုးမှ ကြည့်မယ်ဆိုရင် ရှေးခေတ်က ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုတဲ့သူတွေက ဒီအယူအဆတွေကို ဗုဒ္ဓဘာသာဝင်တွေအကြား နားရိုက်သွင်းခဲ့ကြတာဖြစ်နိုင်ပါတယ်။ ဇော်ဂျီဖိုလ်ဝင်သားစား ဘယ်လိုဖြစ်မယ် စသည်ဖြင့် ၀ါဒဖြန့်တော့ လူတွေက တကယ်မှတ်ပြီး တရားကျင့်တဲ့သူတွေကို လိုက်သတ်၊ ကင်စား၊ ဖုတ်စား စသည်လုပ်လာကြတဲ့အခါ တရားကျင့်သူတွေ မကျင့်ရဲတော့ဘူး။ ဒီလိုနဲ့ ဘာသာတရား ဆုတ်ယုတ်ပျက်ပြား သွားနိုင်တာပေါ့။ ဒါကြောင့် ဒီလိုလွဲမှားစွာ ယုံကြည်မှုမျိုးတွေကို သာသနာဖျက်ယုံကြည်မှု မျိုးတွေလို့ ကောက်ချက်ချလို့ရပါတယ်။ ဒါကြောင့် ဝေါဟာရတွေကို လွဲမှားစွာ နားလည်မှု (wrong concept of the terms) တွေကို ရှင်းရှင်းလင်းလင်း အမှန်အတိုင်း သိထားစေချင်ပါတယ်။ ဒါလောက်ဆိုရင် ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီဆိုတာ အကောင်တွေ မဟုတ်ဘူး။ တရားကျင့်နေတဲ့သူတွေကို ပြောတယ်ဆိုတာ သဘောပေါက် လောက်ပါပြီ။
Wednesday, December 22, 2010
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၀)
ဒို့လူမျိုးတွေ လွယ်လွယ်နဲ့ ကြီးပွားချင်ခဲ့ကြတာ ဒီနေ့ခေတ်မှ မဟုတ်ဘူး၊ ရှေးခေတ်ကတည်းကဆိုတာ သက်သေပြလို့ရတယ်။ ဘာလဲဆိုရင် နဂါးနီသီချင်းဆိုတာ ကြားဘူးကြမှာပါ။ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ မ တဲ့ကိန်းဆိုက်မည်- ဆိုတာလေ။ ဘိုးဘိုးအောင်တို့ ရှင်အဇ္ဇဂေါဏတို့များ မ စ မယ်ဆိုရင် ချမ်းသာမယ်လို့ ယုံကြည်ကြတာကိုးဗျ။ အလုပ်လုပ်မှ ချမ်းသာမယ်လို့ သိတောင်သိထားဟန်မတူပါဘူး။ အလကားရတာတွေနဲ့ ချမ်းသာချင်တဲ့သဘောပေါ့ဗျာ။ လုပ်ပုံက ပုဂံပြည်ကြီး ချမ်းသာခဲ့တာ၊ ဘုရား ပုထိုးတွေ ဒီလောက်များများ တည်နိုင်ခဲ့တာဟာ ရှင်အဇ္ဇဂေါဏက ရွှေမိုး ငွေမိုးရွာချလို့တဲ့။ ကောင်းကြသေးရဲ့လား။ ပုဂံပြည်ကြီးဟာ ထီးစိုက်နန်းစိုက်မြို့ကြီးဖြစ်ခဲ့လို့ အဲဒီခေတ်က အနော်ရထာမင်းတို့လို သြဇာညောင်းတဲ့ မင်းတွေ အဆက်ဆက် ကြီးစိုးအုပ်ချုပ်ခဲ့တော့ မြန်မာပြည် တစ်နံတစ်လျားက အခွန်ဘဏ္ဍာတွေဟာ ပုဂံပြည်မှာပဲ လာရောက်ဆက်သကြရ တာဖြစ်တော့ ချမ်းသာပြီပေါ့။ ဒါပေမယ့် ဒီလို မင်းကောင်းမင်းမြတ်တွေရဲ့ ကဏ္ဍတွေကို ဘေးဖယ်ထားပြီး ရှင်အဇ္ဇဂေါဏက ရွှေမိုးငွေမိုး ရွာလို့ ချမ်းသာတယ်လုပ်လိုက်တာလေ။ ရှင်အဇ္ဇဂေါဏရာဇ၀င်ကလဲ မျက်စိနှစ်လုံး ကွယ်သွားလို့ ဆိတ်မျက်စိတစ်လုံး နွားမျက်စိတစ်လုံးနဲ့ အစားထိုးထားရတယ်ဆိုပဲ။ အဇ္ဇ ဆိုတဲ့ပါဠိက ဆိတ်၊ ဂေါဏ ဆိုတာ နွား။ ဆိတ်မျက်စိတစ်လုံးနဲ့ နွားမျက်စိတစ်လုံး အစားထိုးခွဲစိပ် လဲလှယ်ကုသခဲ့တယ်ဆိုတာ ယုံကြည်ပြောဆို နေကြတယ်လေ။ ဘယ်လောက် အရုပ်ဆိုးလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပေတော့။ ဒါကြီးက ရွှေမိုးငွေမိုးတွေ ရွာလို့ ပုဂံပြည်မှာ ဘုရားတွေ ပေါခဲ့တာတဲ့။ ဒီလံကြုပ်တွေဟာ ရှေးမြန်မာမင်းတွေကို စော်ကားသလို ဖြစ်နေတာကိုတော့ သတိမထားမိကြဘူးလေ။ မင်းတွေ ကောင်းလို့ ချမ်းသာခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီကြားထဲ ဆိတ်နွားမျက်စိနဲ့လူက ဘယ်လိုလုပ် ရွှေမိုး ငွေမိုးတွေ ရွာနိုင်ခဲ့တယ်မသိပါဘူး။ ဒါဟာ အလုပ်မလုပ်ဘဲ အခြောက်တိုက် ကြီးပွားချမ်းသာချင်လို့ မိုးပေါ်ကျ ရွှေငွေတွေ မျှော်လင့်ခဲ့ရာကနေ လံကြုပ်ဒဏ္ဍာရီ ပေါ်လာခဲ့တယ် ဆိုတာ ထင်ရှားပါတယ်။ ဒီနေ့အထိ ဒို့ဗုဒ္ဓဘာသာ အချို့က ဘိုးဘိုးအောင် မ စ မှာ မျှော်ကိုးပြီး ငှက်ပျောတွေ အုန်းတွေနဲ့ ကိုယ်တောင် မစားဘဲနဲ့ ပွဲတင်ထားလေ့ရှိကြတာ အံ့သြစရာပါ။ ကိုယ်တိုင် အလုပ်ကို ကြိုးစားမလုပ်ချင်ဘဲနဲ့ ဘိုးဘိုးအောင် မ စ မှာကို မျှော်ကိုးနေကြတယ်။ ကိုယ်တိုင်လုပ်လို့ ချမ်းသာလာပြန်တော့လဲ ဘိုးဘိုးအောင် မ စ လို့ဆိုကာ ကိုယ့်အစွမ်း ကိုယ့်အစတွေကို ဘိုးဘိုးအောင်ထံ ပုံချလိုက်ပြန်ရော။ ပြီးတော့ ဖိုလ်သမားများကလဲ ရှိသေးတယ်။ ပြဒါးသေ တစ်ဆွေ ၀၊ သံသေ တစ်ပြေ ၀ ဆိုတဲ့ ဆိုရိုးတွေနဲ့ ဖားဖိုနားက မခွါနိုင်ဘဲ ဖိုထိုးနေကြတာတွေ ဒီနေ့အထိပါပဲ။ ဒါလဲ စဉ်းစားကြည့်။ ရိုးသားတဲ့ ခံယူချက်မှ မဟုတ်ဘဲ။ ခဲ၊ သံ၊ ကြေး၊ မိုးကြိုး၊ ရွေတွေနဲ့ ရောစပ်ပြီး ရွှေဖြစ်အောင် ထိုးနေကြတာလေ။ ရွှေလေး နဲနဲနဲ့ ရွှေ အများကြီးပွားယူနေကြတာပေါ့။ အောင်မြင်ရင်တော့ မပြောလိုပါဘူး။ ကိုယ့်တိုင်း ကိုယ့်ပြည် ကောင်းစားရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုတာပေါ့။ ခုဟာက ဖိုထိုးဖို့ လုံ ဆိုတာလေးတွေရှိတယ်။ ခဲတို့ သံတို့ ကြေးတို့ ရွှေတို့ ထည့်ပြီး မီးဖိုထဲ ထားရတဲ့ခွက်ကလေးပေါ့။ အဲဒီလုံဝယ်ရတာနဲ့ အမောပဲ။ ဒါကြောင့် ဖိုထိုးသူတွေ ပါးစပ်ဖျားက ထွက်လာတဲ့ စကားက ဖိုထိုးတာ လုံကယ်တယ်တဲ့။ လုံကယ်ဆိုတာ လုံဝယ်ဖို့ ငွေရှာရတာ၊ ဟိုဟာရောင်း ဒီဟာရောင်းနဲ့ ကြာတော့ ဘာမှရောင်းစရာ မရှိ၊ မရှိတဲ့အဆုံး ကိုယ့်ရှိတဲ့ လယ်ပါရောင်းလိုက်ရတော့ ကိုယ့်ရှိတဲ့လယ်လေးတွေ ကုန်တာပေါ့။ သူတို့ရဲ့ သံသေ တစ်ပြေ၀ ဆိုတဲ့ ဆိုရိုးက အတိတ်တဘောင်လို ဖြစ်ပြီး မှန်နေတာပါပဲ။ ဒါပေမယ့် လုပ်နေတာက လွဲနေတယ်။ ဖို ထိုင်ထိုးနေတော့ ဘာမှမဖြစ်ဘဲ တစ်သက်တာ ကုတ်သွားတယ်။ သံသေ တစ်ပြေ၀ ဆိုတာ သံကို နိုင်ရင် တစ်ပြေလုံး ချမ်းသာတာပဲ မှန်တာပေါ့။ သံ ကိုနိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်ရင် ဓားလဲဖြစ် လှံလဲ ဖြစ် သေနပ်လဲဖြစ် အိုး ခွက်ဆိုတာလဲဖြစ် ကားတွေ ရထားတွေ သင်္ဘောတွေ လေယျာဉ်တွေလဲဖြစ် အကုန်ဖြစ်နေတာ သံကို နိုင်လို့ပဲ။ သံကို နိုင်နင်းတဲ့ နိုင်ငံတွေက ကမ္ဘာမှာ ထိပ်တန်းရောက်နေတာ လက်တွေ့ မျက်တွေ့ပဲ။ သံကို နိုင်နင်းတာနဲ့ အဲဒီသံနဲ့ပဲ လောကကြီးကို တိုးတက်ပြောင်းလဲသွားအောင် အတိတ်က ဒဏ္ဍာရီတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်လာတာ။ အတိတ်က မိုးပျံ မြေလျှိုး ရေငုတ် ဆိုတဲ့ ဒဏ္ဍာရီတွေ အခုလက်တွေ့ ကမ္ဘာမှာ လေယျာဉ်တွေ ဂြိုဟ်တုတွေ ရဟတ်ယျာဉ်တွေနဲ့ မိုးပျံပြီး မြေအောက်ရထားတွေနဲ့ မြေလျှိုး၊ ရေငုတ်သင်္ဘောတွေနဲ့ ရေငုတ် ထင်ရာလုပ်နိုင်နေတာဟာ သံကို နိုင်လို့ပါ။ လုံထဲထည့်ပြီး သံကို မီးပူပေးနေတော့ ဘာနည်းပညာမှ တိုးတက်မလာဘဲ ပုဆိုးမီးလောင်ဖောက်ရုံနဲ့ လုံကယ်ရုံပဲ အဖတ်တင်ကျန်နေတာ သံကို ရွှေဖြစ်အောင်လုပ်နေတဲ့ သူတွေပေါ့။ ဒါတွေအားလုံးကို ကောက်ချက်ဆွဲကြည့်လိုက်ရင် ဒို့ဗုဒ္ဓဘာသာတွေ အရမ်းချမ်းသာချင်ခဲ့တယ် ဆိုတာတွေ့ရပါတယ်။ ဒါပေမယ့် အလုပ်မလုပ်ချင်ပဲနဲ့ ချမ်းသာချင်နေတာလို့လဲ အဖြေထွက်လာတယ်။ သူများ မ စ မှ ချမ်းသာမယ်၊ ကိုယ့်အစွမ်းကိုယ့်အစနဲ့တော့ မလွယ်ဘူးဆိုတဲ့သဘောပေါ့။ ဒါကြောင့် ရွှေမိုးငွေမိုး ရွာမယ့် ဒဏ္ဍာရီတွေ ဖန်တီး ပြောဆိုနေကြ၊ လုံကယ် လယ်ကုန်တဲ့ အလုပ်ကြီးဖြစ်တဲ့ ဖိုထိုး၊ ရွှေနှမ်းစေ့လောက်နဲ့ ရွှေတုန်းကြီးဖြစ်အောင် လုပ်ကြနဲ့ စိတ်ကူးယဉ်လမ်းကြားထဲမှာပဲ မျက်စိလည်နေကြလေရဲ့။ ပြောချင်တာက စိတ်ကူးယဉ်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန်တွေ ဘေးချိတ် လက်တွေ့ကောင်းကျိုးရှိမယ့် အလုပ်တွေကိုသာ ကြိုးစား လုပ်ကိုင်ကြမယ်ဆိုရင် စိတ်ကူးယဉ်လမ်းကြားထဲ ကနေ လက်တွေ့လမ်းပေါ်ရောက်လာမှာပါ။
Thursday, December 23, 2010
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၁)
ဗုဒ္ဓတရားတော်များကို ကိုယ်သိသလောက် လိုက်နာကျင့်သုံးမယ်ဆိုရင် လိုက်နာတဲ့အတိုင်းအတာ တစ်ခုအထိ လူတော်လူကောင်းလဲဖြစ် နိုင်ငံသားကောင်းလဲ ဖြစ်လာနိုင်တာပါပဲ။ ဘုရားရှင်က ဘယ်လိုပုဂ္ဂိုလ် သူတော်ကောင်းဖြစ်တယ် ဆိုတာကို တရားနာတဲ့သူအပေါ် မူတည်ပြီးတော့ အဓိပ္ပါယ်ဖွင့်ဆို ဟောကြားလေ့ရှိပါတယ်။ ဒါကြောင့် တစ်နေရာမှာ ဟောတာနဲ့ နောက်တစ်နေရာမှာ ဟောတာ တူချင်မှ တူမှာပါ။ သို့သော်လည်း အနှစ်သာရအနေအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။ ခုဒ္ဒကနိကာယ်မှာ ဟောထားတဲ့ သူတော်ကောင်းဖြစ်ရေး လူတော်လူကောင်းဖြစ်ရေးတရားဒေသနာလေး အကျဉ်းချုပ်ဟောထားတာ ဒီနေ့ ပြောပြချင်ပါတယ်။ ပညာရှိ သူတော်ကောင်းဖြစ်ဖို့အတွက် (၁) ကျေးဇူးသိရမယ်၊ (၂) သိတဲ့အတိုင်း ဆပ်နိုင်ရမယ်၊ (၃) မိတ်ကောင်းရှိရမယ်၊ (၄) ရှိထားတဲ့ မိတ်ကောင်းဆွေကောင်းတွေထံမှာလဲ အမြဲဆည်းကပ်လေ့ရှိရမယ်၊ (၅) ကိုယ့်ရှေ့မှောက်မှာ တွေ့ရတဲ့ ဒုက္ခသည်များကိုလည်း တတ်စွမ်းသလောက် အကူအညီပေးရမယ်။ ဒီအင်္ဂါ (၅) ရပ်နဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တယ်ဆိုတာ ဟောထားပါတယ်။ (ယော ဝေ ကတညူ ကတဝေဒီ ဓီရော၊ ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊ ဒုက္ခိတဿ သက္ကစ္စံ ကရောတိ ကိစ္စံ၊ တထာဝိဓံ သပ္ပုရိသံ ၀ဒန္တိ။) ဒီဒေသနာမှာ အရေးအကြီးဆုံး အချက်ကို ရှေ့ဆုံးထားဟောထားပါတယ်။ ကျေးဇူးသိဖို့ပေါ့။ လူ့လောကမှာ ဒီအချက်ဟာ တော်တော်အရေးကြီးလွန်းလို့ မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ အလုပ်ရှင်ကျေးဇူး၊ ဆွေမျိုးကျေးဇူး၊ မိတ်ဆွေကျေးဇူး စသည်ဖြင့် ရှိဖူးသောကျေးဇူးတရားတို့ကို အသိအမှတ်ပြုတတ်ဖို့ သိတတ်တဲ့ စိတ်ကလေးရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျေးဇူးကို သိနားလည်ထားတတ်ရင် ကိုယ့်အပေါ် ကျေးဇူးရှိတာပဲ လို့ သိနေတဲ့အတွက် အလေးတယူ ပြုမူဆက်ဆံတဲ့ အကျင့်ဖြစ်လာပါတယ်။ ကိုယ့်အပေါ် ကျေးဇူးရှိဖူးတဲ့သူတွေနဲ့ တွေ့ရင် စိတ်ထဲမှာ အမြဲတမ်းခင်မင်ဖော်ရွေမှုတွေ ဖြစ်နေမယ်။ မဆပ်နိုင်သေးသော်လဲ ကျေးဇူးကိုတော့ အသိအမှတ်ပြုထားတတ်ရင်ကို တော်တော်ကောင်းနေပါပြီ။ ကြုံရင် ကြုံသလို ပေးဆပ်သွားမယ်ဆိုရင် ဒုတိယ အင်္ဂါလဲ ပြည့်စုံသွားတာပေါ့။ ကျေးဇူးဆပ်တယ်ဆိုတာ ငွေကြေးနဲ့မှ မဟုတ်ပါဘူး၊ အကူအညီပေးခြင်းဖြင့်၊ အကြံဉာဏ်ပေးခြင်းဖြင့်၊ တတ်နိုင်တာလေး ပေးခြင်းဖြင့် အယုတ်စွဆုံး အသိအမှတ်ပြုပေးခြင်းဖြင့်ပင် ပေးဆပ်လို့ ရတာပါပဲ။ ကျေးဇူးကို အသိအမှတ်မပြုနိုင်ရင် ပေးဆပ်ဖို့နေနေသာသာ ကျေးဇူးပင် ကန်းလာတာတွေ တွေ့ရမှာပါ။ ဒါကြောင့် ကျေးဇူးသိသူတွေက ကျေးဇူးဆပ်လေ့ရှိသော်လဲ ကျေးဇူးမသိတတ်သူတွေမှာတော့ ကျေးဇူးကန်းလေ့ရှိကြတာ လောကမှာ မျက်မြင်ကိုယ်တွေ့ ရှိကြမှာပါ။ ဒါဆို ကျေးဇူးမသိတတ်သူ ကန်းတတ်သူတွေဟာ သူတော်ကောင်းလဲမဟုတ်၊ ပညာရှိလဲ မဟုတ်ဘူးလို့ ကောက်ချက်ချလိုက်တော့။ သူတော်ကောင်းဖြစ်ဖို့ မိတ်ကောင်းဆွေကောင်းလဲ လိုအပ်ပါတယ်။ စရိုက်ဆိုတာ အတုမြင် အတတ်သင်ပါပဲ။ မကောင်းတဲ့သူနဲ့ နေထိုင်ပေါင်းသင်းတော့ အဲဒီလူရဲ့အမူအကျင့်တွေက ကိုယ့်ထံ ကူးစက်တတ်ပါတယ်။ ကောင်းတဲ့သူနဲ့ ပေါင်းသင်းရင် ကောင်းတဲ့အကျင့်တွေ အမွေရမှာပေါ့။ ဘယ်သူနဲ့တော့ လုံးဝမပေါင်းရဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ အမြဲတမ်းပေါင်းသင်း ဆက်ဆံရမယ့်သူ ဆည်းကပ်ရမယ့်သူကို ဆိုလိုတာ။ လူဆိုတာ သူ့နေရာနှင့်သူ အသုံးတည့်နေကြတာချည်းပါပဲ။ သို့သော်လဲ အမြဲတသွေ ဆည်းကပ်ပေါင်းသင်းဖို့ သူငယ်ချင်းရွေး၊ မိတ်ဆွေရွေးချယ်ရာမှာ လူရွေးမမှားဖို့ လိုအပ်တာကို ပြောတာပါ။ တစ်ချို့ကျတော့လဲ ကိုယ်မကြိုက်ပေမယ့် စိတ်ပေါင်း ကိုယ်ခွါဆိုသလိုပေါ့။ အဆင်သင့်အောင် ကြည့်နေရတာပါ။ တကယ်လို့များ စိတ်ကောင်းမရှိတဲ့ မိဘတွေနဲ့ အတူနေရတယ်ဆိုရင်တောင်မှ မိဘကျေးဇူးကိုတော့ သိထား၊ သိတဲ့အတိုင်းတော့ ပေးဆပ်၊ ဒါပေမယ့် သူတို့ထံက အမူအကျင့်ဆိုးတွေ ကိုယ့်ထံ မကူးစက်အောင် ရှောင်တတ်ရမယ်ပေါ့။ အဓိကကတော့ မကောင်းတဲ့ဓာတ်တွေ ကိုယ့်ထံ မကူးစက်ဖို့၊ ကောင်းတဲ့ဓာတ်တွေတော့ ကူးချင်သလောက် ကူးပါစေ။ ဒါကြောင့် လူတော်လူကောင်းနဲ့ပေါင်းဖော်မိဖို့၊ ဆရာကောင်းသမားကောင်းနဲ့ မိတ်ဆွေဖြစ်ဖို့ လိုအပ်ပါတယ်။ သူတော်ကောင်းနဲ့ မိတ်ဆွေတော့ ဖြစ်တယ်၊ ဆည်းကပ်မှုမရှိဘူး၊ နည်းယူမှုမရှိဘူးဆိုရင်လဲ ဟင်းအိုးမွှေတဲ့ ဇွန်းကြီးလိုပါပဲ။ ဇွန်းဟာ မွှေတော့မွှေတယ်၊ ဟင်းရဲ့အရသာကို သူမသိဘူး၊ မခံစားရဘူး။ ဒါကြောင့် သူတော်ကောင်းတွေနဲ့ မိတ်ဖြစ်အောင်ကြိုးစား၊ ဆည်းကပ်နည်းယူဖို့ဟာလဲ လောကမှာ အရေးကြီးပါတယ်။ တစ်ခုတော့ ရှိတယ်၊ သူတော်ကောင်းထင်လို့ ဆည်းကပ်လိုက်တယ်၊ တကယ်တမ်း ကိုယ်လိုချင်တဲ့ သူတော်ကောင်း အမူအကျင့်တွေမရှိဘူး၊ အကျင့်ဆိုးတွေပဲ တွေ့မြင်နေရရင်လဲ ဇွတ်မှိတ် ဆည်းကပ်မနေရဘူး။ သူတော်ကောင်းမတွေ့သေးဘူးဆိုရင် စိတ်ကောင်းထားတတ်သူ စိတ်ထားပြည့်ဝသူ မတွေ့သေးဘူးဆိုရင် တွေ့တဲ့အချိန်အထိစောင့်ပေါ့။ ဒါပေမယ့် လူဆိုတာလဲ ဘက်စုံကောင်းတဲ့သူက တော်တော် ရှားပါတယ်။ စိတ်သဘောထားကကောင်းပေမယ့် ဆဲဆိုတတ်တဲ့သူ၊ ကူညီချင်စိတ်တော့ ရှိတယ်၊ ဒါပေမယ့် စိတ်တိုတတ်တဲ့သူ၊ မှန်တော့မှန်တယ် ဒါပေမယ့် အပြောမတတ်တဲ့သူ၊ သူ့စကားနားထောင်ရင် ဘာမဆို အကူအညီပေးတတ်တဲ့သူ စသည်ဖြင့် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေမတူပဲ ကောင်းကွက်လေးတွေ ရှိနေတာတွေလဲ ရှိပါတယ်။ ဒါဆိုရင် မကောင်းတဲ့ အကျင့်တွေဖယ် ကောင်းတဲ့အမူအကျင့်တွေ ယူနိုင်ရမယ့်ပေါ့။ ဒါဆိုလဲ မိတ်ကောင်းရှာ၊ ဆည်းကပ်ဆိုတဲ့ အင်္ဂါနှစ်ချက် ပြည့်စုံသွားပါတယ်။ နောက်ဆုံးတစ်ချက်က မရှိဆင်းရဲသား ဒုက္ခသည်များကို တတ်စွမ်းသလောက် အကူအညီပေးပါတဲ့။ ကိုယ့်ဘေး ၀န်းကျင်မှာ ဆင်းရဲဒုက္ခရောက်နေသူတွေ တွေ့ရင် အကျိုးရှိအောင် ကူညီပေးတတ်ဖို့လဲ လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်နေ စိတ်ထား ချိန်ဆပြီး လိုအပ်တဲ့အတိုင်းအတာနဲ့ ကူညီရမှာပါ။ ကိုယ်က ကားနဲ့ သူလဲ ကားစီးချင်မှာပဲဆိုပြီး အိမ်ဘေးက ဆင်းရဲသားတွေကို ကားတစ်စီးစီ ၀ယ်ပေးရမှာမျိုးမဟုတ်ပါဘူး။ အစာရေစာ ငတ်ပြတ်နေလို့ မစားရ မသောက်ရဖြစ်နေရင် စားရ သောက်ရဖြစ်အောင်၊ မ၀တ်ရ မဆင်ရဖြစ်နေရင် ၀တ်ရ ဆင်ရဖြစ်အောင်၊ ကျန်းမာရေးအရ ဆေးဖိုးဝါးခ မရှိရင် ဆေးဖိုးဝါးခ စသည် လိုအပ်တာလေးတွေ ကူညီပေးဖို့ပါပဲ။ လူဆိုတာကလဲ အလကားပေးလို့ အလကားရမှန်းသိရင် အမြဲတမ်း အလကားလိုချင်နေတာ။ ဒီတော့ ငါ ဒါပေးမယ်၊ မင်းတို့က ဘာလေး ပြန်ကူညီပေး၊ ဘယ်လမ်းကို မင်းတို့ ၀ိုင်းဝန်း သန့်ရှင်းရေးလုပ် စသည်ဖြင့် တန်ရာ တန်ရာ ပေါ့။ အလကား အပေးမဖြစ်အောင် တစ်ခုခုလေးနဲ့ တုံ့ပြန်ခိုင်းမှ သဘာဝကျတဲ့ ပေးကမ်းမှုမျိုးဖြစ်ပါတယ်။ သနားတယ်ဆိုတာလဲ စည်းကမ်းနဲ့ သနားတတ်မှ၊ သနားလွန်ရင် အလိုလိုက်သလိုဖြစ်ပြီး ကိုယ့်ပြန်ပတ်တတ်တယ်။ ဥပမာ ဒီအိန္ဒိယမှာ သနားလို့ သူတောင်းစားတစ်ယောက်ကို ပေးလိုက်တယ်၊ အဲဒီ သူတောင်းစားက သူ့အဖော်တွေသွားခေါ် ဒီလူက ပေးတယ်ဆိုပြီး ၀ိုင်းဖွဲ့လာတောင်း၊ အချို့နေရာတွေမှာဆို တောင်းရင်းနဲ့ မပေးလို့ လုတဲ့အဆင့်ထိ ရောက်သွားတာတွေ့ရတယ်။ တောင်းသလောက် ပေးပြန်တော့လဲ ဂျပန်မတစ်ယောက်က သူ့ဆီ လာတောင်းသလောက်ပေး၊ ပေးလေ တောင်းတဲ့သူတွေ များလာလေနဲ့ နောက်တော့ ပေးစရာကုန်သွားလို့ မပေးနိုင်တဲ့အခါမှာ သူတို့တော့ပေးပြီး ငါတို့တော့ မပေးရကောင်းလားဆိုပြီး ၀ိုင်းရိုက်ကြလို့ သေသွားတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုလဲ ကြားဖူးတယ်။ ဒါကြောင့် သနားတာတောင်မှ စည်းကမ်းနဲ့ သနားရတယ်။ မသနားတတ်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်တတ်တယ်။ အသနားလွန်ရင် အလိုလိုက်သလိုဖြစ်သွားတတ်တယ်။ ပေးနေမှန်းသိရင် ရချင်နေမယ်၊ ရနေမှန်းသိရင် အလုပ်မလုပ်လဲ သူကပေးနေတာပဲ ဆိုပြီး အလုပ်မလုပ်ချင်တော့ဘူး။ ဒီလို အကျင့်ပျက်ဘက် ယိုင်သွားတတ်တယ်။ ဒါကြောင့် ဆင်းရဲဒုက္ခသည်တွေကို ပေးတော့ပေး၊ တုန့်ပြန်မှုရှိတဲ့ အပေးမျိုးဖြစ်ပါစေ။ အရေးပေါ် လိုအပ်နေတဲ့ အကူညီမျိုးဆိုရင်တော့ ဥပမာ ရေဘေး၊ မီးဘေးစသည်ပေါ့၊ ဒါမျိုးကိစ္စတွေမှာတော့ အထိရောက်ဆုံးနည်းလမ်းကို ရှာကြံပြီး အကူအညီပေးရတယ်။ ဒါမျိုးကိစ္စတွေမှာ သိပ်နှောင့်နှေးနေလို့ မဖြစ်ဘူးလေ။ ဒါပေမယ့် ဒုက္ခသည်ထံ မရောက်ဘဲနဲ့ ကြားတင်ပျောက်သွားမှာမျိုးတွေတော့ သတိထားရတာပေါ့။ ဒါဟာ ဘုရားဟောတဲ့ သူတော်ကောင်းဖြစ်မြောက်ရေး တရားဒေသနာကို ဖွင့်ဆိုရှင်းပြပေးတာပါ။ အဲဒီ (၅)ချက်အတိုင်းသာ လိုက်နာကျင့်သုံးနေထိုင်ကြမယ်ဆိုရင် လူတော်လူကောင်းလဲဖြစ်၊ ပညာရှိလဲဖြစ်ပါတယ်။ နိုင်ငံအတွက် ကောင်းကျိုးပြုမယ့် တိုင်းသူပြည်သားကောင်းတွေလဲ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၂)
မနေ့က ဟောင်ကောင်က မဟာယာနဘုန်းကြီးတစ်ပါး သူ့နာမည်က ဓမ္မဇောတိတဲ့။ သူက India နိုင်ငံ Mumbai မြို့ K.J. Somaiya College မှာ အဘိဓမ္မာနဲ့ ပတ်သက်တဲ့ လက်ချာ (lecture) တစ်ခု ပေးသွားတယ်။ Director of Department for Buddhist Studies က lecture ကို တက်ရောက်ရန် တိုက်တွန်းသဖြင့် သွားရောက်နားထောင် ခဲ့တယ်။ အဘိဓမ္မာကို ပြောရင်းနဲ့ သူက သူတို့ဂိုဏ်းက ပစ (paja) ကို အဓိကထားတယ်။ ပစဆိုတာ ထေရ၀ါဒမှာ ပညာပဲတဲ့။ ပညာဟာ misunderstanding, wrong understanding လဲရှိနိုင်တယ်တဲ့။ ဒီစကားတစ်လုံးက သူ အဘိဓမ္မာကို နားမလည်ဘူး မတတ်ဘူးဆိုတဲ့သဘောကို ပြလိုက်တာပါပဲ။ ဒါကြောင့် ဒို့ဗုဒ္ဓဘာသာတွေ ပညာဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာ ပြောချင်စိတ်ပေါက်လာတယ်။ ဒို့ဗုဒ္ဓဘာသာမှာ ပညာဆိုတာ အမှားသိမရှိဘူး။ အမှန်သိပဲရှိတယ်။ ပညာမှာ အဆိုးမရှိဘူး။ အကောင်းပဲရှိတယ်။ မှားတယ်ဆိုရင် ပညာမဟုတ်ဘူး။ ဒိဋ္ဌိ သို့မဟုတ် သညာပဲ ဖြစ်မယ်။ ဒီတော့ ယနေ့ မြန်မာစကားမှာ တွင်တွင်သုံးနေတဲ့ ပညာဆိုတဲ့ စကားလုံးကလဲ ပါဠိကလာတဲ့ ပညာအဓိပ္ပါယ်နဲ့ များစွာ ကွဲလွဲနေတာ တွေ့ရပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ မွေးစားစကားလုံးဆိုတော့ ကိုယ့်မြန်မာစကားလုံး ဖြစ်နေပြီလေ။ အသိပညာ၊ အတတ်ပညာ မှန်သမျှကို ပညာလို့ ပြောဆိုနေကြတာဟာ မြန်မာစကားလို့သာ မှတ်လိုက်ပါ။ လောကီဆိုင်ရာ အရပ်သုံးဖြစ်တဲ့ ၀ိဇ္ဇာ သိပ္ပံ ပေါ့။ ၀ိဇ္ဇာ ဆိုတာ အသိပညာ၊ သိပ္ပံ ဆိုတာ အတတ်ပညာ။ ဒါပေမယ့် ဗုဒ္ဓဘာသာက ပြောတဲ့ ပညာက အသိပညာ အတတ်ပညာအားလုံးကို ပညာလို့ မသတ်မှတ်ဘူးဆိုတာလေး သိစေချင်တာပါ။ ပညာတွေသင်တယ်၊ စာမေးပွဲတွေ အောင်တယ်၊ ဘွဲ့တွေ ရတယ်၊ လက်မှတ်တွေရတယ်။ ဒါကို အားလုံးက ပညာလို့ သိနေကြ နားလည်နေကြတယ်။ ပြောလဲ ပြောနေကြတယ်။ တကယ်တော့ အဘိဓမ္မာရှုထောင့်က ကြည့်ရင် ဒါဟာ သညာသိ သိနေတာတွေပါပဲ။ ဒီအသိတွေ ပညာတွေထဲမှာ မှားတာလဲ ပါမယ်၊ မှန်တာလဲပါမယ်။ ကောင်းတာလဲ ပါမယ်၊ ဆိုးတာလဲ ပါမယ်။ ကုသိုလ်ဖြစ်ကြောင်းလဲ ပါမယ်၊ အကုသိုလ်ဖြစ်ကြောင်းလဲ ပါမယ်။ အစုံပါနိုင်တာပေါ့။ ဥပမာ ဆေးကျောင်းသားတွေ ဆိုရင် တိရစ္ဆာန်လေးတွေ ခွဲစိပ်စမ်းသပ်ရတာ၊ ဖားတွေ ငါးတွေ ခွဲစိပ်ကြည့်ရတာ စသည်ဖြင့်၊ လက်နက်လုပ်တဲ့ပညာ၊ အဆိပ်လုပ်တဲ့ပညာ စသည်ဖြင့် ဒါတွေဟာ ပညာဆိုတဲ့စကားလုံးထဲမှာ အကုသိုလ်ဖြစ်ကြောင်းတွေ ပါနေတာလေ။ ကားမောင်းတတ်တာလဲ ပညာ၊ ဈေးရောင်းတတ်တာလဲ ပညာ၊ တိုက်ခိုက်တတ်တာလဲ ပညာ၊ သတ်ဖြတ်တတ်တာလဲ ပညာ၊ ဖဲရိုက်တတ်တာလဲ ပညာ၊ စုန်းကဝေအတတ်ကိုတောင်မှ ပညာတတ်တယ်လို့ ဆိုနေကြတာပဲ။ လောကမှာတော့ ဒီလိုပဲသုံးနေကြတာ။ ပညာဆိုတဲ့ ပါဠိကို မြန်မာစကားလုံးအဖြစ် မွေးစားယူလိုက်ပြီး အဘိဓမ္မာက ပြောတာထက် ပိုမိုကျယ်ဝန်းများပြားတဲ့ အဓိပ္ပါယ်တွေ ထည့်သွင်းယူလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာစကားဖြစ်သွားတော့ မြန်မာနားလည်တဲ့အတိုင်းပဲ ထားလိုက်ပေါ့။ အဲဒါတွေအားလုံးကို ပညာလို့ပြောတဲ့အတိုင်း ပညာလို့သာသိထား လိုက်ပေါ့။ ဒါပေမယ့် ဒီမှာ ဗုဒ္ဓဘာသာမှာ သုံးထားတဲ့ ပညာအကြောင်း အတိအကျ ပြောချင်တာပါ။ ပညာမှာ အဆိုးမရှိဘူး၊ အကောင်းသာ ရှိတယ်၊ အမှားမရှိဘူး၊ အမှန်သာ ရှိတယ်၊ အကုသိုလ်ဖြစ်ကြောင်း မရှိဘူး၊ ကုသိုလ်ဖြစ်ကြောင်းသာ ရှိတယ်။ ဗုဒ္ဓအလိုကျ ပြောပြရမယ်ဆိုရင် ကုသိုလ်ဖြစ်ကြောင်းအလုပ်တွေမှာ ပညာပါတဲ့ ကုသိုလ်ရှိမယ်၊ ပညာမပါတဲ့ကုသိုလ်ရှိမယ်။ ဒါကြောင့် ကုသိုလ်ဖြစ်ကြောင်းမှန်သမျှ ပညာပါတယ်လို့တော့ ပြောလို့မရဘူး။ ပညာပါတဲ့ ကုသိုလ်ရှိမယ်၊ မပါတဲ့ကုသိုလ်လဲရှိမယ်။ ပညာပါတော့ ဉာဏသမ္ပယုတ်- ဉာဏ်ပါတယ်ပေါ့၊ မပါတော့ ဉာဏ၀ိပ္ပယုတ်- ဉာဏ်မပါဘူးပေါ့။ ဒီလိုပြောပါတယ်။ ဒါပေမယ့် ပညာကြောင့် အကုသိုလ်ဖြစ်တယ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ပညာစစ်မှန်ရင် အကုသိုလ် မဖြစ်ဘူး၊ ပညာ မစစ်မှန်မှ အကုသိုလ်ဖြစ်တာ။ အဘိဓမ္မာစကားနဲ့ပြောရင် ပညာက အကုသိုလ်စိတ်နဲ့ အတူတွဲမဖြစ်ဘူး။ ဒါ လိုရင်းပဲ။ ဒါမသိရင် ဗုဒ္ဓဘာသာက ပြောတဲ့ပညာအကြောင်း နားမလည်နိုင်ဘူး။ မြန်မာစကားသုံးပညာနဲ့ ရောထွေးနေတတ်တယ်။ ဒါကြောင့် မြန်မာစကားသုံး ပညာနဲ့ ဗုဒ္ဓဘာသာသုံး ပညာကို ကွဲကွဲပြားပြား သိထားစေချင်တယ်။ အခု ရှင်းလင်းချက်ပေးနေတာက ဗုဒ္ဓဘာသာသုံး ပညာအကြောင်းပါ။ ပညာကို ဉာဏ်လို့လဲခေါ်တယ်၊ သမ္မာဒိဋ္ဌိလို့လဲ ခေါ်တယ်။ အကောင်းအဆိုး အကြောင်း အကျိုး ကွဲကွဲပြားပြား သိတဲ့ အသိလေးပေါ့။ မှန်မှန်ကန်ကန် သိတဲ့အသိလေး၊ အကုသိုလ် အပြစ်ကင်းတဲ့ အသိလေးပေါ့။ ဒီလို သိတဲ့ အသိကို ပညာလို့ခေါ်ပါတယ်။ ကုသိုလ်ရကြောင်း အလုပ်တွေမှာ ပညာပါတာလဲ ရှိ၊ မပါတာလဲ ရှိမယ်။ ဈာန်ရကြောင်း အကျင့်တွေမှာ ပညာပါတယ်၊ မဂ်၊ ဖိုလ်ရကြောင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေမှာ ပညာပါတယ်။ ပညာမပါရင် ဈာန်လဲ မရဘူး၊ မဂ် ဖိုလ်လဲ မရဘူး၊ နိဗ္ဓာန်လဲ မရောက်ဘူး။ ဈာန်ရကြောင်းဆိုရင် သမထပညာပေါ့၊ မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်းဆိုရင် ၀ိပဿနာ ပညာပေါ့။ ပညာတော့ ပါရတာချည်းပဲ။ ဒါကို တိတိကျကျ မသိတဲ့အခါကျတော့ ၀ိပဿနာလုပ်မှ ပညာဖြစ်တယ်ထင်နေတာ။ တော်တော်လွဲချော်နေကြတာတွေ ရှိတယ်။ အခုပြောခဲ့တဲ့စကားတွေကို ပြန်ပြီး ခြုံငုံကြည့်လိုက်ပါ။ ကုသိုလ်မှာလဲ ပညာပါနိုင်တာပဲ။ ဈာန်မှာကျတော့ ပညာ ပါကို ပါရတယ်။ မပါရင် ဈာန်ကို မရဘူးလို့ မှတ်လိုက်။ ဒါပေမယ့် ဘာပညာလဲဆိုရင် သမထပညာ။ ၀ိပဿနာလုပ်တော့ ၀ိပဿနာပညာပေါ့။ ပညာက ပါပါတယ်။ အဆင့်လေးတွေ ကွာသွားတာ။ ကုသိုလ်ပညာ၊ သမထပညာ၊ ၀ိပဿနာပညာ ဒီလို ကွာသွားတာ။ ပညာမှန်ရင် ဘယ်ပညာမှ အပါယ်မပို့ဘူးဆိုတာကိုလဲ မှတ်လိုက်ပါဦး။ ဒီ concept တွေ အယူအဆတွေ မသိတဲ့အခါကျတော့ ကုသိုလ်လုပ်နေတာ တောင်မှ အပါယ်ရောက်ကြောင်းထင်နေတဲ့ လူတွေက ရှိနေတတ်တယ်။ သောဏဒဏ္ဍသုတ်က လာတဲ့အတိုင်း ပြောပြရရင် သီလရှိသူမှာ ပညာရှိ၏၊ ပညာရှိသူမှာ သီလရှိ၏- တဲ့။ ဆိုလိုတာက သီလရှိရင် ကုသိုလ်ရှိတယ်၊ ကုသိုလ်ရှိရင် ပညာရှိတယ်ပေါ့။ ဒီအတိုင်းပဲ ပညာရှိရင် ကုသိုလ်ရှိတယ်၊ ကုသိုလ်ရှိရင် သီလရှိတယ်ပေါ့။ (သီလပရိဓောတာ ပညာ ပညာပရိဓောတံ သီလံ၊ ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ၊ သီလ၀တော ပညာ၊ ပညာဝတော သီလံ)။ ဒါဆိုရင် သီလမရှိရင် ပညာမရှိဘူး၊ ပညာမရှိရင်လဲ သီလမရှိဘူးလို့ နားလည်ရမယ်။ ဒီအခြေခံ သီလ ပညာနဲ့သာ နေထိုင်သွားမယ်ဆိုပါက နောင်ဘ၀အဆက်ဆက် ကောင်းစားရေး မြင့်မြတ်ရေး အထက်တန်းကျရေး အထောက်အပံ့ဖြစ်ပြီး နောက်ဆုံးတော့ နိဗ္ဗာန်ဝင်စံကြရမှာပေါ့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ ကျွတ်တမ်းဝင်ချင်တယ်ဆိုရင်တော့ အခြေခံသီလ ပညာခိုင်မြဲပြီးမှ ဒီထက်မြင့်တဲ့ သမထပညာ၊ ၀ိပဿနာပညာတွေ ပွားမြားယူရင်းနဲ့ ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်မှာပါ။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၃)
ဗုဒ္ဓဘာသာက ဘ၀ကို လက်ခံတယ်။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေ ပြောတဲ့စကားတွေ၊ ရေးတဲ့စာပေတွေထဲမှာ `တကယ်လို့များ နောက်ဘ၀သာ ရှိခဲ့မယ်ဆိုရင်´ လို့ ပြောဆို ရေးသားကြတာလေးတွေ တွေ့တွေ့နေရတယ်။ ဒီစကားလုံးက ဘ၀ကို လက်မခံတဲ့ သဘော၊ လက်ခံယုံကြည်မှု သိပ်မရှိတဲ့သဘောလေးတွေ ပါတယ်ဆိုတာ သတိထားချင်မှ ထားမိကြမှာပါ။
ဘ၀ကို လက်ခံတဲ့အပိုင်းဟာ ဗုဒ္ဓဘာသာမှာ သူတော်ကောင်းတရားတွေ ကျင့်သုံးဖို့အတွက် အလွန်အရေးပါတဲ့အပိုင်း ဖြစ်နေတာတွေ့ရတယ်။ တကယ်လို့များ ဘ၀ကို လက်မခံဘူးဆိုရင် နောက်ဘ၀မရှိဘူးလို့ ခံယူထားတဲ့အတွက် နောက်ဘ၀ကောင်းစားရေး ဘာမှအထူးလိုက်နာနေစရာ မလိုဘူးဆိုတဲ့ ခံယူချက်တွေ ၀င်လာမယ်။ ဒီလို ခံယူထားတဲ့သူတစ်ယောက်ဟာ ဒီဘ၀မှာပင် ကောင်းတဲ့တရားတွေ ကျင့်သုံးလိုက်နာမှု အားနည်းသွားပြီး မကောင်းတဲ့ အမူအကျင့်တွေဘက်ကို အားသာသွားမယ်။ အခြေအနေတစ်ရပ်အနေနဲ့သာ ကောင်းအောင်နေပြီး မကောင်းတဲ့ အလေ့အကျင့်တွေကို အလျဉ်းသင့်ရင် သင့်သလို ကျင့်သုံးသွားမယ်။
ဘ၀နဲ့ပတ်သက်လို့ ဘယ်လိုနားလည်ရမလဲဆိုတော့ အရင်ဘ၀၊ လက်ရှိဘ၀နှင့် နောက်ဘ၀ဆိုပြီး ဒီလို သုံးပိုင်း လောက်သာ ပိုင်းခြားကြည့်လိုက်ပါ။ အရင်ဘ၀ဆိုတာ ဘ၀ပေါင်း မရေတွက်နိုင်အောင် ရှိခဲ့မယ်။ နောက်ဘ၀ဆိုတာလဲ ကျွတ်တမ်းမ၀င်သေးသရွေ့ ဆက်နေရဦးမယ်။ ဒီတော့ လက်ရှိဘ၀ကနေ ထောက်ဆတွေးခေါ် ကြည့်ရမယ်။ ဒါဆိုရင် လက်ရှိဘ၀ လူဖြစ်လာတာဟာ အရင်ဘ၀တစ်ခုခုက ကောင်းမှုကုသိုလ်တွေကြောင့် ဆိုတာ ဗုဒ္ဓအလိုကျ ငြင်းပယ်လို့မရပါဘူး။ လူဖြစ်လာတာတော့ ဟုတ်ပြီ၊ တစ်ယောက်နဲ့တစ်ယောက် တူကြရဲ့လားလို့ ပြန်လည်သုံးသပ် ကြည့်တော့ တစ်အူတုံဆင်း ညီအစ်ကို မောင်နှမအရင်းအချာတွေပင် တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေ တွေ့ရပါလိမ့်မယ်။ ရုပ်ချင်းလဲမတူ၊ အသိဉာဏ် ခံယူချက်ချင်းလဲမတူ၊ ပညာတတ် မတတ်ချင်းလဲ မတူ၊ ချမ်းသာမှုလဲမတူ၊ ဖော်ရွေမှုချင်းလဲမတူ၊ အို ဘယ်အရာမှ မတူကြဘူး။ သူ့ပုံစံလေးနဲ့ သူဖြစ်နေကြတာ တွေ့ရမှာပါ။
ဘာလို့ လူတွေ ဒီလောက် မတူကွဲပြားနေကြတာလဲဆိုတော့ ကံတရားတွေ မတူကြလို့ပါ။ လူတင်မက သတ္တ၀ါတိုင်းမှာ ကံတရားတွေ ကိုယ်စီရှိနေကြတယ်။ သူ့ကံနဲ့ သူ့ဘ၀လမ်းကို လျှောက်လှမ်းနေကြတာပါပဲ။ သူ့အတိတ်ကံကို အခြေခံပြီးတော့ ဘ၀ကိုယ်စီ ရပ်တည်နေကြရတယ်။ ကောင်းတဲ့ကံက ထောက်ပံ့ပေးတော့ ရုပ်ရည်အဆင်းလှပမယ်၊ ချမ်းသာမယ်၊ ဉာဏ်ကောင်းမယ်၊ မြင့်မြတ်တဲ့အသိုင်းအ၀ိုင်းမှာ ဖြစ်ခွင့်ရှိမယ်၊ ဆရာကောင်း သမားကောင်းနဲ့တွေ့မယ် စသည်ပေါ့။ ဒါတွေအားလုံးကိုလဲ အတိတ်က ကောင်းတဲ့ကံ တစ်ခုတည်းက ထောက်ပံ့ပေးမှာမဟုတ်ပါဘူး။ ရုပ်လှစေမယ့်အတိတ်ကံ ပြုခဲ့ဘူးသူမှ ရုပ်လှမှာ၊ ချမ်းသာစေမယ့် အတိတ်ကံပြုခဲ့ဘူးမှ ချမ်းသာမှာ၊ ဉာဏ်ကောင်းစေမယ့် အတိတ်ကံ ပြုခဲ့ဘူးမှ ဉာဏ်ကောင်းမှာ စသည်ဖြင့် ဒီလိုလဲ ခွဲခြားသဘောပေါက်ထားရမယ်။ လူဖြစ်မယ့်ကံကိုတော့ ပြုခဲ့တယ်၊ ဒါပေမယ့် ကောင်းကျိုးဖြစ်ထွန်းမယ့် အခြားကံတွေ မပြုခဲ့မိသူမှာတော့ ဒီဘ၀မှာ ဆင်းတောင့်ဆင်းရဲ အောက်ကျနောက်ကျ နေနေရတာပေါ့။ ချမ်းသာဖို့လဲ အခြေအနေမပေး၊ ပညာတတ်ဖို့လဲ အခြေအနေမပေး၊ မိတ်ကောင်းဆွေကောင်း တွေ့ဖို့လဲ အခွင့်မသာ၊ ဒီလိုနဲ့ ဘ၀ကို နုံချာချာနဲ့ ရပ်တည်ရင်း တစ်သက်တာ ကုန်သွားကြရတဲ့ သူတွေလဲ ရှိတာပါပဲ။ ဒါလောက်ပြောလိုက်ရင် ကိုယ့်ဘ၀နဲ့ ကိုယ့်ကံအကြောင်း တစေ့တစောင်းလောက်တော့ ဆင်ခြင်တတ်လောက်ပြီပေါ့။
ကံနဲ့ ဘ၀ဟာ ခွဲခြားလို့မရပါဘူး။ ကံရှိနေရင် ဘ၀ရှိနေမယ်၊ အ၀ိဇ္ဇာအရင်းခံ တဏှာခြံရံတဲ့ ကံတွေပေါ့။ ဒါဆိုရင် အ၀ိဇ္ဇာ တဏှာ ရှိသရွေ့ ကံတွေရှိနေမယ်။ ကံတွေမကုန်သေးသရွေ့ ဘ၀တွေ ဆက်လက်ဖြစ်တည်နေမယ်။ အ၀ိဇ္ဇာရှိတော့ သစ္စာမသိ၊ သစ္စာမသိတော့ တဏှာနဲ့ ဘ၀တွေမက်မော၊ တွယ်တာ၊ ဒီလိုနဲ့ ဘ၀ကို မရချင်တော့ပါဘူး ဘယ်လောက်ပင် ပြောနေသော်လည်း ကိုယ့်ဘ၀ကိုယ် တွယ်တာတဲ့ ဘ၀တဏှာက ရှိနေလေတော့ ဘ၀တွေ မဆက်ချင်လဲ ဆက်နေရဦးမှာပဲ။ အ၀ိဇ္ဇာ တဏှာ ပြတ်အောင် ကျင့်နိုင်ရင်တော့ ဘ၀တွေလဲ ပြတ်ပြီပေါ့။ ဒါကြောင့် အ၀ိဇ္ဇာ တဏှာ ပြတ်အောင် အားမထုတ်နိုင်သေးသရွေ့တော့ ဘ၀ယုံကြည်ချက်တွေကို မေ့ထားလို့ မရပါဘူး။
အတိတ်ကံ ပေးတဲ့အတိုင်း ဒီဘ၀လေးတော့ ရခဲ့ပြီ။ အတိတ်ကံကပေးလိုက်တဲ့ ဥပဓိရုပ်ရည်၊ အသိုင်းအ၀ိုင်း၊ ၀န်းကျင်၊ ပညာ စသည် အထိုက်အလျောက်တော့ ကိုယ်စီရှိကြတာပါပဲ။ ဒီတော့ ပစ္စုပ္ပန်ကံရော မလိုတော့ဘူးလားဆိုတာကို စဉ်းစားရမှာပါ။ အတိတ်ကံတွေက ဒီဘ၀မှာ သင့်တော်တဲ့ မိဘ၊ အသိုင်းအ၀ိုင်း၊ ၀န်းကျင်၊ ပညာစသည်နဲ့ မိတ်ဆက်ပေးလိုက်တာပါ။ သူမိတ်ဆက်ပေးလိုက်တာလေးကို ကိုယ်က ဆက်လက်အားထုတ်မှုမရှိဘူးဆိုရင် တိုးတက်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ကံတွေ ကောင်းနေရင် ကောင်းသထက် ကောင်းအောင် ဆက်လက်လုပ်ဆောင် ရမှာပါ။ ကိုယ့်ကံတွေက မကောင်းဘူး ညံ့နေတယ်ဆိုရင် အညံ့တွေက အကောင်းတွေဖြစ်လာအောင် ကြိုးစားယူရမှာပါ။ ဒါဆို ကံကိုချည်း အားကိုးနေလို့လဲ မရဘူးဆိုတာ သဘောပေါက်လောက်ပြီပေါ့။ ကံပေါ်မှာ ဉာဏ်တွေ ၀ီရိယတွေ ထပ်ဆင့်ပြီး ကြိုးစားယူမှ ကံမကောင်းသူရော ကံကောင်းသူပါ လက်ရှိဘ၀မှာ ပိုမိုတောက်ပြောင်လာမယ်၊ တင့်တယ်လာမယ်၊ ပြည့်စုံလာမယ်။ ဆိုလိုတာက မချမ်းသာသေးရင် ချမ်းသာအောင်၊ သူတော်ကောင်းဓာတ်ခံအားနဲသေးရင် အားကောင်းလာအောင်၊ ပညာမတတ်ရင် တတ်အောင်၊ ကျန်းမာရေး မကောင်းရင် ကောင်းအောင် ပြုပြင်လို့ရတဲ့အပိုင်းကို ပြုပြင်ယူရပါတယ်။ အတိတ်ကံ ပေးသမျှလောက်နဲ့ ကျေနပ်မနေဘဲ ပစ္စုပ္ပန်ကံတွေ ထပ်ဆင့် အားဖြည့်ဖို့ဟာလဲ အလွန်အရေးကြီးပါတယ်။ လက်ရှိဘ၀ကို အတိတ်က ပေးလိုက်တဲ့ကံအပေါ် အခြေခံပြီး ပစ္စုပ္ပန်ကံတွေနဲ့ အလှဆင်ကြရမှာပါ။
လက်ရှိဘ၀မှာ ကံတွေလုပ်ဆောင်ရင်းနဲ့ (ကံတွေဆိုတာ အလုပ်တွေကိုပြောနေတာ) နောက်ဘ၀အတွက်လဲ တစ်ဖက်တစ်လမ်းက စဉ်းစားချင့်ချိန်ရပါတယ်။ အတိတ်ကံကောင်းလို့ အခု လူ့ဘ၀ရလာခဲ့တာ။ နောက်ဘ၀ အတွက်လဲ ကောင်းတဲ့ကံတွေ လုပ်မှ သင့်တော်မယ်လို့ ခံယူမိထားရင် ဒီဘ၀မှာ မကောင်းမှုတွေ ရှောင်ကြဉ်ချင်စိတ်တွေ အလိုလိုဖြစ်တည်လာတော့တာပါ။ နောက်ဘ၀ ချမ်းသာရေးအတွက် ဒါနလေးပြုဦးမှ၊ နောက်ဘ၀ ကျန်းမာရေးအတွက် သီလလေးစောင့်ဦးမှ၊ နောက်ဘ၀ ပညာတတ်ရေးအတွက် ဘာဝနာလေး အားထုတ်ဦးမှ၊ နောက်ဘ၀ ရုပ်လှရေးအတွက် ဒေါသတွေ လျှော့ဦးမှ၊ နောက်ဘ၀ အသိုင်းအ၀ိုင်း ၀န်းကျင်ကောင်းနဲ့တွေ့ဖို့အတွက် ဣဿာ မစ္ဆရိယတွေ လျှော့ဦးမှ စသည်ဖြင့် ကောင်းတဲ့အလုပ်တွေလုပ်၊ မကောင်းတဲ့ အလုပ်တွေ ကံတွေ ရှောင်ကြဉ်သွားမယ်ဆိုရင် ဒီဘ၀လဲ ကောင်း၊ နောက်ဘ၀အတွက်လဲ အထောက်အပံ့ဖြစ်လို့ နိဗ္ဗာန်ရည်မှန်းလုပ်ရင် နိဗ္ဗာန်ရသည့်တိုင် ကောင်းကျိုးပြုသွားနိုင်ပါတယ်။
လက်ရှိဘ၀ဆိုတာ နှစ်တွေနဲ့ ပိုင်းခြားကြည့်လိုက်တော့ ခဏတာလေးပါ။ အတိတ်ဘ၀တွေကလဲ မရေမတွက်နိုင်၊ နောက်ဘ၀တွေလဲ ဘယ်လောက်ထိ ဆက်လက် ဖြစ်နေဦးမယ်မသိရ။ ခဏတာလေးနေရတဲ့ လက်ရှိဘ၀မှာ အကောင်းဆုံးနေသွားမယ်ဆိုရင် အကောင်းဆုံးကံတွေ ဖြစ်လာပြီး ဒီကောင်းတဲ့ကံတွေကပဲ ဘ၀တွေရဲ့ချုပ်ဆုံးရာ နိဗ္ဗာန်ရောက်အောင် အကျိုးပြုပါတယ်။ ကံမကောင်းလို့ တိရစ္ဆာန်များ ဖြစ်သွားရင် သူများစားဖတ် ၀ါးဖတ်အနေနဲ့ သေကြရမှာဖြစ်ပြီး ကုသိုလ်လဲ လုပ်ခွင့်မသာ၊ တရားဆိုတာလဲ အားထုတ်ခွင့်မရ၊ အလွန်အင်မတန်မှ နစ်နာဆုံးရှုံးရမယ့် သူတော်ကောင်းတရားနဲ့ သွေဖီဆန့်ကျင်သွားမယ့် ဘ၀ဆိုးတွေမှာ ဘယ်လိုမှ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်လို့မရဘူး။ နိဗ္ဗာန်ရောက်နိုင်တဲ့ ဘ၀ကို ရမယ့်ကံတွေလုပ်ထားရင် ဒီဘ၀နဲ့ နိဗ္ဗာန်မရသော်လဲ ပူစရာမလိုပါဘူး။ နောက်ဘ၀တွေအတွက် အထောက်အပံ့ကံတွေ လုပ်ထားပြီပဲ။ ဒီလို ကောင်းတဲ့ကံတွေ လုပ်ဖန်များလာရင် ကိုယ့်သဏ္ဍာန်မှာ ဓာတ်ခံကောင်းတွေ စုလာတယ်။ ဒီဓာတ်ခံကောင်းတွေကို ဒီဘ၀က လေ့ကျင့်ပေးလိုက်တာနဲ့ နောက်ဘ၀တွေမှာပါ အလေ့အကျင့်အဖြစ် ပါသွားပြီး ပါရမီမြောက်တဲ့ ဓာတ်ခံတွေဖြစ်လို့ ဒီကောင်းတဲ့ သူတော်ကောင်းဓာတ်တွေကပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးမယ်ဆိုတာ နားလည်လိုက်ပါ။
ဒါဆိုရင် ဗုဒ္ဓဘာသာမှာ ဘ၀ကို လက်ခံယုံကြည်မှု ဘယ်လောက်အရေးပါတယ်ဆိုတာ အတော်အသင့် ရိပ်မိလောက်ပြီပေါ့။ ဒီလို ဘ၀ယုံကြည်မှုကနေပြီး လက်ရှိဘ၀မှာ အကောင်းဆုံးနေထိုင် ကျင့်သုံးသွားခြင်းဖြင့် ဗုဒ္ဓအလိုကျ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၄)
မနေ့က ဗုဒ္ဓဘာသာဝင်တွေဟာ ဘ၀ကို လက်ခံယုံကြည်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်။ ဘ၀ကို အရေးကြီးတယ်လို့ လက်ခံယုံကြည်ပြီး ဘ၀ကို ဘယ်လို တန်ဖိုးရှိအောင် အသုံးချမလဲဆိုတာလဲ သိဖို့လိုအပ် သေးတယ်။ ဘ၀ကိုတော့ လက်ခံပါရဲ့။ တန်ဖိုးရှိရှိ အသုံးချပုံ ချနည်းမသိတဲ့အခါကျတော့ ကိုယ်မှန်တယ်ထင်ရာတွေ လုပ်ရင်းနဲ့ အမှားလမ်းပေါ် မျောသွားရင်လဲ မကောင်းဘူး။ ကိုယ်မှန်တယ်ထင်တာက တကယ်မှန်နေရင်တော့ မဆိုးဘူး။ တကယ်တမ်း ဘာသာရေးရှုထောင့်က ကြည့်လို့ မှားယွင်းနေတယ်ဆိုရင် နစ်နာဆုံးရှုံးမှုက အလွန်ကြီးမား ပါတယ်။
ဒီဘ၀ ကောင်းစားရင် ပြီးရော နောက်ဘ၀ဆိုတာ နောင်မှလာမှာပဲ ဆိုပြီး ဇွတ်မှိတ်၍ မိုက်မဲနေတာတွေလဲ လောကမှာရှိတတ်တယ်။ ဒါဆို ဘ၀ကိုတော့ လက်ခံတယ်၊ ဒါပေမယ့် နောက်ဘ၀အတွက် ထည့်မတွက်တဲ့သဘောပဲ။ ဒီဘ၀ မှားခဲ့တဲ့ အမှားကြွေးတွေကို နောက်ဘ၀တွေမှာ တန်ဖိုးဖြတ်သတ်မှတ်လို့တောင် မရနိုင်လောက်အောင် အတိုးချပေးဆပ်ရမှာကို ကြိုသိနားလည်ထားရမယ်လေ။ မှားခဲ့တာက တစ်ဘ၀တာ၊ ပေးဆပ်ရမှာက ဘ၀များစွာပေါ့။ ဒီတော့ ဘ၀ကို လက်ခံယုံနဲ့မပြီးသေးဘူး၊ ကိုယ့်ဘ၀ကိုယ်လဲ မြတ်နိုးရတယ်၊ ကိုယ့်ကိုယ်ကို ချစ်ရတယ်။ ဒီလိုပြောတော့ ၀ိပဿနာအမြင်နဲ့ဆိုရင် ဒိဋ္ဌိသံနဲ့ပြောနေတယ်လို့ အပြစ်တင်စရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဘ၀ကို စွဲဖို့ပြောနေသလို ဖြစ်နေတာကိုး။
ဝိပဿနာသဘောအရ ပြောရရင်တော့ ဘ၀ဆိုတာ နာမ်နဲ့ ရုပ်ပါပဲ။ အတိတ်ဘ၀ နာမ်ရုပ်က ဒီဘ၀အထိ လိုက်လာတာမဟုတ်တော့ အတိတ်ဘ၀ နာမ်ရုပ်ဟာ အခုလက်ရှိ နာမ်ရုပ်မဟုတ်ပါဘူး။ အတိတ်မှာပဲ ကျန်နေခဲ့ပြီ။ အခု လက်ရှိ နာမ်ရုပ်ဆိုတာလဲ နောင်ဘ၀ ရမယ့် နာမ်ရုပ်မှ မဟုတ်ဘဲ။ အခုပေါ်တဲ့ နာမ်ရုပ်က အခုပျောက်သွားတာကိုး။ မျက်စိတစ်မှိတ် မျက်တောင်တစ်ခတ်တောင်မှ မကြာဘူး။ ဒါဆို အရင်ဘ၀ကလဲ နာမ်ရုပ် အစဉ်အတန်းတစ်ခုပဲ။ အခုဘ၀လဲ နာမ်ရုပ် အစဉ်အတန်းတစ်ခုပဲ။ ဒီဘ၀မှာ နာမ်ရုပ်သိမ်းတဲ့ နိဗ္ဗာန် မရဘူးဆိုရင် နောင်လဲ နာမ်ရုပ် အစဉ်အတန်းက ဆက်လက်ဖြစ်ပေါ်ဦးမယ်။ ဒါဖြင့် အတိတ်ဘ၀က နာမ်ရုပ်နဲ့ လက်ရှိဘ၀ နာမ်ရုပ် ဘာမှမဆိုင်ဘူးလားဆိုတော့ ဒီလိုလဲမဟုတ်ဘူး။ အကြောင်း အကျိုးအနေနဲ့တော့ ဆက်တယ်။ ပျက်တော့ ပျက်သွားတယ်။ ပြတ်မသွားဘူး လို့ယူဆလိုက်ပါ။
ဒါဆိုရင် အတိတ်နာမ်ရုပ်က အတိတ်ဘ၀တစ်ပိုင်း၊ ယခုလက်ရှိ နာမ်ရုပ်က ယခုဘ၀တစ်ပိုင်း၊ နောင်လာမယ့်ဘ၀မှာ ဖြစ်မယ့် နာမ်ရုပ်က နောက်ဘ၀ပေါ့။ ဒီလို အပိုင်းပိုင်း ဖြစ်ပြီးပျက်နေတဲ့ နာမ်သဘော ရုပ်သဘောတွေကို (တကယ်တော့ အချိန်မရွေး စက္ကန့်မလပ် ဖြစ်ပြီးပျက်နေကြတာပါ) ငါပဲ ငါ့ဘ၀ပဲလို့တော့ ဒီလို စွဲနေစရာမလိုဘူးပေါ့။ ဒီလိုမစွဲရဘူးဆိုပေမယ့် သံသရာလည်ရမယ့် နာမ်ရုပ်ခေါ်တဲ့ ဘ၀တွေအတွက် ဘယ်လိုလုပ်မလဲ။ ငါမဟုတ် နာမ်နဲ့ရုပ်ဆိုပြီးတော့ ထင်ရာတွေလုပ်ကြရမှာလား။ ကိုယ်လုပ်သမျှတွေထဲမှာ ပါတဲ့ ကုသိုလ်စေတနာ၊ အကုသိုလ် စေတနာ ဆိုတဲ့ ကံတရားတွေက ဖြစ်ပြီးပျက် ပေါ်ပြီးပျောက်နေရစ်ခဲ့ပေမယ့် နောင်အလျဉ်းသင့်ရင် သင့်သလို အကျိုးပေးဖို့အတွက် အကြောင်းတရားတွေအဖြစ်နဲ့ ချုပ်နေခဲ့တာ။ လုံးဝ ပြတ်တောက်သွားတာမဟုတ်ဘူး။ နာမ်ရုပ်အစဉ် မချုပ်ဆုံးသေးသရွေ့၊ နိဗ္ဗာန်မရသေးသရွေ့ အကြောင်းတိုက်ဆိုင်ရင် အကျိုးတွေ ပြန်လည်ပေါ် လာမယ်။ ကောင်းတဲ့ကံတွေက ကောင်းကျိုးတွေ ပြန်ပေါ်ပြီး ဆိုးတဲ့ကံတွေက ဆိုးကျိုးတွေ ပြန်ပေါ်လာမယ်။ အဲဒီတော့ ဘာမှမဆိုင်တဲ့ အခြားနာမ်ရုပ်တွေဆီ ကျော်လွန်ပြီးတော့ အကျိုးပေးမှာမဟုတ်ဘူး။ ဒီအကြောင်းအကျိုး ကွင်းဆက်မိမိနဲ့ ဖြစ်ပြီးပျက်လာခဲ့တဲ့ နာမ်ရုပ်အစဉ်မှာပဲ အကျိုးတွေလာ ပေါ်မှာဖြစ်ပါတယ်။ ဒါကြောင့် အများနားလည်လွယ်တဲ့ စကားနဲ့ပြောရင် ကိုယ့်နာမ်ရုပ်ဖြစ်စဉ်ဟာ ကိုယ့်ဘ၀ပဲ။ သူ့နာမ်ရုပ်ဖြစ်စဉ်ဟာ သူ့ဘ၀ပဲ။ ကိုယ်လုပ်တဲ့ ကံတွေက သူများထံ သွားပြီး အကျိုးမပေးဘူး။ အရှိန်ရိုက်ခတ်တာလောက်တော့ ဖြစ်တတ်တာပေါ့။ ဒါကြောင့် အများနားလည်တဲ့စကား ဘုရားလဲ ဟောတဲ့စကားနဲ့ ပညတ်တင်ပြီး ကိုယ့်ဘ၀ကိုယ် မြတ်နိုးရမယ် လို့ပြောလိုက်တာပါ။
ကိုယ့်ဘ၀ကိုယ် မြတ်နိုး၊ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ပဲ ဘုရားကလဲ သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဆိုပြီး ကောသလမင်းကို ဟောခဲ့တယ်လေ။ သားကိုချစ်တယ်၊ သမီးကိုချစ်တယ်၊ မိဘကိုချစ်တယ်၊ ဇနီးကိုချစ်တယ်၊ ခင်ပွန်းကိုချစ်တယ် ဘယ်လိုပင်ပြောနေပါစေ။ ကိုယ့်ကိုယ်ကိုထက်တော့ ဘယ်သူမှ ပိုမချစ်ကြပါဘူး။ ကိုယ်မချိ အမိသော်လဲ သားတော်ခဲဆိုသလိုပေါ့။ ကိုယ့်ကိုယ်ကို ချစ်တာတော့ ဟုတ်တယ်၊ ဘယ်လိုချစ်ရမလဲ။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကုသိုလ်တွေ များများလုပ်၊ အကုသိုလ်တွေ မဖြစ်အောင်နေပေါ့။ အကုသိုလ်တရားတွေ ရှောင်ကြဉ်၊ အဆိုးလမ်းတွေရှောင်ပြီး အကောင်းလမ်းက လျှောက်လှမ်းနေရမယ်။ ဒါဆို ကိုယ့်ကိုယ်ကို ချစ်ရာရောက်မှာပါ။ လူမှုရေး၊ စီးပွားရေး စသည် ဘယ်အရေးမှာမှ မတရားမလုပ်နဲ့။ သမာသမတ် ကျကျစဉ်းစား၊ သမာသမတ်ကျကျ လုပ်၊ သမာသမတ်ကျကျ ပြော။ ဘ၀ကိုထိခိုက်မဲ့ အမှားမျိုးတွေ မဖြစ်အောင် ဆင်ခြင်၊ ပြောဆို၊ လုပ်ကိုင်၍ ထိန်းထိန်းသိမ်းသိမ်းနဲ့ လက်ရှိဘ၀မှာ လျှောက်လှမ်းနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို စောင့်ရှောက်နေတာပါ။ ကိုယ့်ကိုယ်ကို ကယ်တင်နေတာပါ။ ပထမအရွယ်၊ ဒုတိယအရွယ်တွေမှာ တရားအားမထုတ် နိုင်ခဲ့ဘူးဆိုရင် တတိယအရွယ်ရောက်ရင်တော့ တရားဘာဝနာအားထုတ်နိုင်အောင် ကြိုးစား၊ ဒါဆို ဗုဒ္ဓအလိုကျ ဘ၀နေနည်းပါပဲ။ ဘုရားက ဗောဓိရာဇကုမာရကို ဒီအတိုင်းပဲဟောခဲ့တာ။ (အတ္တာနံ စေ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။ တိဏၰမညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။)
ဒီလို ဘ၀ကို မြတ်နိုး ဘ၀ကို တန်ဖိုးထားတတ်လာပြီဆိုရင် ကိုယ့်ဘ၀ဟာ တောက်ပြောင်သထက် တောက်ပြောင်၊ မြင့်မြတ်သထက် မြင့်မြတ်လာမယ်။ ကိုယ့်ဘ၀ကိုယ် ကောင်းသထက်ကောင်းအောင် ကြိုးစားလာမယ်။ ကိုယ့်ဘ၀ ကောင်းမွန်မြင့်မြတ်လာရင် ကိုယ့်ဝန်းကျင်၊ ကိုယ့်လောကအတွက်လဲ ကောင်းကျိုးတွေဖြစ်၊ ကောင်းဂုဏ်တွေတက်လို့ ဗုဒ္ဓအလိုကျ ဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်လာမှာပါ။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၅)
ဆောင်းပါးလေးတွေ ပေါ့ပေါ့ပါးပါးဖတ်လို့ရအောင် နေ့စဉ်ရေးပြီး တင်ပြနေတာက ဗုဒ္ဓဘာသာကို နားလည်နိုင်အောင်၊ နားလည်တဲ့အတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကျင့်သုံးနိုင်အောင်၊ လမ်းမှားမရောက်အောင်၊ အစွန်းမရောက်အောင် ပြောပြချင်လို့ပါ။ ဒီလိုမှ ပြောပြမယ့်သူမရှိရင် ဗုဒ္ဓဘာသာကို ဘောင်ကျဉ်းကျဉ်းနဲ့ ကောက်ချက်ချထားတာတွေချည်း တွေ့မြင်ကြားသိ နားလည်နေကြတော့ ဗုဒ္ဓတရားတွေက ကောင်းတယ်၊ ဒို့က မလိုက်နာနိုင်လို့သာဆိုပြီး ဆင်ခြေတွေနဲ့ပဲ အချိန်ကုန်သွားကြတယ်။ တကယ်လိုက်နာဖို့ အခက်အခဲတွေရှိနေတတ်တယ်။ တကယ်တော့ ဘုရားဟောတဲ့ တရားတော်တွေကို ကိုယ်လိုက်နာနိုင်သမျှ လိုက်နာ၊ ကောင်းကျိုးချမ်းသာတွေ ရရှိခံစားရမှာ မလွဲဘူးဆိုတာလေး သိထားစေချင်တာပါ။
တစ်ချို့က ကိုယ်လိုရာကို တစ်ဖက်စွန်းရောက် ပြောပြီး ဒီလိုမှမဟုတ်ရင် မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာ၊ မိဘတွေက ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာဖြစ်လာတာ၊ မိရိုးဖလာ ဗုဒ္ဓဘာသာ စသည်ဖြင့် အပြစ်ပြပြောဆိုပြီး ဝေဖန်ထောက်ပြ နေကြတော့ ဗုဒ္ဓဘာသာဝင်တွေ အထိနာလွန်းတယ်။ ဒါကို ဒို့ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ထိလို့ထိမှန်းမသိဘဲ အပြောကောင်းသူက ပြောသွားတာဆိုတော့ `ဟုတ်တယ်´ လို့ခေါင်းညိတ် ထောက်ခံပြီး အားရကျေနပ်နေကြတယ်။ ဒီတော့ အပြောကောင်းသူနောက်ကို ယောင်ယမ်းခေါင်းညိတ်လိုက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကုန်ကြတာပေါ့။ ဒီလို ဘောင်ကျဉ်းကျဉ်းလေးအတွင်းမှာ ပုံစံအချခံထားရတဲ့ ဗုဒ္ဓဘာသာဝင်တွေဘ၀က လွတ်မြောက်ပြီး လွတ်လပ်ပေါ့ပါးစွာနဲ့ပဲ ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်သုံးနိုင်ရင် ဗုဒ္ဓဘာသာဝင်လို့ ခေါ်ထိုက်တာပါပဲ။
ဘုရားဟောတဲ့ ဂါထာလေးတစ်ပုဒ်ကို နားလည်လို့ အဲဒီဂါထာလေးတစ်ပုဒ်အတိုင်း လိုက်နာကျင့်သုံးနေရင်လဲ ဗုဒ္ဓဘာသာပဲပေါ့။ ဥပမာ- မကောင်းမှုမလုပ်နဲ့၊ ကောင်းမှုတွေဆိုရင် လုပ်၊ စိတ်ကို ဖြူစင်အောင်ထား ဆိုတဲ့ (သဗ္ဗပါပဿ အကရဏံ၊ ကုသလဿူပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။) တရားလေးပဲ ကျကျနန အဓိပ္ပါယ်နားလည်တယ်၊ သိတယ်။ ကျန်တဲ့ တရားတွေမသိဘူး။ ဒါလေးပဲ သိလို့ ဒီတရားတော်လေးကိုပဲ လိုက်နာနေတယ်၊ ကျင့်သုံးနေတယ်ဆိုရင် ဘာများ မှားယွင်းစရာရှိဦးမှာလဲ။ နောက် ဥပမာတစ်ခုအနေနဲ့ မကောင်းမှုပြုသူဟာ ဒီဘ၀လဲ ပူပန်ရ ဆင်းရဲရ နောင်ဘ၀လဲ ပူပန်ရ ဆင်းရဲရ၊ ခုရောနောင်ပါ ပူပန်ဆင်းရဲရတယ်။ အပါယ်ရောက်ရင် ပိုလို့ ဆင်းရဲရမယ်။ ကုသိုလ်ကောင်းမှုပြုသူဟာ ခုဘ၀လဲ ကျေနပ်စရာ၊ နောက်ဘ၀လဲ ကျေနပ်စရာ၊ ခုရောနောင်ပါ ကျေနပ်စရာ၊ သုဂတိရောက်ရင် ပိုလို ကျေနပ်စရာကောင်းတယ်။ (ဣဒ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ စသည်) ဒီလို ဟောထားတဲ့ တရားအတိုအစလေးတွေကိုသာ သိနားလည်တယ်။ သိနားလည်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးနေတယ်ဆိုရင် သူ့အတွက် ဘာမှ အကျိုးယုတ်စရာမရှိဘူး။ ဒီအတိုင်း ဘုရားဟောထားတာကို သိနားလည်တယ်။ ဒါကြောင့် ခုဘ၀ နောက်ဘ၀ ပူပန်စရာတွေသာ ကြုံတွေ့ရမယ့် အကုသိုလ်တွေ ရှောင်ကြဉ်ပြီး အခုရော နောင်ပါ ကိုယ်စိတ်ချမ်းသာမှုကို ပေးစွမ်းမယ့် ကုသိုလ်လုပ်ငန်း ကောင်းမွန်မြင့်မြတ်တဲ့ လုပ်ငန်းတွေ အပြစ်ကင်းစင်တဲ့လုပ်ငန်းတွေနဲ့နေထိုင်မယ်ဆိုရင် ဗုဒ္ဓအလိုကျ နေထိုင် ကျင့်သုံးနေတာပဲ။ ဒါကိုမှ ဗုဒ္ဓဘာသာလို့ မပြောနိုင်ဘူးဆိုရင် ဘယ်လိုလူမျိုးကို ဗုဒ္ဓဘာသာလို့ ခေါ်ရမှာလဲ။ စဉ်းစားကြပါ။
ဘုရားကတော့ တရားတွေကို နေ့မနား ညမနား ဟောခဲ့တာပဲ။ ဒါတွေအားလုံးကို သိအောင်လုပ်နေဖို့ လူတွေမှာ အချိန်မရှိဘူးလေ။ ဘုရားကလဲ ပုဂ္ဂိုလ်အလိုက် ထိုက်တန်တဲ့ တရားပဲ ရွေးဟောတာပါ။ စိတ်ညစ်နေတဲ့သူကို စိတ်ညစ်ပျောက်အောင်၊ ပူပင်သောကရောက်နေတဲ့သူကို ပူပင်သောကတွေ ငြိမ်းအောင်၊ စိတ်တိုနေတဲ့သူကို စိတ်တိုတာ မကောင်းဘူး၊ စိတ်ရှည်ရှည်ထားတတ်အောင် စသည်ဖြင့် ပုဂ္ဂိုလ်နဲ့ ကိုက်ညီတဲ့ တရားတွေချည်း ဟောခဲ့တာပဲ။ ပဋာစာရီကို ဟောတဲ့တရားနဲ့ နန္ဒိယဥပါသကာကို ဟောတဲ့တရား ဘယ်တူပါ့မလဲ။ ခံစားမှုချင်း မတူကြဘူးလေ။ လူသာမန်တွေကို ဟောတဲ့တရားနဲ့ ပရိဗိုဇ်တွေ၊ ပုဏ္ဏားပညာရှိတွေကို ဟောတဲ့တရားမတူဘူး။ အသိဉာဏ်ချင်းမတူကြလို့ပေါ့။ လူတွေကိုဟောတဲ့တရားနဲ့ ရဟန်းတွေကိုဟောတဲ့တရား ဘယ်တူနိုင်ပါ့မလဲ။ ပညာချင်းမတူကြဘူး။ အသိဉာဏ် အနုအရင့်၊ ပညာရည် အနိမ့် အမြင့်လိုက်ပြီး ဘုရားက ဟောခဲ့တာဖြစ်တော့ ပညာရှိတွေကို ဟောတဲ့တရားတွေကို အခြေခံ ပညာရည်နိမ့်နေသေးတဲ့ ဒို့ဒီနေ့ ဗုဒ္ဓဘာသာတွေက လိုက်လို့မမီနိုင်ပါဘူး။
ဒီတော့ ဘုရားဟောတရားတော်တွေကို သိအောင်တော့ တတ်နိုင်လောက်ကြိုးစားပေါ့။ ကြိုးစားပြီး ကိုယ့်စရိုက်နဲ့ ကိုက်ညီတဲ့တရားကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးလိုက်ပါ။ ဘုရားဟောတရား တစ်ပိုင်းတစ်စလေး သိတယ်၊ နားလည်တယ်၊ အဲဒီ တစ်ပိုင်းတစ်စလေးကို လိုက်နာကျင့်သုံး၊ များများသိရင် များများလိုက်နာကျင့်သုံး။ အများကြီး မကျင့်သုံးနိုင်ဘူးဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ ကိုနှစ်သက်တဲ့ တရားတော်လေးတွေ ရွေးချယ်ကျင့်သုံးပါ။ ကျင့်သုံးသလောက် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်တွေ့ကျင့်သုံးမှ ကိုယ်တိုင်သိမှာ။
ဘုရားဟောတရားတော်တွေကို ကိုယ်ဉာဏ်မီသလောက် လိုက်နာကျင့်သုံးခွင့်ရှိပါတယ်။ ကိုယ့်ဉာဏ်က လိုက်မမီလို့ မကျင့်သုံးတော့ဘူးဆိုပြီး မလုပ်လိုက်ပါနဲ့။ ဉာဏ်ရည်မြင့်မားတဲ့သူတွေ ကျင့်သုံးနေတဲ့တရားတွေကို ငါတော့ မလိုက်နိုင်တော့ပါဘူးဆိုပြီးလဲ လက်မှိုင်မချလိုက်ပါနဲ့။ ကိုယ့်အဆင့်နဲ့ကိုယ် အလိုက်သင့် ကျင့်သုံးသွားရင် ဗုဒ္ဓတရား တွေကို ကျင့်သုံးနေတာဖြစ်လို့ ငါ ဗုဒ္ဓဘာသာပဲလို့ ရဲရဲရင့်ရင့် ယုံကြည်လိုက်စမ်းပါ။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၆)
ဗုဒ္ဓဘာသာကို ၀ါဒအမည်တွေ ပေးပြီးတော့ တင်ပြလို့ အားလုံးကို ခြုံငုံမိမှာမဟုတ်ပါဘူး။ အချို့က ကမ္မ၀ါဒလို့ ကောက်ချက်ချကြတယ်၊ အချို့က ၀ိဘဇ္ဇ၀ါဒလို့ ပြောကြတယ်။ မှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ခြုံငုံမိအောင်တော့ မမှန်ဘူး။
ကမ္မ၀ါဒလို့ပြောရင် ကံကို လက်ခံတဲ့ဝါဒ၊ ယုံကြည်တဲ့ဝါဒပေါ့။ ဗုဒ္ဓဘာသာမှာ ကံအယူအဆ ရှိတယ်။ ဒါပေမယ့် ဘုရားက ကံအကြောင်းကိုသာ ဇောင်းပေးဟောခဲ့တာလားဆိုတော့ မဟုတ်ဘူး။ ကံအကြောင်းလဲ ဟောတယ်၊ ဉာဏ်အကြောင်းလဲ ဟောတယ်၊ ၀ီရိယအကြောင်းလဲ ဟောတယ်၊ အလျဉ်းသင့်ရင် သင့်သလို သဒ္ဓါအကြောင်း၊ သတိအကြောင်း၊ ဟိရိအကြောင်း စသည်ဖြင့် အခြေအနေပေါ် မူတည်ပြီး ဟောလေ့ရှိပါတယ်။ ကံဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ ပြောမယ်ဆိုရင်တော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။
ဗုဒ္ဓဘာသာရဲ့ အဓိက အမြင့်မြတ်ဆုံး ပန်းတိုင်ကတော့ နိဗ္ဗာန်ပေါ့။ နိဗ္ဗာန်ရဖို့အတွက် ကံယုံကြည်ရုံနဲ့ မလုံလောက်ပါဘူး။ ကံယုံကြည်လက်ခံထားခြင်းလောက်နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးပေါ့။ ဒါဟာ ဗုဒ္ဓဘာသာတိုင်း သိနေတာပဲ။ ဒါဆိုရင် ကံယုံကြည်ချက်က ဘယ်နေရာတွေမှာ အသုံးကျလဲ၊ ဘာအကျိုးသက်ရောက်မှုရှိလဲ ဆိုတဲ့ ပြဿနာမှာ သံသရာလည်ရာမှာ ကံယုံကြည်ချက် မရှိမဖြစ်လိုအပ်တယ်။ မယုံကြည်ရင် မယုံကြည်သလောက် သံသရာမှာ အောက်ကျနောက်ကျ ဖြစ်ကြရ၊ ကြင်လည်ကြရမှာဖြစ်ပြီး ယုံကြည်ရင် ယုံကြည်သလောက် အကျိုးသက်ရောက်မှု များစွာရှိတယ်။
ကံမယုံကြည်မှုက ဆိုးကျိုးကိုဖြစ်စေတယ်၊ ယုံကြည်မှုက ကောင်းကျိုးကိုဖြစ်စေတယ်လေ။ ယုံကြည်မှု မယုံကြည်မှု တွေနဲ့ ကောင်းကျိုး ဆိုကျိုးတွေ ဘယ်လိုပတ်သက်နေတာလဲ ဆိုရင်တော့ သဘောတရားက ရှင်းရှင်းလေးပါ။ ကံယုံကြည်မှုရှိထားသူမှာ မကောင်းတဲ့ ကံတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်စောင့်ထိန်းလေ့ရှိတယ်။ ဒါဆိုရင် သူ့အကျိုးပေးကိုက ရှင်းနေပြီ။ မကောင်းကံနဲပါး အကောင်းကံတွေများနေအောင် ဘ၀ကို ထိန်းသိမ်းနေထိုင်သွားတဲ့ အလေ့အကျင့် ဖြစ်လာမယ်။ ဒါဆို သံသရာမှာ မကောင်းကျိုးထက် ကောင်းကျိုးခံစားရဖို့ အခွင့်အလမ်းသာနေတာပေါ့။ ဒါဟာ ကံယုံကြည်ထားသူအတွက် အားသာချက်ပဲ။
ကံမယုံကြည်သူမှာ ကောင်းမှု မကောင်းမှု ခွဲခြားချက်မရှိတော့ဘူး။ သူ့ဆန္ဒအတိုင်း သူလုပ်ချင်ရာ လုပ်တော့မယ်။ လူတွေဟာ ကိုလုပ်ချင်ရာသာ လုပ်ကြမယ်ဆိုရင် ကောင်းမှုနဲ့ မကောင်းမှုထဲက မကောင်းမှုလုပ်မိတာပဲ များပါတယ်။ ကောင်းမှုလုပ်မိဖို့က အလွန်ရှားပါးပါတယ်။ မကောင်းမှုအလုပ်များသူမှာ အဆိုးကံတွေ များနေမယ်၊ အဆိုးကံတွေ များနေရင် သံသရာမှာ ဆိုးကျိုးတွေ ခံစားရဖို့ အခွင့်သာသွားမယ်။ ပြီးတော့ ကံမယုံကြည်သူဟာ အခြေခံ ကမ္မဿကတာဉာဏ်ကင်းလို့ မိစ္ဆာဒိဋ္ဌိလဲ ဖြစ်တယ်။ မိစ္ဆာဒိဋ္ဌိတို့ရဲ့ သွားရာလမ်းက ငရဲလမ်းပဲ။ သံသရာနွံနစ်လို့ သံသရာအောက်တမ်းကျဖို့ အခွင့်အလမ်းတွေ သာသွားတယ်လေ။ ဒါဟာ ကံမယုံကြည်သူအတွက် အားနဲချက်၊ ဆိုးကျိုးပဲ။
ဒါကြောင့် ကံယုံကြည်ချက်ရှိ၊ မရှိဟာ သံသရာလည်ရာမှာ များစွာအရေးပါတယ်။ ဒါပေမယ့် နိဗ္ဗာန်ကိုတော့ ကံက တိုက်ရိုက်ရောက်အောင် မပို့ဆောင်နိုင်ဘူး။ ဉာဏ်ကမှ ပို့ဆောင်နိုင်တယ်။ ကံက သွယ်ဝိုက်သောအားဖြင့် အထောက်အပံ့တော့ ပေးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကမ္မ၀ါဒလို့ပြောရုံနဲ့ လုံလောက်ပြည့်စုံမှုမရှိဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဟာ ကမ္မ၀ါဒအပေါ် အခြေခံ တည်ဆောက်ထားတဲ့ ဘာသာလို့ ကောက်ချက်ချလိုက်ပါ။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၇)
မနေ့ကဆွေးနွေးချက်လေး မပြတ်သေးတာ ဆက်လက်တင်ပြရဦးမယ်။ ကမ္မ၀ါဒလို့ ဗုဒ္ဓဘာသာကို ခြုံငုံပြောမယ်ဆိုရင် မှန်တော့မှန်တယ်၊ အပြည့်အ၀မှန်သလားဆိုတော့ အဲလောက်တော့ မမှန်ဘူးဆိုတာ ဆွေးနွေးခဲ့တယ်လေ။ အင်္ဂလိပ်လိုဆိုရင်တော့ half-truth ပေါ့။ ဒီအတိုင်းပဲ ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒပဲဆိုပြီး ပြောနေကြပြန်တယ်။ ၀ိဘဇ္ဇ၀ါဒ ဆိုတာ အဝေဖန် အဆန်းစစ်ခံတဲ့ဝါဒပေါ့။ ၀ိဘဇ္ဇ၀ါဒဆိုပြီးတော့ ဗုဒ္ဓဘာသာမှာ ဂိုဏ်းတစ်ခု သီးသန့်ထောင်ထား တာတောင် ရှိပါတယ်။
ဒီ ၀ိဘဇ္ဇ၀ါဒအယူအဆဟာလဲ တစ်စိပ်တစ်ပိုင်းလောက်တော့ မှန်ပါတယ်။ အပြည့်အ၀တော့မ မမှန်သေးဘူး။ ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာဟာ အလွန်ကျယ်ပြန့်တဲ့ နက်နဲတဲ့ဘာသာ၊ အလွန်အထက်တန်းကျတဲ့ဘာသာ၊ ပညာရပ်ဆန်တဲ့ဘာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဝင်တစ်ယောက်က လေ့လာလိုက်စားမယ်ဆိုရင် ပညာတတ်လေ ဗုဒ္ဓတရားတော်တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာလေ၊ ပိုမိုနားလည်လေ ပိုမိုသက်ဝင်ယုံကြည်လာလေဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ သိမ်မွေ့တဲ့ အယူအဆ၊ ခက်ခဲတဲ့အယူအဆ၊ နက်နဲတဲ့ အယူအဆ၊ တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့အယူအဆ စသည်ဖြင့် များစွာရှိရာ အယူအဆတွေကို တိတိကျကျ ပြတ်ပြတ်သားသား သိနားလည်ဖို့ဆိုရင် ပညာအခြေခံ ကောင်းဖို့လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာချဉ်းကပ် ရာမှာ ပညာမတတ်သူ နားလည်ပုံကတစ်မျိုး၊ မူလတန်းအောင်အဆင့်နဲ့ နားလည်ပုံကတစ်မျိုး၊ အလယ်တန်းအောင် အဆင့်နဲ့ နားလည်ပုံက တစ်မျိုး၊ အထက်တန်းအောင်အဆင့်နဲ့ နားလည်ပုံက တစ်မျိုး၊ ဘွဲ့ရ ပညာတတ်တွေ နားလည်ပုံကတစ်မျိုး၊ သာမန်ဗုဒ္ဓဘာသာဝင်တွေ နားလည်မှုကတစ်မျိုး၊ တရားအားထုတ်ဆဲ ယောဂီတွေနားလည်မှု ကတစ်မျိုး၊ တရားရပြီးတဲ့ ပုဂ္ဂိုလ်တွေ နားလည်မှုကတစ်မျိုး။ နားလည်မှု အဆင့်ကွာခြားချက်တွေ ရှိပါတယ်။ ပညာရည်မြင့်လေ ဗုဒ္ဓဘာသာအပေါ် နားလည်မှုက ပိုမို မြင့်လာလေ ဖြစ်တယ်ဆိုတာ ကိုယ်တွေ့မျက်မြင် ရှိကြမှာပါ။
ဒါပေမယ့် အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ကေသမုတ္တိသုတ်မှာ ကာလာမရွာသားတွေကို မြတ်စွာဘုရား ဟောထားတဲ့ တရားတစ်ပုဒ်ရှိတယ်။ အကျဉ်းချုပ်ကတော့ ပြောသံကြား တစ်ဆင့်စကားနဲ့လဲ မယုံနဲ့၊ မျိုးရိုးစဉ်ဆက်စကားနဲ့လဲ မယုံနဲ့၊ ဒီလိုဖြစ်ခဲ့ဘူးတယ်ဆိုပြီးလဲ မယုံနဲ့၊ ပိဋကတ်စာပေနဲ့ ညီညွတ်တယ်ဆိုပြီးလဲ မယုံနဲ့၊ တွေးတောကြံဆ၍လဲ မယုံနဲ့၊ နည်းမှီပြီးလဲ မယုံနဲ့၊ အကြောင်းအရာတစ်ခုခုကို ကြံဆ၍လဲ မယုံနဲ့၊ ငါကြံထားတာနဲ့ တစ်ထပ်တည်း ကျတယ်ဆိုပြီးလဲ မယုံနဲ့၊ ဒို့ကြည်ညိုတဲ့ ရဟန်းကဟောတာပဲ ဆိုပြီးလဲ မယုံနဲ့။ မကောင်းတဲ့တရားကို မကောင်းတဲ့တရားမှန်း ကိုယ်တိုင်သိရင် ပယ်လိုက်၊ ကောင်းတဲ့တရားကို ကောင်းတဲ့တရားမှန်း ကိုယ်တိုင်သိရင် လိုက်စား။ ဒီသုတ္တန်ကို ကြည့်ပြီးတော့ အများစုက ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒဆိုပြီး ကောက်ချက်ချကြတယ်။ ဒါပေမယ့် ဒီသုတ္တန်ကို ဘုရားက ဘယ်လိုလူတွေကို ဟောတာလဲဆိုတော့ အတွေးအခေါ် ပညာနဲ့ ပြည့်စုံတဲ့ ဗဟုသုတကြွယ်ဝတဲ့ ကာလာမမျိုးနွယ်တွေကို ဟောတာ။ ၀ိဘဇ္ဇလုပ်နိုင်တဲ့ အရည်အချင်းရှိသူတွေမို့ ဟောတာပါပဲ။ အဲလို အရည်အချင်းမျိုး မရှိတဲ့သူတွေကို ဘုရားက ဝေဖန်ဖို့ ဖွင့်မပေးခဲ့ပါဘူး။
ဗုဒ္ဓဘာသာဟာ ပညာရပ်ဆန်တဲ့ဘာသာဖြစ်တယ်လို့ ပြောခဲ့ပြီလေ။ ပညာရပ်ဆန်တဲ့ ဘာသာ အယူဝါဒတွေကို ပညာရှိမှ ၀ိဘဇ္ဇလုပ်လို့ ရပါမယ်။ ပညာမရှိဘဲ ၀ိဘဇ္ဇလုပ်လို့ အမှားအယွင်းတွေချည်း ဖြစ်ကုန်တော့မှာပေါ့။ ဒီဒေသနာတော်ကို လက်ကိုင်ထားပြီး ဒီနေ့ခေတ်မှာ ၀ိဘဇ္ဇလုပ်နိုင်လောက်အောင် ပညာမရှိတဲ့သူ မတတ်တဲ့ သူတွေက ၀ိဘဇ္ဇ ထ လုပ်နေကြတဲ့အခါကျတော့ အလွဲလွဲ အမှားမှားတွေဖြစ်ပြီး ဘုရားရှင်ရဲ့အလိုတော်နဲ့ ကွာဟသွားတဲ့ အယူအဆတွေ ပေါ်ပေါက်လာတာ အဖတ်တင်ကျန်ရစ်တယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒ လို့ ဟစ်အော်ပြီး ထင်ရာမြင်ရာ ဝေဖန်ရမယ့်ဘာသာ မဟုတ်ဘူး၊ အကျိုးသင့် အကြောင်းသင့် ဝေဖန်ချင့်ချိန်နိုင်တဲ့ ပညာရှိတွေသာ ဝေဖန်ဖို့ သင့်တော်တယ်လို့ ဖြည့်စွက်နားလည်လိုက်ပါ။ ဝေဖန်ချင်တယ်ဆိုရင် အရင်ဆုံး ဗုဒ္ဓတရားတော်တွေကို သေသေချာချာ သိအောင်လုပ်ပြီးမှ ဝေဖန်တာ ဆွေးနွေးတာမျိုးပဲ ဖြစ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ဗုဒ္ဓတရားတော်တွေကို အထူးသဖြင့် ဝေဖန်နေရုံနဲ့ မပြီးဘူး၊ လက်တွေ့ကျကျ လိုက်နာမှ ကျင့်သုံးမှ ကိုယ့်အတွက်တန်ဖိုးရှိမှာ ဖြစ်လို့ ဝေဖန်ရေးဝါဒဆိုပြီး ဝေဖန်နေ ကြမယ့်အစား ကိုယ်နားလည်သလောက် လိုက်နာကျင့်သုံးခြင်းဟာ အကောင်းဆုံးပဲလို့သာ ကောက်ချက်ချလိုက်ပါ။
ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၈)
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ယခုလက်ရှိဘ၀ ကြီးပွားချမ်းသာအောင် အကောင်းဆုံး နေထိုင်ကျင့်သုံးနည်း အဖြစ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောခဲ့တာလေးကို နှစ်သစ်ကူး အထူးလက်ဆောင်အနေနဲ့ ဒီနေ့တင်ပြမယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘုရားရှင်က ဒီဃဇာဏု အမည်ရှိတဲ့ (ဗျဂ္ဃပဇ္ဇသတို့သားလို့လဲခေါ်တယ်) ကောလိယ မင်းသားကို ဟောထားတဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားရေးတရားတော်တွေထဲက ကောက်နုတ်တင်ပြမှာပါ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပစ္စုပ္ပန်ဘ၀မှာ ကြီးပွားချမ်းသာချင်ရင် ဒီအချက်(၄)ချက်နဲ့ ပြည့်စုံရမယ်ဆိုပြီး ဒီဃဇာဏုခေါ် ဗျဂ္ဃပဇ္ဇသတို့သားကို ဟောခဲ့ပါတယ်။
(၁) ဥဋ္ဌာနသမ္ပဒါ - လုံ့လ၀ီရိယနှင့်ပြည့်စုံရမယ်။ ကိုယ်တတ်ကျွမ်းတဲ့ ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ရာမှာ ကိုယ့်အလုပ်ကို ကျွမ်းကျင်ရမယ်၊ မပျင်းရဘူး၊ ကိုယ့်အလုပ်အကြောင်း ကိုယ်သိအောင် လုပ်ထား ရမယ်၊ စီမံခန့်ခွဲနိုင်စွမ်း ဦးဆောင်ဦးရွက်လုပ်နိုင်စွမ်းရှိထားရမယ်။ အခုခေတ်လိုဆိုရင်တော့ management ပညာပေါ့။ အကျဉ်းအားဖြင့် ၀င်ငွေကောင်းအောင် ကိုယ်တတ်တဲ့ပညာနဲ့ တရားသဖြင့် ကြိုးစားရှာဖွေတာဟာ ဘုရားအလိုကျ ဥဋ္ဌာနသမ္ပဒါ ပါပဲ။ စီးပွားရှာနိုင်စွမ်းရှိရမယ်လို့ မှတ်လိုက်ပါ။
(၂) အာရက္ခသမ္ပဒါ - ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပြည့်စုံရမယ်။ တရားသဖြင့် ကြိုးစားရှာဖွေလို့ ရရှိထားတဲ့ စီးပွား ဥစ္စာတို့ကို ပျောက်ပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ရန်သူမျိုးငါးပါးတို့ကြောင့် ပျက်စီးဆုံးရှုံးခြင်း မရှိအောင် စောင့်ရှောက် နိုင်စွမ်း၊ ထိန်းသိမ်းနိုင်စွမ်းရှိခြင်းဟာ အာရက္ခသမ္ပဒါပါ။ စုဆောင်နိုင်စွမ်းရှိရမယ်လို့ မှတ်လိုက်ပါ။
(၃) ကလျာဏမိတ္တတာ - မိတ်ဆွေကောင်းနဲ့ ပေါင်းဖော်ရမယ်။ အတွေ့အကြုံ ရင့်ကျက်ခြင်း၊ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာနဲ့ ပြည့်စုံခြင်းရှိတဲ့ သူကို မိတ်ဆွေကောင်းလို့ ဒီသုတ္တန်မှာသတ်မှတ်ထားပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းရင် အတုမြင်အတတ်သင်ဆိုသလို သူတို့က ကိုယ်ကျင့်တရားကောင်းတော့ သူတို့ထံက ကောင်းတဲ့အကျင့် တွေ ကိုယ့်ထံကူးစက်လားမယ်။ သူတို့ထံမှာ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတွေ ပြည့်စုံနေတာတွေ့ရတော့ ကိုယ်လဲ အတုလိုက်ပြီး သဒ္ဓါအားတွေကောင်းလာမယ်၊ သီလအားတွေ၊ စွန့်ကြဲပေးကမ်းမှု စာဂတရားတွေ ကောင်းလာမယ်။ သူတို့တတ်တဲ့ပညာတွေ တဖြည်းဖြည်းနဲ့ ကိုယ်လဲ တတ်ကျွမ်းလာမယ်။ ဒါဟာ ကလျာဏမိတ္တရဲ့ ကျေးဇူးတွေပါပဲ။ မိတ်ကောင်းဆွေကောင်း ရှိရမယ်လို့မှတ်လိုက်ပါ။
(၄) သမဇီဝိတာ - မျှတစွာ အသက်မွေးတတ်ရမယ်။ ၀င်ငွေထွက်ငွေ မျှတအောင်သုံးစွဲတတ်ရမယ်။ ၀င်ငွေထွက်ငွေ မချိန်ဆတတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်သလိုပါပဲ။ ဖားတွေ တစ်ကောင်ပြီးတစ်ကောင် ရိုက်ပြီး အိတ်ထဲ ထည့်သော်လည်း အိတ်က အပေါက်ဆိုတော့ ထည့်လိုက်တဲ့ဖား၊ အပေါက်က ထွက်ကျသွား၊ တစ်ညလုံးသာ မနားတမ်းရိုက်နေရတယ်၊ အိတ်ထဲကြည့်တော့ တစ်ကောင်မှမရှိ။ ဒီအတိုင်းပဲ ၀င်ငွေက နည်း၊ သုံးငွေက များလွန်းနေရင် အကြွေးနာလံမထူးတော့ဘူး။ ဒါကြောင့် ၀င်ငွေ ထွက်ငွေ ချိန်ဆပြီး သုံးစွဲတတ်မယ်ဆိုရင် သမဇီဝိတ ဆိုတဲ့ အချက်နဲ့ ပြည့်စုံသွားပါပြီ။ ၀င်ငွေထွက်ငွေ ချိန်ဆနိုင်ဖို့ စာရင်း၊ ဇယားနိုင်ရမယ်လို့မှတ်လိုက်ပါ။ တစ်နည်းအားဖြင့် ငွေရေးကြေးရေး စည်းကမ်းရှိရမယ်လို့လဲ ဖြည့်စွက်နားလည်လိုက်ပါ။
ဒီအချက်(၄)ချက်သာ ပြည့်စုံညီညွတ်မယ်ဆိုရင် မည်သူမဆို ကြီးပွားချမ်းသာမှာပါပဲ။ ဒီ(၄)ချက်ထဲက တစ်ခုခု ချို့ယွင်းနေလို့သာ မကြီးပွားကြတာဖြစ်ပါတယ်။ နံပါတ်(၁)အချက်ဖြစ်တဲ့ စီးပွားရှာနိုင်စွမ်းမရှိဘူးဆိုရင်တော့ ကြီးပွားဖို့ဆိုတာ စိတ်ကူးယဉ်ရုံလောက်သာ ဖြစ်မှာပါ။ စီးပွားရှာနိုင်ပြီဆိုရင်တော့ ကြီးပွားဖို့အခွင့်အလမ်းတွေ သာလာပါပြီ။ အပေါင်းအသင်းမမှားဖို့၊ စုဆောင်းတတ်ဖို့၊ ၀င်ငွေထွက်ငွေ ချိန်ဆနိုင်အောင် စာရင်းဇယားနိုင်နင်းဖို့ ဒီအချက်လေးတွေသာ သတိထားလိုက်ပါ။ အပေါင်းအသင်းမကောင်းတော့ အပေါင်းအသင်းကြောင့် ငွေကုန်ကြေးကျ များပြီး စီးပွားမဖြစ်တာတွေလဲ လောကမှာ တွေ့ရပါတယ်။ မစုတတ်မဆောင်းတတ်နဲ့ ယောက်ျားကရှာ မိန်းမကဖြုန်း၊ မိန်းမကရှာ ယောက်ျားကဖြုန်း၊ မိဘတွေကရှာ သားသမီးတွေကဖြုန်းစသည်ဖြင့် အသုံးအဖြုန်းကြီးလို့ စီးပွားမတက် တာတွေလဲရှိတယ်။ ၀င်ငွေထွက်ငွေ မချိန်ဆတတ်လို့ စာရင်းဇယားမနိုင်လို့ မချမ်းသာတာတွေလဲ ရှိတယ်။
ဒီ(၄)ချက်လုံးဟာ နေ့စဉ်ဘ၀မှာ အရေးကြီးတာတွေချည်းပါပဲ။ အရေးအကြီးဆုံးကတော့ နံပါတ်(၁)ဖြစ်တဲ့ စီးပွား ရှာနိုင်စွမ်းရှိဖို့ပါပဲ။ နံပါတ် (၂၊ ၃၊ ၄) တို့ကို ပေါင်းကြည့်လိုက်ရင် သုံးဖြုန်းခြင်းဆိုတဲ့ အဓိပ္ပါယ်ထဲ ပါဝင်သွား ပါတယ်။ လိုအပ်တဲ့အတိုင်းအတာအရဆိုရင် သုံးတာ၊ အတိုင်းထက်အလွန်ဆိုရင် ဖြုန်းတာလို့ခွဲချင်လဲ ခွဲလိုက်ပါ။ ငွေမရှာတတ်တဲ့သူတော့ ရှိတယ်၊ ဒါပေမယ့် မသုံးတတ် မဖြုန်းတတ်တဲ့သူဆိုတာ မရှိဘူး။ ဒါကြောင့် မသုံးတတ် မဖြုန်းတတ်မှာတော့ မပူနဲ့။ ငွေရှာတတ်ဖို့သာ ပဓာန။ ငွေရှာတတ်ပြီဆိုရင် သုံးတော့သုံးပါ၊ မဖြုန်းလိုက်ပါနဲ့။ ဒါဆို ဗုဒ္ဓဒေသနာတော်အရ သင့်ဘ၀အတွက် တက်လမ်းပဲ။
http://myakyunthar.blogspot.com/2011/01
မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္ဓရိပ်သာ
Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1970s.
Understanding of Buddhism (ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း) by Mya Kyun Thar (http://myakyunthar.blogspot.com)

သာသနာ့အလံ တီထွင်သူ အမှန်

သာသနာ့အလံ တီထွင်သူ အမှန်
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် (http://www.buddhistchannel.tv/index.php?id=43,4030,0,0,1,0) မှ မှီငြမ်းရေးသားပါသည်။
အရှင်သုနန္ဒာလင်္ကာရ

The birth of the Buddhist flag

By D.C. Ranatunga, Sunday Times, April 29, 2007

Colombo, Sri Lanka -- In recent history, we have not heard of Vesak full moon Poya day falling in April. Vesak has always been celebrated in May. One hundred and twenty two years ago, however, in 1885 Vesak Poya fell on April 28.
<< The Buddhist flag: A blend of six colours believed to have been exhibited in the aura of the Buddha
A month earlier, on March 27, 1885, Governor Sir Arthur Hamilton Gordon had issued a proclamation declaring Vesak Poya a public holiday. It was the culmination of a campaign by the Buddhists to get some of their lost rights back. The event called for celebrations and the six-colour Buddhist flag flew high for the first time on that historic Vesak day.
The Dutch had abolished the Vesak Poya holiday in 1770 and the British had ignored requests that it be restored. Following the arrival of Colonel Henry Steele Olcott in May 1880, the Buddhist revivalist movement gathered momentum. A Buddhist Defence Committee was formed on his initiative on January 28, 1884 following the inaction by the government to deal with the culprits who attacked a Buddhist procession at Kotahena, killing one person and seriously injuring at least 30 persons.
The committee under the presidency of Muhandiram A.P. Dharma Gunawardena met at the Vidyodaya Pirivena at Maligakanda. The other members of the committee were Don Carolis Hewavitarana (Vice President), Carolis Pujitha Gunawardena (Secretary) and H. A. Fernando (Treasurer). Colonel Olcott was appointed an honorary member.
The committee considered several issues relating to the injustices meted out to the Buddhists and at the inaugural meeting it was resolved to ask the British government to take action on identified issues. The resolution was proposed by Vice President Don Carolis Hewavitarana supported by J.P. Jayatilake and was seconded by H.A.Fernando.
At least six main issues were addressed in a memorandum prepared to be sent to Lord Derby, Secretary to the State for Colonies in London. These were:
  1. The need for the culprits of the Kotahena riots to be committed for trial.
  2. The British government should follow a policy of religious neutrality or guarantee the religious rights and privileges of the Sinhalese Buddhists.
  3. Vesak full moon Poya day be declared a holiday for Buddhist public servants.
  4. The removal of all restrictions on the use of national and religious music and the restoration of the right to hold processions which had been enjoyed by the Buddhists from time immemorial.
  5. The appointment of Buddhist Registrars of Marriages in Buddhist villages.
  6. The removal of anomalies and the formation of a proper management system for Buddhist temporalities.
Colonel Olcott undertook to go to London and personally meet Lord Derby and discuss the issues raised. The Buddhist Defence Committee decided to celebrate the historic announcement of the Vesak holiday and a sub-committee comprising Venerable Hikkaduwe Sri Sumangala Thera, Venerable Migettuwatte Gunanada Thera, Don Carolis Hewavitarana, Muhandiram A.P. Dharma Gunawardena, William de Abrew, Carolis Pujitha Gunawardena, Charles A. de Silva, N.S. Fernando, Peter de Abrew and H. William Fernando was appointed to make the arrangements.
A key item in the programme for celebrations was the ceremonial hoisting of the Buddhist flag in the major temples in and around Colombo.
The idea of designing a Buddhist flag was mooted by the Colombo Committee organising the Vesak celebrations and was hailed by Colonel Olcott who made the following observation in his 'Old Diary Leaves': "It was at this time that our Colombo colleagues had the happy thought of devising a flag which would be adopted by all Buddhist nations as the universal symbol of their faith thus serving the same purpose as that of the cross does for all Christians. It was a splendid idea and I saw in a moment its far-reaching potentialities as an agent in that scheme of Buddhist unity. Our Colombo brothers had hit upon the quite original and unique idea of blending in the flag the six colours alleged to have been exhibited in the aura of the Buddha."
Carolis Pujitha Gunawardena has been credited as the designer of the flag which appeared for the first time in the Sinhalese newspaper 'Sarasavi Sandaresa' on April 17, 1885. The design consisted of the six colours 'nila' (sapphire blue), 'pita' (golden yellow), 'lohita' (crimson), 'odata' (white), 'manjesta' (scarlet) and 'prabhashvara' (mixture of the five).
The flag took the shape of a long streaming pennant which Colonel Olcott commented would be "quite unsuitable for carrying in processions or fixing in homes". He suggested that the flag should take the shape and size of usual national flags. The proposal was accepted. And thus was born the Buddhist flag which will be raised at Buddhist homes on Tuesday, May 1, this year's Vesak full moon Poya day.

The birth of the Buddhist flag (သာသနာ့အလံ တီထွင်သူ အမှန်) by Ashin Sunandalankara (အရှင်သုနန္ဒာလင်္ကာရ)

အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၁)...


အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၁)...
Decline Of Indian Buddhism (1)
အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၁)
၂၀၀၁ ခုနှစ် မတ်လတွင် အာဖဂန်နစ္စတန် (Afghanistan) နိုင်ငံ၊ ဘာမီယန် (Bamiyan) မြို့တွင် မွတ်ဆလင် အစွန်းရောက် တာလီဘန် (Taliban) တို့၏ ဒိုင်းနမိုက် (Dynamite) ဖြင့် ဖျက်ဆီးခြင်းကို ခံရသော ဗုဒ္ဓရုပ်ပွားတော်များ
Prof. K.T.S Sarao
Department of Buddhist Studies
University of Delhi
It is not possible to give a continuous account of the history of the decline of Buddhism in India. The reason for this is the paucity of archaeological and epigraphical material as well as the near silence of indigenous texts on the subject. But just because there is not much evidence available on the subject does not mean that Buddhism had completely disappeared from the plains of India.
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ကျဆုံးရခြင်း၏ သမိုင်းကြောင်း ဖြစ်စဉ်တစ်ခုကို ထုတ်ဖော်ရန် ဖြစ်နိုင်ဖို့ရာ ခဲယဉ်းပေသည်။ ဤဖြစ်စဉ်အတွက် အကြောင်းပြချက်သည် ရှေးဟောင်း သုတေသနဆိုင်ရာနှင့် ကမ္မည်းထိုးထားသော အကြောင်းအရာများ ရှားပါးမှု၊ ထိုနောက် အကြောင်းအရာအပေါ်တွင် ဒေသဆိုင်ရာ စာပေများ အတော်အတန် မတွေ့ရှိရမှုတို့ကြောင့် ဖြစ်ပေသည်။ သို့သော် အကြောင်းအရာအပေါ် ရရှိနိုင်သော သက်သေအထောက်အထား မရှိခြင်း အကြောင်းသည် အိန္ဒိယနယ်မြေမှ ဗုဒ္ဓဘာသာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

In fact, stray instances from here and there give an indication of the uninterrupted, though low key, survival of Buddhism into modern times. For instance, Buddhist monks from India are known to have travelled to Tibet and China in the fourteenth century and the census records of India for the your 1911 mention as many as 1833 persons in Orissa as Buddhists. Thus, it may not be altogether correct to use expressions such as ‘disappearance’ or ‘extinction’ for Indian Buddhism.
အမှန်အားဖြင့် နေရာအနှံ့အပြား ဖြစ်နေသော အကြောင်းအရာများသည် နည်းပါးသော အချက်အလက် ဖြစ်သော်လည်း မျက်မှောက်ခေတ်သို့ ဗုဒ္ဓဘာသာ တောက်လျှောက် ဆက်လက် ရှင်သန်နိုင်ရေး၏ အရိပ်လက္ခဏာကို ပေးသည်။ သာဓကအားဖြင့် အိန္ဒိယ ဗုဒ္ဓရဟန်းတော်များသည် ဆယ့်လေးရာစုတွင် တိဗက်နှင့် တရုတ်ဆီသို့ ခရီးထွက်ခွာကြသည်။ ၁၉၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းများသည် Orissa ပြည်နယ်၌ ဗုဒ္ဓဘာသာဦးရေ ၁၈၃၃ ဦး ရှိကြောင်း ဖော်ပြထားပေသည်။ ထို့ကြောင့် အိန္ဒိယဗုဒ္ဓဘသာသာကို “ပျောက်ကွယ်သွားခြင်း” သို့မဟုတ် “တိမ်ကောသွားခြင်း” ကဲ့သို့ ဖော်ပြချက်မျိုးကို အသုံးပြုဖို့ရာတွင် အားလုံး မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။

The process of the decline of Buddhism in India was neither uniform in terms of time nor was it consistent in the manner of its decline. Historical information about the condition of Buddhism in different parts of India happens to be so scattered and discontinuous that it is almost impossible to prepare a complete picture of any given period. On the whole, no period can be delimited as marking the commencement of a general decline of Buddhism all over India. While one could see Buddhism flourishing at one place, one could see it in decline at the same time at another place.
အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း ဖြစ်စဉ်သည် အချိန်အားဖြင့် တူညီမှု မရှိနိုင်သလို ၄င်းကျဆုံးမှု၏ ပုံပန်းသဏ္ဍာန်တွင်လည်း တစ်သမတ်တည်း မကျနိုင်ပေ။ အိန္ဒိယနိုင်ငံ၏ မတူညီသောဒေသများ၌ ဗုဒ္ဓဘာသာ အခြေအနေနှင့် ပတ်သက်သော သမိုင်းဆိုင်ရာ သတင်းအချက်အလက်သည် သတ်မှတ်ထားသော အချိန်ကာလ၏ ပြည့်စုံသော အသွင်သဏ္ဍာန်ကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်လောက်အောင် အလွန် ပြန့်ကျဲနေပြီး ဆက်စပ်မှုမရှိ ဖြစ်နေသည်။ အားလုံးခြုံကြည့်လျှင် အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံးတွင် ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ ကျဆုံးရခြင်း၏ အစပြုခြင်းကို လေ့လာမှတ်သားရာတွင် အချိန်ကာလကို ဘောင်ခတ်ထား၍ မရနိုင်ပေ။ တစ်နေရာတွင် ဗုဒ္ဓဘာသာ ထွန်းကားနေသည်ကို တွေ့နေစဉ်တွင် တစ်ခြားတစ်နေရာ၌ တစ်ချိန်တည်းတွင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်နေသည်ကို တွေ့နိုင်သည်။
For instance, when some well-endowed Buddhist monasteries existed under the Pālas in eastern India, Buddhism had already met its worst fate in north western India. However, on the whole, there appears to be some consensus amongst scholars that Buddhism seems to have fallen into a state of complete disarray and collapsed rather quickly and comprehensively towards the end of the twelfth century.
သာဓကအားဖြင့် အရည်အသွေး ပြည့်စုံသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ချို့ အရှေ့ အိန္ဒိယတွင် တည်ရှိနေသောအခါ ဗုဒ္ဓဘာသာသည် အနောက်မြောက် အိန္ဒိယတွင် အဆိုးဝါးဆုံး ကံကြမ္မာနှင့် ကြုံတွေ့နေခဲ့ရသည်။ သို့သော်လည်း ခြုံကြည့်လိုက်လျှင် ဆယ့်နှစ်ရာစု နှောင်းပိုင်းဆီသို့ အတော်အတန် လျှင်မြန်စွာ ကစဥ့်ကလျားနှင့် အပြီးအပြတ် ယိုယွင်းလာသော အခြေအနေ အဖြစ်သို့ ဗုဒ္ဓဘာသာသည် ကျရောက်နိုင်ခဲ့သည် ဆိုသည်မှာ ပညာရှင်များအကြား သဘောတူညီမှု ရှိလာသည်။

It has been suggested by scholars such as R.C. Mitra and K.W. Morgan that corruption and moral decay was the root cause of the decline of Buddhism. An examination of the vast Buddhist as well as non-Buddhist textual material spanning the entire period of the history of Indian Buddhism indicates that there were many men and women who had joined the Saṃgha under circumstances of compulsion. The Saṃgha is said to have abounded with people who were perversely self-willed and unbearably quarrelsome. For instance, the Theragāthā speaks of monks who were cheats, frauds, false witnesses, and unscrupulous.
ပညာရှင် R.C. Mitra နှင် K.W. Morgan တို့သည် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ယိုယွင်းလာခြင်းက ဗုဒ္ဓဘာသာကျဆုံးခြင်း၏ အဓိက ဇစ်မြစ်ဖြစ်သည် ဟု အဆိုပြုကြသည်။ အိန္ဒိယဗုဒ္ဓဘာသာ သမိုင်းကြောင်း တစ်ခုလုံးရှိ စာပေအချက်အလက် ကာလသက်တမ်းတွင် များစွာသော ဗုဒ္ဓဘာသာဝင်ရော ဗုဒ္ဓဘာသာမဟုတ်သူတို့၏ စိစစ်မှုသည် တိုက်တွန်းလှို့ဆော်မှု အခြေအနေအောက်တွင် သံဃာ့ အဖွဲ့အစည်းသို့ ၀င်ရောက်လာကြသော အမျိုးသားများနှင့် အမျိုးသမီးများကို ရည်ညွှန်းပေသည်။ ပေကတ်ကတ်နှင့် ထင်ရာစိုင်းတတ်ပြီး သည်းခံမှုမရှိ ရန်လိုတတ်သော ပုဂ္ဂိုလ်များနှင့်အတူ ပေါများလာသည်ဟု သံဃာ့အဖွဲ့အစည်းကို ပြောနိုင်သည်။ သာဓကအားဖြင့် ထေရဂါထာတွင် လိမ်လည်သော၊ မရိုးသားသော၊ ဟန်ဆောင်ထားမှုနှင့် မသမာသော ရဟန်းများအကြောင်းကို ပြောသည်။

There is sufficient evidence to show that there were monks who did not fully cooperate with the Buddha during his life time, and with his chief disciples like Mahākasspa, Upāli, and Ānanda, after his death. The Jātakas acknowledge that many undesirable characters entered the Saṃgha because they found living easier inside the Saṃgha than on the outside. Such undesirable and irresponsible elements were clearly not expected to live up to the ideals set by the Buddha.
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် ဗုဒ္ဓနှင့်အတူ အပြည့်အ၀ ပူပေါင်းဆောင်ရွက်မှု မရှိသော ရဟန်းများ ရှိခဲ့သည်။ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက်ပိုင်း အရှင်မဟာကဿပ၊ အရှင်ဥပါလိနှင့် အရှင်အာနန္ဒာတို့နှင့် အတူတကွလည်း ပူးပေါင်းဆောင်ရွက်မှု မရှိသော ရဟန်းများ ရှိခြင်းသည် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာရန် လုံလောက်သော အထောက်အထားများ ဖြစ်ခဲ့သည်။ ဇာတကစာပေများမှ အသိအမှတ် ပြုထားသည်မှာ မကောင်းသော အကျင့်စရိုက်ရှိသည့် ပုဂ္ဂိုလ်များ သံဃာ့အဖွဲ့အစည်းသို့ ၀င်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အပြင်လောကမှာထက် သံဃာ့လောကတွင် လွယ်ကူစွာ အသက်မွေးမှုကို ရှာဖွေကြသည်။ ထိုကဲ့သို့ မကောင်းသော အကျင့်စရိုက်များနှင့် တာဝန်မသိသော သူများက ဗုဒ္ဓ တည်ထောင်ထားသော စံနမူနာကောင်းကို ကိုက်ညီအောင် နေထိုင်ဖို့ လုံးဝ မလိုလားပါ။

It was perhaps in response to the existence of such undesirable elements in the Saṃgha that the Buddha was compelled to enact rules banning their entry. But such rules did not necessarily keep unwanted elements from making way into the Saṃgha. Laxity in the Saṃgha seems to have grown to the extent that monks in large numbers were pocketing individual or community wealth and engaging in several other indiscretions.
ထိုသူတို့ ၀င်ရောက်ခြင်းကို တားမြစ်ထားသော စည်းမျဉ်းစည်းကမ်း ဥပဒေကို ထုတ်ပြန်ဖို့ ဗုဒ္ဓကို တောင်းဆိုခြင်းသည် သံဃာထုအတွင်း ထိုပုဂ္ဂိုလ်များ ရှိနေခြင်းကို တုန့်ပြန်ဖို့ ဖြစ်နိုင်ခြေရှိခဲ့သည်။ သို့သော် ထိုစည်းမျဉ်း ဥပဒေတို့သည် သံဃာထုအတွင်း ၀င်ရောက်လာသော မလိုလားအပ်သည့် ပုဂ္ဂိုလ်များအတွက် သေချာပေါက် မထိန်းနိုင်ခဲ့ပါ။ သံဃာ့အဖွဲ့အစည်း လျော့ရဲလာမှုသည် အတိုင်းအတာတစ်ခုကို ကြီးထွားလာပုံပေါ်သည်။ ၄င်းမှာ များစွာသော ရဟန်းများသည် ပုဂ္ဂလိက သို့မဟုတ် အဖွဲ့အစည်း ခိုင်မာမှုကို လှစ်လျူရှုခြင်းနှင့် အခြားသော စည်းကမ်းများစွာ မစောင့်ထိန်းခြင်းတွင် ပါဝင်လာခြင်းများ ဖြစ်လာခဲ့သည်။

Chinese pilgrims Faxian, Ijing and Xuanzang make references to the feudal character of the Buddhist Saṃgha which owned movable and immovable property in substantial quantities. It had become quite normal for Buddhist vihāras to own servants, cattle, land, granaries, and villages for the purpose of maintaining their residents. There is evidence to show that some of the prominent vihāras had become so influential that they began to issue their own seals and coins.
တရုတ်လူမျိုး ဘုရားဖူးခရီးသွားများ ဖြစ်ကြသော Faxian, Ijing နဲ့ Xuanzang တို့ ရည်ညွှန်းပြောဆိုပုံမှာ ကောာင်းမွန်သော အရည်အသွေးရှိသည် ရွေ့လျားနိုင်သော ပစ္စည်းနှင့် မရွေ့လျားနိုင်သော ပစ္စည်းကို ပိုင်ဆိုင်လာသော ဗုဒ္ဓဘာသာရဟန်း၏ ပဒေသရာဇ် စနစ် လက္ခဏာပင် ဖြစ်သည်။ ၄င်းသည် အစေခံများ၊ ကျွဲနွားများ၊ လယ်မြေများ၊ စပါးကျီများနှင့် သူတို့၏ နေထိုင်သူများ နေနိုင်ရန်အတွက် ရည်ရွယ်ထားသော ကျေးရွာများကို ပိုင်ဆိုင်ရန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွက် ပုံမှန်အနေအထား ဖြစ်လာခဲ့ပေသည်။ သက်သေပြစရာ အထောက်အထားတစ်ခုမှာ အရေးပါသော ဘုန်းကြီးကျောင်းများသည် သူတို့၏ ကိုယ်ပိုင် တံဆိပ်တုံးများနှင့် ဒင်္ဂါးများကို ထုတ်လုပ်လာကြခြင်းဖြင့် သြဇာတိက္ကမ ရှိလာကြတော့သည်။ (ဆက်ရန်.....)
Though it cannot be denied that many corrupt practices had become widely prevalent in the Buddhist Samgha, it is highly improbable that they led to its decline. As a matter of fact corrupt practices in a religion seem to affect its well-being. Thus, it would be difficult to understand as to how the ownership of land, servants, granaries, and precious metals by monasteries could have caused the decline of Buddhism even if the Buddha had advocated otherwise.
ဗုဒ္ဓဘာသာ ရဟန်းတော်များတွင် အကျင့်စာရိတ္တပျက်ပြားလာမှုများသည် များစွာ ဖြစ်လာသည်ကို ငြင်းဆို၍ မရနိုင်သော်လည်း ဤရဟန်းတော်များသည် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာဖို့ ဦးတည်လာသည်မှာ အကြီးအကျယ်တော့ ဖြစ်လာနိုင်ဖွယ် မရှိသေးပေ။ အမှန်တကယ်တော့ ဘာသာတရား တစ်ခုတွင် အကျင့်စာရိတ္တပျက်ပြားလာခြင်းသည် ဘာသာတရား၏ ကောင်းမွန်ခြင်းကို ထိခိုက်စေနိုင်သည်။ ထိုကြောင့် နားလည်ဖို့ ခက်ခဲနိုင်တာက လယ်မြေများ၊ အလုပ်သမားများ၊ စပါးကျီများနှင့် အဖိုးတန်သော ကျောက်မျက်များကို ဘုန်းကြီးကျောင်းများမှ ပိုင်ဆိုင်နိုင်ကြောင်း ဗုဒ္ဓက ခွင့်ပြုခဲ့လျှင်တောင်မှ ဗုဒ္ဓဘာသာ ကျဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

Moreover, laxity in discipline of religious life was not unique to Buddhism alone. It also existed in the other contemporary religious communities. Many religious trusts, temples, and shrines of today are not exactly paragons of good moral behavior. But they still continue to thrive. Besides, moral laxity may have corrupted the Buddhist Samgha at certain times and places.
ထို့အပြင် ဘာသာတရား နယ်ပယ်၏ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုသည် ဗုဒ္ဓဘာသာ တစ်ခုတည်းတွင်သာ မဟုတ်ပေ။ အခြားသော ခတ်ပြိုင် ဘာသာရေးအဖွဲ့အစည်းများတွင်လည်း ရှိပေသည်။ များစွာသော ယနေ့ခေတ် ဘာသာရေး ယုံကြည်မှုများ၊ ဘုရားရှိခိုးကျောင်းများနှင့် ဘာသာရေး နေရာများသည် ကောင်းမွန်သော ကိုယ်ကျင့်သိက္ခာ၏ အတိအကျ စံနမူထားလောက်အောင် မဟုတ်ပေ။ သို့သော် သူတို့သည် ဆက်လက်၍ ရှင်သန် ရပ်တည်နေကြသေးသည်။ ထို့အပြင် ကိုယ်ကျင့်တရား ယိုယွင်းလာမှုသည် အချို့သော အချိန်နှင့် နေရာများတွင် ဗုဒ္ဓသံဃာ့ အဖွဲ့အစည်းကို ထိခိုက်စေလာလိမ့်မည်။

The Samgha had never turned into an institution in disgrace and there is no well-documented evidence to prove that Buddhism was abandoned by its followers just because it had become a corrupt religion. Moreover, if moral and ethical degeneracy were the cause of the decline of Buddhism, it would not have survived as long as it did because many of the examples of corrupt bhikkhus and bhikkhunis are from an early period.
ရဟန်းများသည် အကြည်ညိုပျက်အောင် ဓလေ့တစ်ခုကို မပြောင်းပေ။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများက ဗုဒ္ဓဘာသာကို စွန့်လွှတ်ကြောင်း သက်သေပြရန် ခိုင်လုံသော အထောက်အထား သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းသည် ပျက်စီးခဲ့သော ဘာသာရေး ဖြစ်ခဲ့ပြီးလေပြီ။ ထို့အပြင် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်များ ဆုတ်ယုတ်လာခြင်းသည် ဗုဒ္ဓဘာသာ ကျဆုံးခြင်းကို ဖြစ်စေခဲ့သည် ဆိုလျှင် အချိန်အတော်ကြာအောင်တော့ ဆက်လက် တည်ရှိနေနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ စာရိတ္တပျက်ပြားသော ဘိက္ခုနှင့် ဘိက္ခုနီများသည် အစောပိုင်း ကာလကတည်းကပင် ရှိပေသည်။

It has been claimed by G. Verardi and others that there is sufficient evidence to prove that the brahmanas mostly despised the Buddhists and their animosity, though not persistent and sustained broke out in a frenzy from time to time till Buddhism was overpowered and wiped out from the land of its origin. Verardi has even pointed out that religious tolerance was alien to pre-British India and he claims to have laid bare sufficient evidence of the destruction of monasteries by the brahmanas and the creation by them of special militias aimed at intimidating the Buddhist monks and the laity.
G. Verardi နှင့် အခြားသော လူများက ပြောဆိုကြသည်မှာ ဗြဟ္မဏများသည် ဗုဒ္ဓဘာသာဝင်များကို မလိုမုန်းတီးမှုနှင့် စက်ဆုပ်ရွံရှာခြင်းအား သက်သေပြရန် ခိုင်လုံသော အထောက်အထားဖြစ်သည်။ မကြာခဏဆိုသလို ဗုဒ္ဓဘာသာကို တာရှည်မတည်တံ့နိုင်အောင် ပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာကို လွှမ်းမိုးလာပြီး ဗုဒ္ဓဘာသာ၏ မူလနယ်မြေမှ ရှင်းထုတ်ပစ်လိုက်သည်။ Verardi က ထောက်ပြခဲ့တာကတော့ ဘာသာရေးဆိုင်ရာ သည်းခံမှုသည် အင်္ဂလိပ်မတိုင်မီ အိန္ဒိယနှင့် ဖီလာဆန့်ကျင် ဖြစ်ခဲ့သည်။ ဗြဟ္မဏများက ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၏ လုံလောက်သော သက်သေ အထောက်အထားများကို ပြောခဲ့သည်။ ကြီးမားသော လက်နက်ကိုင် အဖွဲ့များဖြင့် ဗုဒ္ဓရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။

Attack on Angulimala by a frenzied mob, the murders of Moggallana and Aryadeva, anti-Buddhist crusades of Kumarila Bhatta and Samkara, and an attempt by brahmanas not only to burn the pavilion where Xuanzang was to be honoured by king Harsavardhana but also to kill pro-Buddhist Harsavardhana himself, are given as important instances in support of such a hypothesis. A bhikkhu in yellow robes was an ill omen.
လူဆိုးများက Angulimala ကို တိုက်ခိုက်ခြင်း၊ Moggallana နှင့် Aryadeva တို့ကို သတ်ရန် ကျူးလွန်ခြင်း၊ kumarila Bhatta နှင့် Samkara ၏ ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး စစ်ပွဲများ ထိုနောက် ဘုရင် harsavardhana က Xuanzang ကို ဂုဏ်ပြုခဲ့သော နေရာကို မီးရှို့ခဲ့ရုံသာမက ဗုဒ္ဓဘာသာကို ထောက်ခံအားပေးခဲ့သော harsavardhana ကိုသတ်ရန် ဗြဟ္မဏများက ကြိုးစားခြင်း စသည်တို့သည် အရေးကြီးသော နမူနာများ အဖြစ် ဤအဆိုများကို ထောက်ခံလျှက် ဖော်ပြထားသည်။ အ၀ါရောင်သင်္ကန်းဖြင့် ဘိက္ခုကိုလည်း မကောင်းသောနိမိတ်အဖြစ် မှတ်ယူထားသည်။

There is no doubt that there were occasions when Buddhist monks were held in ridicule. But stray examples quoted in support of Brahmanical enmity and persecution certainly do not warrant that Brahmanical-Hinduism had turned itself on Buddhism lock, stock, and barrel. The wrangles between the followers of the Buddha and the followers of various sects of Brahmanical-Hinduism appear more like internal petty altercations within a religious system rather than frenzied communal riots.
ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို နှိပ်ကွပ် ကန့်သတ်တဲ့ အခါကာလ ရှိခဲ့တယ် ဆိုတာ သံသယ ပွားနေစရာ မလိုပေ။ သို့သော် ဗြဟ္မဏများ၏ မလိုမုန်းတီးမှုနှင့် နှိပ်စက်မှုကို ထောက်ခံထားတဲ့ အချို့သော ဥပမာတွေကတော့ ခိုင်လုံမှု မရှိပေ။ ဗြဟ္မဏဟိန္ဒူများသည် သဗ္ဗရနံပေါင်း တစ်ခုမကျန်အောင်ပင် ဗုဒ္ဓဘာသာအပေါ် လှည့်လာတော့သည်။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများနှင့် ဗြဟ္မဏဟိန္ဒူဂိုဏ်း အမျိုးမျိုးတို့၏ သက်ဝင်ယုံကြည်သူများ ကြားတွင် ငြင်းခုံမှုများသည် ရုတ်ရုတ်သဲသဲ အုပ်စုလိုက် အဓိကရုဏ်းများ ဖြစ်မည့်အစား ဘာသာရေး စနစ်တစ်ခုအတွင်းတွင် အတွင်းရေး အသေးအဖွဲ ငြင်းခုံမှုများကဲ့သို ဖြစ်ပေါ်လာသည်။

The Brahmanical hostility appears to have been altogether at a different level. The malevolence appears to have been directed primarily at the monastic movement and to some extent at the comparative opulence of the monasteries. Early Buddhist sources do not refer to any persecution nor do they betray any feelings of mutual animosity contiguous to a holy war. The Buddha made respectful reference to brahmanas who observed their vows. He was critical of only sham brahmanas, i.e., those brahmanas who claimed to be brahmanas merely on the basis of birth. In fact, he classed the worthy samanas with the brahmanas.
ဗြဟ္မဏများ၏ ရန်လိုမှုသည် မတူညီတဲ့ အဆင့်တွေမှာ အတူတကွ ဖြစ်ပေါ်လာကြသည်။ ယုတ်မာဆိုးသွမ်းမှုသည် ဘုန်းကြီးကျောင်းများ အတက်အကျမှာ အဓိက ရည်ညွှန်းဖို့နှင့် ဘုန်းကြီးကျောင်များ၏ နှိုင်းယှဉ်လေ့လာမှု အများပြားမှာ အချို့သော အတိုင်းအတာကို ဖြစ်ပေါ်စေသည်။ အစောပိုင်း ဗုဒ္ဓဘာသာသာ အထောက်အထားများသည် မည်သည့် ဖိစီးနှိပ်စက်မှုမျိုးကိုမျှ မရည်ညွှန်းပါ။ ဘာသာရေး စစ်ပွဲတစ်ခုကို နီးစပ်နေသော အပြန်အလှန် မုန်းတီးမှု၏ မည်သည့်ခံယူချက်မျိုးကိုမျှ သူတို့သည် လုပ်ပြလိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓသည် ဗြဟ္မဏများ၏ ခံယူချက်များကို လိုက်နာသော ဗြဟ္မဏများကို လေးလေးစားစား ပြောဆိုခြင်းကို ပြုလုပ်သည်။ သူသည် အယောင်အဆောင် ဗြဟ္မဏများကို ဆန်းစစ်ဝေဖန်သည်။ ဆိုလိုသည်မှာ မွေးဖွားရာ မျိုးရိုးဇာတ်ကို အခြေခံထားသော ဗြဟ္မဏများဖြစ်သည်ဟု အခိုင်အမာပြောဆိုသော ဗြဟ္မဏများကို ဆိုလိုသည်။ တကယ်တော့ သူသည် လေးစားထိုက်သော သမဏများကို ဗြဟ္မဏများနှင့် အဆင့်အတန်း ခွဲခြားခဲ့ပါသည်။

To the Brahmanical-Hindu followers Buddhism was a mere sect within their religious system and, from their point of view, the bickering between the two must be seen as an internal affair. The murder of Moggallana was an individual act of crime. Similarly, the assault on Angulimala had no religious motive behind it. Though some aspects of the philosophy of Buddhism, especially its atheism and their dress or shaven-heads, may have often been the subjects of bitter ridicule, it is not possible to find reliable evidence of any spirit of fanatical fury or hatred in the sources.
ဗြဟ္မဏဟိန္ဒူများ အတွက်ကတော့ ဗုဒ္ဓဘာသာသည် သူတို့၏ ဘာသာရေး အဖွဲ့အစည်းတွင် ဂိုဏ်းတစ်ခု အနေမျှသာ ဖြစ်သည်။ သူတို့၏ အမြင်ကတော့ ဘာသာရေး နှစ်ခုကြားတွင် ငြင်းခုံခြင်းကို အတွင်းရေး အငြင်းအခုံတစ်ခု အဖြစ် မြင်ပေသည်။ အရှင်မဟာမောဂ္ဂလန်ကို လုပ်ကြံကြသော လူသတ်သမားများသည် ရာဇ၀တ်မှု၏ တစ်သီးတစ်ခြား အမှုဖြစ်သည်။ ထိုနည်းတူစွာပင် အင်္ဂုလိမာလ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည်လည်း နောက်ကွယ်တွင် ဘာသာရေး ရည်ရွယ်ချက် မရှိပေ။ ဗုဒ္ဓဘာသာ အတွေးအခေါ်၏ အချို့သော အယူအဆများ ရှိသော်လည်း အထူးသဖြင့် ၄င်း၏ ဖန်ဆင်းရှင် အယူဝါဒနှင့် သူတို့ရဲ့ အ၀တ်အစား သို့မဟုတ် ဦးခေါင်းဆံပင် ပယ်ခြင်းတို့သည် ခါးသည်းသော အကြောင်းအရာအဖြစ် မကြာခဏ ရှိကောင်းရှိနိုင်သည်။ ဒါဟာ အယူသီးသော ဒေါသ သို့မဟုတ် အကြောင်းအရာထဲက အမုန်းတရားတို့၏ စိတ်ဓာတ်ကို စိတ်ချရသော အထောက်အထားကို ရှာဖို့ မဖြစ်နိုင်ပေ။

Indian history does not bear out the fact of a continued and organized persecution as the state policy of any ruling dynasty so as to exterminate an established religion. On the other hand, even from purely epigraphical evidence one can make out numerous instances of tolerance of Buddhism by Brahmanical-Hindu rulers or of reverence to Brahmanical-Hindu deities by Buddhists.
အိန္ဒိယ သမိုင်းကြောင်းသည် တည်ထောင်ထားသော ဘာသာရေး တစ်ခုကို မျိုးပြုန်းစေရန် အုပ်ချုပ်သူ ဘုရင်မင်းဆက်၏ မူဝါဒအဖြစ် ဆက်လက်၍ စီစဉ် နှိပ်ကွပ်မှုတစ်ခု၏ အချက်အလက်ကို မဖော်ပြပါ။ အခြားတစ်ဖက်မှာလည်း သေချာစွာ ကမ္ပည်းထိုးထားသော အထောက်အထားမှကြည့်လျှင် တစ်စုံတစ်ယောက်သည် ဗြဟ္မဏဟိန္ဒူ အုပ်ချုပ်သူများက ဗုဒ္ဓဘာသာ၏ သည်းခံခြင်း သို့မဟုတ် ဗုဒ္ဓဘာသာဝင်များက ဗြဟ္မဏဟိန္ဒူတို့၏ နတ်ဘုရားများကို လေးစားခြင်း တို့၏ များစွာသော ဥပမာများကို ဖြည့်သွင်းခြင်း ပြုလုပ်နိုင်သည်။ (ဆက်ရန်.....)
A glimpse into the Gupta period may be illuminating as it is generally held as the Brāhmaṇical revival. Amrakārdava, a Buddhist general of many victories in the service of Candragupta II, in his grant to an Ārya-Saṃgha at Kākāṇḍabhoṭa of Sāñcī, pronounces the guilt of the slaughter of a cow or a Brāhmaṇa on anyone who would disturb it. This shows that the mental background of a Buddhist in the matter of taboos, inhibitions, and sins did not differ much from that of a Brāhmaṇical-Hindu. Harṣavardhana, who is sometimes criticized for following a policy of discrimination in favour of Buddhism, pays homage to Siva in his own book Ratnāvalī.
ဂုပတ (Gupta) ခေတ်ကို လှမ်းမျှော်ကြည့်လျှင် ရှင်းရှင်းလင်းလင်း သိရှိနိုင်သည့် အကြောင်းသည် ဗြဟ္မဏများ ပြန်လည် အားကောင်းလာခြင်းပင် ဖြစ်သည်။ Candragupta II ၏ အမှုထမ်းလည်းဖြစ် တိုက်ပွဲများစွာကိုလည်း အောင်နိုင်သူ ဖြစ်သော ဗုဒ္ဓဘာသာ တွင် ဦးဆောင်ဦးရွက်ပြုသူ Amrakārdava သည် Sāñcī ဗုဒ္ဓ စေတီတော် ရှိသော Kākāṇḍabhoṭa တွင် Ārya-Saṃgha တစ်ပါးကို ဆည်းကပ်ကိုးကွယ်ရင်း နွားကို သတ်ဖြတ်သည့် အပြစ် ကို ကြေညာသည်။ ဤကဲ့သို့ ကြေညာလိုက်ခြင်းသည် ဘာသာရေးအရ ရှောင်ရန် တားမြစ်ထားခြင်းနှင့် မကောင်းမှု ဒုစရိုက် အကြာင်းတရား အပေါ်တွင် အခြေခံထားသော ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ အယူအဆ သည် ပင်လျှင် ဟိန္ဒူ ဗြဟ္မဏဘာသာ၏ အယူအဆနှင့် ကွဲပြားမှု သိပ်မရှိတော့ပေ။ ဗုဒ္ဓဘာသာကို ထောက်ခံလျှက် တစ်ခါတရံတွင် ခွဲခြားဆက်ဆံမှု ၀ါဒလမ်းစဉ်ကို ဝေဖန်တတ်သော Harṣavardhana သည် သူကိုယ်တိုင် ရေးထားသော Ratnāvalī စာအုပ်တွင် သျှီဝ (ဟိန္ဒူနတ်တစ်ပါး) ကို ကိုးကွယ်သည့် အကြောင်း ပါဝင်သည်။

Had the Buddha been hated by the Brāhmaṇical-Hindu society, the same society would not have accepted him as an incarnation of Viṣṇu. The Garuḍa Purāṇa invokes the Buddha as an incarnation of Viṣṇu for the protection of the world from sinners and not for deluding people to their ruin as in the Viṣṇu, Agni, and Matsya Purāṇa. The Varāha Purāṇa also does not refer to the Buddha in any deprecation sense, but he is adored simply as the god of beauty. It cannot be denied that some Purāṇas mention the Buddha as the grand seducer and the Yajñavalkya considers the sight of a monk with yellow robes as an execrable augury, but this kind of attitude was not always one-sided.
ဗုဒ္ဓကို ဟိန္ဒူဗြဟ္မဏ အဖွဲ့အစည်းက မုန်းတီးကြသည်။ ထိုသို့သော အဖွဲ့အစည်းသည် Viṣṇu နတ်ဘုရား ၀င်စားသူ အဖြစ် ဗုဒ္ဓကို အသိအမှတ် မပြုပေ။ Garuḍa Purāṇa ဆိုသူသည် အပြစ်ရှိနေကြသော ကမ္ဘာလောကကို ကယ်တင်ရန်အတွက် Viṣṇu နတ်ဘုရား ၀င်စားသူ တစ်ဦး အဖြစ် ဗုဒ္ဓကို ရည်ညွှန်းပေသည်။ Viṣṇu, Agni နှင့် Matsya Purāṇa နတ်ဘုရား များကဲ့သို့ လူများ ပြုပြင်ပြောင်းလဲ ပျက်စီးမှုကို လှည့်စားမှု အတွက်တော့ မဟုတ်ချေ။ Varāha Purāṇa လည်းပဲ မည်သည့် အပြစ်ရှိသော အာရုံမှာမှ ဗုဒ္ဓကို ရည်ညွှန်းခြင်း မရှိပေ။ သို့သော် သူသည် အလှပတရား၏ နတ်ဘုရားအဖြစ် ရိုးရှင်းစွာဖြင့် ကြည်ညိုပေသည်။ ငြင်းဆို၍ မရနိုင်သည်မှာ အချို့သော Purāṇa များသည် အလွန်တော်သော ဖြားယောင်းသွေးဆောင်သူ အဖြစ် ဗုဒ္ဓကို ဖော်ပြကြသည်။ Yajñavalkya သည် အ၀ါရောင် သင်္ကန်းနှင့် ရဟန်း မြင်ကွင်းကို မနှစ်သက်ဖွယ် အတိတ်နိမိတ် တစ်ခုအဖြစ် စဉ်းစားယူဆကြသည်။ သို့သော် ထိုကဲ့သို့ စိတ်သဘောထားသည် အမြဲတမ်းတော့ တစ်ဖက်စောင်းနင်း မဖြစ်ခဲ့ပေ။

The Buddhists too tried to show different Brāhmaṇical deities in bad light. For instance, the Siddhas are expected to be served in heaven by Hari as gatekeeper. Each of the Hindu gods Brāhmā, Viṣṇu and Śiva is stigmatized as Māra or the seducer in Buddhist literature. But even in such cases it cannot be said with certainty that similes such as these smack of any sectarian disdain. In spite of some stray incidents resulting from the heat of sectarian rivalry here and there, there are no reliable examples of any crusades or holy wars.
ဗုဒ္ဓဘာသာ ကိုးကွယ်သူများသည်လည်း ကွဲပြားခြားနားသော ဗြဟ္မဏများ၏ နတ်ဘုရားများကို အဆိုးမြင် သဘောဖြင့် ပြသဖို့ ကြိုးစားကြသည်။ ဥပမာအားဖြင့် Siddhas ကို ကောင်းကင်ဘုံတွင် တံခါးစောင့် အဖြစ် Hari က ခိုင်းစေထားကြောင်း မှတ်ထင်ထားကြသည်။ ဟိန္ဒူနတ်ဘုရားများ ဖြစ်ကြသော Brāhmā, Viṣṇu နှင့် Śiva တို့ တစ်ဦးစီကို ဗုဒ္ဓဘာသာ စာပေတွင် Māra သို့မဟုတ် ဖြားယောင်းသွေးဆောင် သူအဖြစ် ဆိုထားသည်။ သို့သော် ထိုအခြေအနေမျိုးမှာတောင် အသေအချာ မပြောနိုင်တာကတော့ မည်သည့် ဂိုဏ်းဂဏ ဆိုင်ရာ အထင်သေး ပြောဆိုမှုများ ကိုတော့ မပြောဆိုနိုင်ပေ။ နေရာအနှံ့အပြားတွင် ဂိုဏ်းဂဏစွဲ ပြိုင်ဆိုမှု ပြဿနာမှ ရရှိလာသော မလိုလား အပ်သည့် တချို့ အကျိုးဆက်များ ရှိသော်လည်း ဘာသာရေး စစ်ပွဲများ ဖြစ်ရန် ယုံကြည်ရလောက်သော အထောက်အထားများ မရှိပေ။

Buddhism had neither been conceived by the Buddha as a proselytizing religion nor had it attained any such success in India that it might have posed any danger to the very survival of Brāhmaṇical-Hinduism. On the whole, it is not easy to find any example of Brāhmaṇical hostility towards Buddhist lay supporters. The missionary zeal of Aśoka too had no semblance of bitterness. The Buddhist challenge to thought was answered primarily on an intellectual plane and the buck seems to have stopped there.
မိမိ အယူဝါဒကို လက်ခံရန် အတင်းသိမ်းသွင်းသော ဘာသာရေးအဖြစ် ဗုဒ္ဓဘုရားက ဗုဒ္ဓဘာသာကို အခြေတည် ပေးခဲ့သည် မဟုတ်။ အိန္ဒိယတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဗုဒ္ဓဘာသာကို အောင်မြင်အောင် ကြိုးပမ်းခဲ့သည်လည်း မဟုတ်ပေ။ ဟိန္ဒူဗြဟ္မဏ ၀ါဒ၏ မည်သည့် ဘေးအန္တရယ်ကို မဆို ဖြစ်စေကောင်းတော့ ဖြစ်စေနိုင်ခဲ့သည်။ ခြုံ၍ကြည့်လျှင် ဗုဒ္ဓဘာသာဝင် ဥပါသကာများအား ဗြဟ္မဏများမှ မလိုမုန်းထားမှုများကို တွေ့နိုင်သည့် ဥပမာတော့ ရှာတွေ့ဖို့ သိပ်တော့ မလွယ်ကူလှပေ။ စဉ်းစားရမှာကတော့ ဗုဒ္ဓဘာသာတို့၏ စွမ်းရည် အကဲစမ်းမှုကို အဓိကအားဖြင့် ဉာဏ်သုံးရသော အဆင့်ပေါ်တွင် အဖြေထွက်ခဲ့ပြီး လက်ဆင့်ကမ်း လွှဲလာသော တာဝန်ကို အပြတ်ရှင်းကောင်း ရှင်းရနိုင်သည်။

Some scholars like D.P.Chattopadhyaya have proposed that the decline of Buddhism in India took place because of the withdrawal of patronage and systematic policies of persecution by Brāhmaṇical kings such as Puṣyamitra Śuṅga and Śaśāṅka. It has been pointed out, for instance, that after the end of the Mauryan rule, Buddhism lost not only the royal patronage that it had enjoyed under kings such as Aśoka, but as a result of the persecution by Puṣyamitra Śuṅga (cira 184-48 BCE) it also lost most of what it had gained earlier.
D.P.Chattopadhyaya ကဲ့သို့ အချို့သော ပညာရှင်များ အဆိုပြုကြသည်မှာ အိန္ဒိယတွင် ဗုဒ္ဓဘာသာ ကျဆုံးရခြင်းသည် Puṣyamitra Śuṅga နှင့် Śaśāṅka တို့ကဲ့သို့ ဗြဟ္မဏ ဘုရင်များမှ အားပေးအားမြောက်မှု မရှိခြင်းနှင့် ထိုဘုရင် တို့၏ စနစ်ကျကျ နှိပ်စက် ဖျက်ဆီးခြင်း မူဝါဒ တို့ကြောင့်ပင် ဖြစ်ပေသည်။ ဥပမာအားဖြင့် ထိုအရာကို ပြောနိုင်သော အချက်မှာ Mauryan မင်းဆက် အုပ်စိုးမှု ကျဆင်းသွားပြီးနောက် ဗုဒ္ဓဘာသာသည် အသောက ဘုရင်ကဲ့သို့ အားပေးသော ဘုရင်များ မရှိတော့သည် သာမက ဟိန္ဒူဘုရင် Puṣyamitra Śuṅga (cira 184-48 BCE) ၏ ဖျက်ဆီးမှု ရလဒ်သည်လည်းပဲ ဗုဒ္ဓဘာသာကို စောစီးစွာ ပျောက်ကွယ် စေခဲ့လေသည်။

According to the Divyāvadāna and the Tibetan historian Tāranātha, Buddhism became extinct in the north as a result of the campaigns of Puṣyamitra during the course of which he is reported to have burnt down numerous Buddhist monasteries and killed a number of learned monks. His declaration to award anybody with one hundred dinaras who would bring him the head of a Śramaṇa is particularly quoted by some as an example of the hatred in which he held Buddhism.
Divyāvadāna နှင့် တိဗက်လူမျိုး သမိုင်းပညာရှင် Tāranātha တို့အရ ဗုဒ္ဓဘာသာသည် ဟိန္ဒူဘုရင် Puṣyamitra ၏ လှို့ဆော်တိုက်ဖျက်မှု ရလဒ် တစ်ခု အဖြစ် အိန္ဒိယ မြောက်ပိုင်းသို့ ရွေ့ရှားလာခဲ့သည်။ ထိုဘုရင် သက်တမ်းအတွင်း ဗုဒ္ဓ ဘုန်းတော်ကြီးကျောင်း အမြောက်အများနှင့် စာသင်သား သံဃာများစွာတို့ကို မီးလောင်တိုက် သွင်းပြီး ပြာဖြစ်အောင် ပြုလုပ်ခဲ့သည်။ ရဟန်းတစ်ပါး၏ ဦးခေါင်းကို သူ့ဆီသို့ ယူလာနိုင်သူ မည်သူကို မဆို ဆုငွေ dinaras တစ်ရာ ပေးမည်ဟု ကြေညာထားခြင်းသည် ပင်လျှင် ဗုဒ္ဓဘာသာကို မလိုမုန်းထား ရှိသည် ဆိုသည့် ဥပမာ တစ်ခု အဖြစ် အထူးသဖြင့် အကိုးအကား ပြုနိုင်သည်။

Another king, a Śaśāṅka (seventh century CE), the king of Gauḍa, is viewed in Buddhist literature as possibly the worst persecutor and enemy of Buddhism who apparently spared no efforts to snuff life out of Buddhism. In the words of Xuanzang, Śaśāṅka -rājā having destroyed the religion of the Buddha, the members of the priesthood were dispersed, and for many years driven away.
အခြားဘုရင် ဖြစ်သော Gauḍa ဘုရင် Śaśāṅka (၁၇ ရာစု) ကို ဗုဒ္ဓဘာသာဝင်တို့ကို အဆိုးဆုံး ညှင်းပန်းနှိပ်စက် သတ်ဖြတ်သူနှင့် ရန်သူ အဖြစ် ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်။ ထိုဘုရင်သည် သမိုင်းမှတ်တမ်း အရ ဗုဒ္ဓဘာသာကို အပြီးသတ် ချေမှုန်း သုတ်သင်ခဲ့သည်။ Xuanzang ၏ မှတ်တမ်းအရ ဟိန္ဒူဘုရင် Śaśāṅka -rājā သည် ဗုဒ္ဓ ထူထောင်ခဲ့သော ၀ါဒကို ဖျက်ဆီး ပစ်ခဲ့သည်။ သံဃာများလည်း နေရာဒေသ အသီးသီးသို့ နှစ်ပေါင်းများစွာ ကြာအောင် ထွက်ပြေး တိမ်းရှောင် ခဲ့ရတော့သည်။

Many Indologists have expressed scepticism about the veracity of the Buddhist legends relating to the persecution of Buddhism by Puṣyamitra Śuṅga. It has been suggested that though Śuṅga, particularly Puṣyamitra Śuṅga, may have been staunch adherents of orthodox Brāhmaṇism, they do not appear to have been as intolerant as some Buddhist texts have shown them to be. The testimony of the Divyāvadāna appears doubtful not only because it is chronologically far removed from the Śuṅgas but also because at that time dinara coins were not prevalent.
မျာစွာသော အိန္ဒိယ ပညာရှင်များသည် ဟိန္ဒူဘုရင် Puṣyamitra Śuṅga မှ ဗုဒ္ဓဘာသာကို ဖိနှိပ်မှုနှင့် ဆက်နွယ်သော အကြောင်းအရာ အမှန်အကန်နှင့် ပတ်သက်၍ သံသယ ပွားမှုကို ဖော်ပြကြသည်။ အကြံပြုထားသည်မှာ အထူးသဖြင့် Puṣyamitra Śuṅga အပါအ၀င် Śuṅga မင်းဆက် သည် ရှေးရိုး ဗြဟ္မဏ၀ါဒကို လက်ကိုင်ထားသူများ ဖြစ်သည်ဟု ခိုင်အမာ ယုံကြည်ထားသော်လည်း အချို့သော ဗုဒ္ဓစာပေများတွင် ဖော်ပြ ထားသလောက်တော့ သဘောထား သေးသိမ်သည်ဟု မဆိုနိုင်ပေ။ Divyāvadāna ၏ မှတ်တမ်းတွင် Śuṅgas မင်းဆက်မှ နှစ်ကာလ အစဉ်အတိုင်း ကြည့်လျှင် အလှမ်းကွာဟ သောကြောင့် မဟုတ် ထိုအချိန်က dinara အကြွေစေ့များသည် တွင်တွင်ကျယ်ကျယ် အသုံး မပြုသေးသောကြောင့် ဖြစ်သည်။

There is no evidence to show that any of the Mauryan kings discriminated against Brahmanism. Aśoka, the most popular Mauryan king, did not appear to have any vulgar ambition of exalting his own religion “by showing up the false gods” who had been hitherto worshipped in Jambudvīpa. Thus, the theory of a Brāhmaṇical reaction under Puṣyamitra loses much of its raison d’etre. The policy of Puṣyamitra Śuṅga appears to have been tolerant enough for the simple reason that if he were against the Buddhists, he would have dismissed his Buddhist ministers. Besides, there is overwhelming evidence to show that Buddhism actually prospered during the reign of the Śuṅga.
Mauryan မင်းဆက်များသည် ဗြဟ္မဏ၀ါဒကို ခွဲခြားဆက်ဆံခဲ့သည် ဆိုသည်မှာ ပြသရန် သက်သေ အထောက်အထားတော့ မရှိပေ။ Mauryan မင်းဆက်တွင် အကြော်ကြားဆုံး ဖြစ်သော အသောက ဘုရင်သည် ဇမ္ဗူဒီပတွင် ဤအချိန်အထိ ကိုးကွယ်နေကြသော ဖန်ဆင်းရှင် ဘုရားများကို မဟုတ်မမှန် ဆိုသည့် အခံရခက်သော အပြောမျိုးကို ပြောဆိုခြင်းဖြင့် သူကိုးကွယ်သော ဘာသာကို ကောင်းချီုးဖွင့် ပြောကြားသည့် ရည်ရွယ်ချက်မျိုးတော့ မတွေ့ရပေ။ ထိုကြောင့် Puṣyamitra ဟိန္ဒူမင်းဆက် အုပ်စိုးချိန် ဗြဟ္မဏများ၏ တုံ့ပြန်သည့် အယူအဆသည် သာမာန် အကြောင်းပြချက် လောက်တော့ လုံလောက်နိုင်ပေသည်။ အကယ်၍သာ ထိုဘုရင်သည် ဗုဒ္ဓဘာသာကို ဆန့်ကျင်နှိပ်ကွပ်လျှင် သူ၏ နန်းတော်တွင် ရှိသော ဗုဒ္ဓဘာသာဝင် ၀န်ကြီးအဖွဲ့များကိုပါ ရာထူးမှ ထုတ်ပယ်ခဲ့လိမ့်မည်။ ထို့အပြင် ထူးထူးခြားခြား သက်သေ ပြစရာကတော့ ဗုဒ္ဓဘာသာသည် အမှန်တကယ်တော့ ဟိန္ဒူဘုရင် Śuṅga အုပ်စိုးစဉ် တွင် သာသနာ ထွန်းလင်းခဲ့သည်။

On the whole, it cannot be overlooked that the well-known Buddhist monuments of Sāñcī and Bhārhut came into existence during the Śuṅga period. Further, the Sri Lanka chronicle, the Mahāvaṃsa admits the existence of numerous monasteries in Bihar, Avadha, Malwa, and surrounding areas during the time of Duṭṭhagāmaṇī (circa 101-77 BEC) which is synchronous with the later Śuṅga period.
အားလုံးကို ခြုံ၍ ကြည့်လျှင် Sāñcī ဗုဒ္ဓစေတီတော်နှင့် Bhārhut ဗုဒ္ဓဘာသာ နေရာများ၏ လူသိများ ကြော်ကြားသော စေတီ၊ အဆောက်အဦများ သည် Śuṅga မင်းဆက်ခေတ်တွင် ရှိလာကြသည် ဆိုသည်မှာ သတိမူသင့်သည်။ ဆက်လက်၍ သီရိလင်္ကာ သမိုင်းမှတ်တမ်း ဖြစ်သော Mahavamsa သည် Duṭṭhagāmaṇī (circa 001-77 BCE) လက်ထက်တွင် Bihar, Avadha, Malwaနှင့် ပတ်ဝန်းကျင် ဒေသများတွင် များစွာသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိခဲ့သည် ဟု ဆိုသည်။ ၄င်းအဖြစ်အပျက်သည် Śuṅga ဘုရင်ခေတ် နောက်ပိုင်းတွင် တစ်ပြိုင်တည်း ဖြစ်ပေသည်။ (ဆက်ရန်.....)

It may not be possible to deny the fact that Puṣyamitra showed no favour to the Buddhists, but it is not certain that he persecuted them. The only thing that can be said with certainty on the basis of the stories told in the Buddhist texts about Puṣyamitra is that he might have withdrawn royal patronage from the Buddhist institutions. This change of circumstance under his reign might have led to discontent among the Buddhists. It seems that as a consequence of this shifting of patronage from Buddhism to Brahmanism, the Buddhists became politically active against him and sided with his enemies, the Indo-Greeks. This might have incited him to put them down with a heavy hand.
Puṣyamitra ဟိန္ဒူ ဘုရင်မင်းဆက် သည် ဗုဒ္ဓဘာသာဝင်များကို အားပေးထောက်ခံမှုကို မပြသ ဟု ဆိုသော အချက်ကို ငြင်းဆိုဖို့ရာ မဖြစ်နိုင်ပါ။ သို့သော် ထိုဘုရင်မင်းဆက်သည် ဗုဒ္ဓဘာသာဝင်များကို ညှင်းပန်းနှိပ်စက်သည် ဆိုသည်မှာ မသေချာပေ။ Puṣyamitra ဟိန္ဒူမင်းဆက်နှင့် ပတ်သက်၍ ဗုဒ္ဓစာပေများတွင် ဖော်ပြထားသော အခြေခံ အကြောင်းအရာများပေါ် မူတည်၍ သေချာပေါက် ပြောနိုင်တာကတော့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းမှ အုပ်ချုပ်သူ လူတန်းစား ပုဂ္ဂိုလ်များကို တာဝန်မှ ရပ်စဲခြင်း ပြုနိုင်ခဲ့သည်။ ထိုမင်းဆက် အုပ်ချုပ်မှု အောက်တွင် ဖြစ်ခဲ့သော အပြောင်းအလဲများသည် ဗုဒ္ဓဘာသာဝင်များ အကြား မကျေနပ်မှုများကို ဖြစ်ကောင်း ဖြစ်နိုင်ခဲ့သည်။ ဗုဒ္ဓဘာသာမှ ဟိန္ဒူဘာသာသို့ ပြောင်းလဲသွားစေသော အကျိုးဆက်များအဖြစ် ဗုဒ္ဓဘာသာဝင်များသည် ထိုဘုရင် မင်းဆက်ကို နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်လာခဲ့ပြီး ဘုရင်၏ ရန်သူများ ဖြစ်သော အင်ဒိုဂရိများ ဘက်ခြမ်းသို့ ပါဝင်သွားခဲ့သည်။ ထိုအရာသည် ဟိန္ဒူဘုရင် အတွက် ဗုဒ္ဓဘာသာဝင်များကို ပြင်းထန်သော ဖိအားဖြင့် နှိပ်ကွပ်ဖို့ရာ လှို့ဆော်ပေးလိုက်နိုင်သည်။

Moreover, in some localities of Puṣyamitra Śuṅga’s kingdom, monasteries might have been pillaged in which the complicity of the local governors cannot be ruled out. K.P.Jayaswal has referred to another interesting aspect of the declaration of Puṣyamitra The fact that such a fervid declaration was made not only at a place which was far removed from the centre of the Śuṅga regime but also in the capital city of his arch-enemies, points to reasons motivated by political considerations.
ထို့အပြင် Puṣyamitra Śuṅga ဟိန္ဒူဘုရင်သည် တိုင်းပြည်၏ အချို့သော နေရာ ဒေသများတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထိုအချိန်တွင် ဒေသ အုပ်ချုပ်ရေးမှုးများ၏ ပူးပေါင်းကြံစည်မှုကို ထည့်တွက်၍ မရနိုင်ပေ။ K.P. Jayaswal သည် Puṣyamitra ဘုရင်မင်းဆက်၏ အခြား စိတ်ဝင်စားစရာ ကောင်းသော ကြေငြာ ပြောဆိုချက် အခြေအနေများကို ရည်ညွှန်း ပြောဆိုခဲ့သည်။ ထိုကဲ့သို့ ပြင်းထန်သော ပြောဆိုချက် အကြောင်းအရာကို Śuṅga အုပ်ချုပ်ရေးစနစ်၏ အဓိကနေရာမှ အဝေးနေရာများသာ မကဘဲ အဓိက ဦးတည်ထားသော ရန်သူများ၏ မြို့ကြီးတွင် လည်းပဲ ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာကို နိုင်ငံရေးအရ စဉ်းစားသုံးသပ်ခြင်းဖြင့် အရင်းခံ အကြောင်းပြချက်များကို ထောက်ပြပေသည်။

Thus, it would be fair to say that wherever the Buddhists did not or could not ally themselves with the invading Indo-Greeks, Puṣyamitra did not beleaguer them. In any case, after the end of the Śuṅga dynasty, Buddhism found congenial environment under the Kuṣāṇas and Śakas and it may be reasonable to assume that Buddhism did not suffer any real setback during the Śuṅga reign even if one could see some neglect or selective persecution of Buddhists.
ထိုကြောင့် မျှတအောင် ပြောဆိုင်နိုင်တာက ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယသို့ ကျူးကျော် ၀င်ရောက်လာသော အင်ဒိုဂရိများနှင့် မဟာမိတ်ဖွဲ့သည် မဖွဲ့သည် ဖြစ်ပါစေ Puṣyamitra မင်းဆက်သည် ထိုသူတို့ ၀န်းရံခံရခဲ့သည် မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ Śuṅga ဟိန္ဒူမင်းဆက် ပြီးနောက်တွင် ဗုဒ္ဓဘာသာသည် Kuṣāṇas နှင့် Śakas တို့လက်ထက်တွင် သဟဇာတ ဖြစ်သော ပတ်ဝန်းကျင်ကို တွေ့ခဲ့ရသည်။ ထိုအရာသည် ယူဆဖို့ရန် ယုတ္တိ ရှိကောင်း ရှိနိုင်သည်။ အကယ်၍ တစ်စုံ တစ်ဦးသည် အချို့သော လျစ်လျူရှုမှု ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင်များကိုသာ သီးသန့် ညှင်းပန်းနှိပ်စက်မှုကို မြင်တွေ့ခဲ့လျှင် တောင်မှ ဗုဒ္ဓဘာသာသည် Śuṅga မင်းဆက် အုပ်စိုးစဉ်အတွင်း ဆုတ်ဆိုင်းမှု တစ်စုံတရာ မခံစားခဲ့ရပါ။

In the case of Śasāṅka, it has been pointed out that to consider him a persecutor of Buddhism would amount to simplistic understanding of history. A certain measure of proneness to exaggeration may be natural in Xuanzang. The stories cannot really be given credence without any independent testimony. The reason for this, as pointed out by R.C. Mitra, is that they rest upon “the sole evidence of Buddhist writers who cannot, by any means, be regarded as unbiased or unprejudiced.
Śasāṅka ဘုရင်ခေတ်တွင် ထိုဘုရင်သည် ဗုဒ္ဓဘာသာဝင်များကို နှိပ်စက် ညှင်းပန်းသူ အဖြစ် ယူဆရန်မှာ သမိုင်းကြောင်းကို နားလည်လွယ်နိုင်သည့် သဘောကို သက်ရောက်လိမ့်မည်။ ချဲ့ကား ပြောဖို့ စဉ်းစားနိုင်တာကတော့ Xuanzang ၏ အဆိုအရ သဘာဝ ကျနိုင်ပေသည်။ သမိုင်းကြောင်း ကို လွတ်လပ်သော သက်သေ အထောက်အထား မရှိဘဲနှင့် မှန်ကန်ကြောင်း မပြနိုင်ပေ။ R.C. Mitra ထောက်ပြသကဲ့သို့ ထိုအရာအတွက် အကြောင်းပြချက်သည် “ဘက်လိုက်မှု၊ အဂတိတရား လိုက်မှု လုံးဝ မရှိသော စာရေးဆရာ၏ တစ်ခုတည်းသော အထောက်အထား” ကို အခြေပြုထားသည်။

Besides, Xuanzang’s own observation that in Karṇasuvarṇa, the capital city of Śasāṅka, there were ten Buddhist monasteries with over 2000 monks, contradicts the fact that he was a bigot and persecutor of Buddhism. In all probability, his ill-feeling towards Buddhism arose out of the fact that the Buddhists of some places, especially Magadha, who enjoyed considerable political clout, may have helped Harṣavardhana against him. As a consequence of this, he may have felt the need to punish them in such an oppressive manner. Thus, as pointed out by B.P. Sinha, the expulsion of the pro-Buddhist Maukharis from Magadha by the Brahmanical Gauḍas seems to have made Śasāṅka unpopular with the powerful Buddhists of Magadha, and “the uprooting of the Bodhi Tree may have been an economic move against the Buddhist hierarchy of Magadha,” as the Bodhi Tree was by now attracting hugely lucrative presents from all over the Buddhist world.
ထို့အပြင် Xuanzang ၏ ကိုယ်ပိုင် ထင်မြင် လေ့လာချက်သည် Śasāṅka ဘုရင်၏ မြို့တော် ဖြစ်သော Karṇasuvarṇa တွင် သံဃာ ၂,၀၀၀ ကျော် သီတင်းသုံးနေသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ဆယ် ရှိခဲ့သည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ထိုဘုရင်သည် တစ်ယူသန်ပြီး ဗုဒ္ဓဘာသာကို ညှင်းပန်းနှိပ်စက်သူ တစ်ယောက် ဖြစ်သည် ဆိုသည်မှာ ဆန့်ကျင်နေသည်။ သေချာသလောက် ဖြစ်သည်မှာ ဗုဒ္ဓဘာသာကို သူ၏ မလိုမုန်းထားမှုသည် နိုင်ငံရေး အာဏာကြီးစိုးခဲ့သော သူများ ရှိရာ အထူးသဖြင့် မာဂဓတိုင်း ကဲ့သို့ နေရာများတွင် ရှိကြသော ဗုဒ္ဓဘာသာဝင်များကို Harṣavardhana က ကူညီခဲ့ခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်ခဲ့သည်။ ထို အကျိုးဆက် အနေဖြင့် Śasāṅka ဘုရင်သည် ယင်းသို့ ဖိနှိပ်ချုပ်ချယ်သော အပြုအမူကို ပြုလုပ်လာခဲ့တော့သည်။ ထိုကြောင့် B.P. Sinha ထောက်ပြသကဲ့သို့ ဗြဟ္မဏမင်းဆက် Gauḍas သည် မာဂဓတိုင်းမှ ဗုဒ္ဓဘာသာကို ထောက်ခံကြသော Maukharis များကို နှင်ထုတ်ခြင်းသည် မာဂဓတိုင်း၏ အင်အားသာနေသော ဗုဒ္ဓဘာသာဝင်များနှင့် အဆင်မပြေ ဖြစ်အောင် Śasāṅka ဘုရင်ကို ဖြစ်စေခဲ့သည်။ ယခုခေတ်တွင် ဗောဓိ ညောင်ပင်ကို ဗုဒ္ဓဘာသာ ကမ္ဘာတစ်ဝှမ်းလုံးမှ လွန်စွာ ဆွဲဆောင်မှုရှိသော အထူးအမြတ်အဖြစ် သတ်မှတ်ထားသကဲ့သို့ ဖြစ်သော ဗောဓိညောင်ပင်ကို ခုတ်လှဲကြခြင်းသည် မာဂဓ တိုင်း၏ ဗုဒ္ဓဘာသာ ဂုဏ်ရှိန်ကို ဆန့်ကျင်ပြီး အကျိုးအမြတ် ရှိသော လုပ်ဆောင်မှု ဖြစ်ကောင်း ဖြစ်နိုင်သည်။

But a foreign religious scholar such as Xuanzang viewing, consciously or unconsciously, the actions of Śasāṅka as religious fanaticism is understandable. As Śasāṅka’s acts of persecution were all committed outside his own kingdom, it may be argued that his object was not so much to extirpate Buddhism as to make a political statement before his won Buddhist subjects. Still, making allowance for Xuanzang’s natural bias against Śasāṅka, the whole episode can hardly be dismissed as mere malicious agitprop. However, at the same time, it cannot be denied that whatever might have been the motive and the measure of his persecution, its effect was not disastrous for Buddhism whether inside his kingdom or outside it.
သို့သော် Xuanzang ထင်မြင် ယူဆသည့်အတိုင်း ဘာသာရေး လေ့လာသော ပညာရှင်တစ်ဦးသည် သတိရှိရှိ သို့မဟုတ် သတိလက်လွတ်ဖြင့် ဘုရင် Śasāṅka ၏ လုပ်ဆောင်ချက်မှုများသည် ဘာသာရေး အယူသီးမှု အဖြစ် သဘောပေါက်နိုင်သည်။ ဘုရင် Śasāṅka ၏ ညှင်းပန်းနှိပ်စက်မှု လုပ်ရပ်သည် သူ၏ တိုင်းပြည် အပြင်ဘက် အားလုံးတွင် ကျူးလွန်ခဲ့ သဖြင့် သူ၏ ရည်မှန်းချက်သည် ဗုဒ္ဓဘာသာကို မအောင်နိုင်မီ နိုင်ငံရေး အခြေအနေနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကို ဖယ်ရှားသုတ်သင်ခဲ့သည် မဟုတ်ဟု စောဒက တက်နိုင်သည်။ Śasāṅka ဘုရင်ကို ဆန့်ကျင်သော Xuanzang ၏ သဘာဝ ဘက်လိုက်မှု အတွက် ခွင့်ပြုခြင်းသည် ဖြစ်ရပ် တစ်ခုလုံးကို အငြိုးထားသော နိုင်ငံရေး လုပ်ငန်းစဉ် အဖြစ်လောက်သာ အရေးမထားဖို့ရန် ခက်ခဲနိုင်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ငြင်းဆိုလို့ မရနိုင်တာကတော့ ရည်ရွက်ချက်နှင့် သော်လည်းကောင်း၊ သူ၏ ညှင်းပန်း နှိပ်စက်မှုများသည် ဘာပဲ ဖြစ်ဖြစ် ၄င်း၏ အကျိုးသက်ရောက်မှုသည် သူ၏ တိုင်းပြည် အတွင်း သို့မဟုတ် အပြင်ဘက်တွင် ဖြစ်နေစေကာမူ ဗုဒ္ဓဘာသာ အတွက် အဆိုးအ၀ါး မဟုတ်ခဲ့ပါ။

There being no concept of a ‘state religion’ in India, it would be difficult to assign any perceptible damage occurring to any religion as a consequence of withdrawal of patronage by the rulers. It does not appear that in any period of the history of ancient India, the Saṃgha throve anywhere merely on royal patronage or declined just because such patronage was withdrawn. Most of the Buddhist monasteries had not only humble origins but were also built in stages. They were mostly built by wealthy lay supporters. The fact that Jainism survived under similar conditions and at a time when Buddhism was declining, withdrawal of royal patronage could have resulted in the decline of Buddhism.
အိန္ဒိယတွင် နိုင်ငံတော် ဘာသာတစ်ခု၏ အယူအဆ မရှိခြင်းသည် အုပ်ချုပ်သူများမှ အားပေးမှုကို နည်းပါးခြင်း အကျိုးဆက် တစ်ခုအဖြစ် မည်သည့် ဘာသာပင် ဖြစ်ဖြစ် ထင်ရှားသည့် ထိခိုက်မှုမျိုးကို မဆို သတ်မှတ်ဖို့ ခက်ခဲလိမ့်မည်။ ရှေးခေတ် အိန္ဒိယ သမိုင်းကြောင်း ကာလတွင် သံဃာ့ အဖွဲ့အစည်းသည် ဘုရင်များ၏ အကူအညီဖြင့် ရှင်သန်ခဲ့သည် သို့မဟုတ် ဘုရင်များ အားပေးမှု မရှိခြင်းကြောင့်လည်း ကျဆုံးနိုင်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အများစုသည် မူလကိုက ထောင်လွှားမှုမရှိသည် သာမက ဆင့်ကဲဆင့်ကဲ တာဝန်လည်း ယူကြသည်။ သူတို့ကို ကြွယ်ဝ ချမ်းသာသော ဒကာ၊ ဒကာမများက လှူဒါန်းထောက်ပံ့ကြသည်။ တူညီသော အခြေအနေနှင့် ဗုဒ္ဓဘာသာ ကျဆုံးနေသော အချိန် တစ်ချိန်တည်းတွင် ဂျိန်း ဘာသာလည်း ရှင်သန်ခဲ့သည်။ ဘုရင်၏ အားပေး ထောက်ခံမှုများ မရှိတော့ခြင်းသည် ဗုဒ္ဓဘာသာကို ကျဆုံးစေသော ရလဒ်ကို ဖြစ်စေနိုင်ခဲ့တော့သည်။ (ဆက်ရန် ---)
အရှင်ဉာဏဒီပ (ဓမ္မရတနာ)

Decline Of Indian Buddhism (အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း) by Ashin Nyanadipa (အရှင်ဉာဏဒီပ (ဓမ္မရတနာ))